DoS

  • မင်းက ငါ့ထက် ငယ်မယ်ထင်လို့ ညီလို့ခေါ်လိုက်တာပါ။ မင်းအဖွဲ့သားတွေကတော့ ငါ့ထက်ကြီးရင် ကြီးမယ်။ ရွယ်တူဖြစ်ရင် ဖြစ်ကောင်းဖြစ်မှာပေါ့။ မင်းတို့အဖွဲ့လည်း ဒီနေ့ တော်တော်ပင်ပန်းသွားရှာမှာပါ။ မင်းတို့စက်တွေကော အဆင်ပြေရဲ့လား။ တော်တော်လေးလည်း run လိုက်ရသေးလား။ အစ်ကိုထင်သလောက် မင်းတို့ စက်တွေဘာမှဖြစ်လောက်မှာ မဟုတ်ပါဘူး။ မင်းတို့တွေ server တစ်ခုခုကို host လုပ်ပြီး လုပ်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။ အစ်ကိုလည်း log တွေဖတ်ပြီးပြီ။ ဘယ် IP တွေ ဘယ်လိုလုပ်လဲဆိုတာလည်း ကြည့်ပြီးပြီ။ အစ်ကိုတော့ ဒေါသမထွက်တော့ပါဘူးကွာ။ ဒေါသထွက်လည်း ထူးလာမှာမှ မဟုတ်တာ။ အရင်ကတော့ မင်းတို့အပေါ် တော်တော်လေး ဒေါသထွက်မိတယ်။ ဒါလေးလုပ်တာကို မင်းတို့ ဂုဏ်ယူနေရသလားဆိုပြီးတော့။ နောက်တော့လည်း မင်းတို့ ငယ်သေးတာကြောင့်လည်းဖြစ်နိုင်တယ်။ မင်းတို့မှာ ပညာမရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မိဘတွေနဲ့…