အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

ဗိုလ်ချုပ်အောင် ဆန်း(အတိတ်နှင့် ပစ္စုပ္ပန်)

မသိ၍ဆို၊
မလို၍ပြော။

သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ဉာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။ ။

မသိ၍ထင်၊
မမြင်၍ပြော။

သူ့ဝိညာဉ် မသေပျောက်ပါဘူး၊
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။

မင်းသုဝဏ်

3 responses to “အောင်ဆန်းဇာနည်”

  1. ကြိုက်တယ် ဗျာ

  2. ထာဝစဉ်လေးစားလျှက်ပါ..ယနေ့ကျရောက်သော ဗိုလ်ချုပ်၏ ၉၅ နှစ်မြောက် မွေးနေ့
    မင်္ဂလာတွင် ကျက်သရေမင်္ဂလာအပေါင်း ခညောင်း ပါစေကြောင်း ဆုမွန်ကောင်း တောင်း
    အပ်ပါသည်။

  3. ကောင်းတယ်ဗျာ.. ကဗျာလေးတွေကို တင်ထားပေးလို့ ကျေးဇူးတင်ပါတယ်… ဗိုလ်ချုပ်ကို လေးစားလျှက်ပါ…

Leave a Reply to SailonCancel reply

This site uses Akismet to reduce spam. Learn how your comment data is processed.