UML Basic စာအုပ်ကို https://umlbasic.saturngod.net/ မှာ တင်ထားပေးပါတယ်။ အဓိက အသုံးများသည့်

  • Use Case Diagram
  • Sequence Diagram
  • Class Diagram

သုံးခု ကိုပဲ ရှင်းပြထားပါတယ်။

Class Diagram ကို နားလည်ထားတယ် ဆိုရင်တော့ Design Pattern ကို စပြီး လေ့လာလို့ရပါပြီ။ https://designpatterns.saturngod.net/ မှာ design pattern စာအုပ်ကို တင်ထားပေးတယ်။

ဒီနှစ်မှာတော့ စာအုပ် ၂ အုပ် ရေးဖြစ်တယ်။ အခု အဲဒီ ၂ အုပ်ကို ပေါင်းပြီး Design Pattern စာအုပ် တစ်အုပ်တည်း ပြန်စုစည်းဖို့ လုပ်နေတယ်။

ဒီနှစ်မှာတော့ ဘဝက အနည်မထိုင်သေးပဲ နှစ်စ ကတည်းက လှုပ်ရှားနေရတော့ နောက်နှစ်မှာတော့ ဘဝက သေသေချာချာ တည်ဆောက်နိုင်မယ် လို့ မျှော်လင့် ရတာပဲ။

ဘဝ မှာ အရေးကြီးဆုံးက ပျော်ရွှင်စရာ အချိန်တွေကို မိသားစု နဲ့ ကုန်ဆုံး ဖို့ က အရေးကြီးတယ် ဆိုတာကို အသက်ကြီးလာတော့ သဘောပေါက်လာတယ်။ အသက်လေး ရလာတော့ အမြင်တွေ ပြောင်းလဲလာတယ်။ ကိစ္စတော်တော်များများမှာ ကံ တရား ရဲ့ အရေးပါမှုက အရေးကြီးတယ် ဆိုတာကို လက်ခံလိုက်တယ်။ ကံတရား ဆိုတာက ဆင့်ကာ ဆင့်ကာ အကြောင်းတရားတွေ စုစည်းပြီး အကျိုးတရား တစ်ခု လေး ဖြစ်သွားတာ။ တစ်ခါတစ်လေ အရမ်းကြိုးစားပေမယ့် ဖြစ်ချင်တာတွေ မဖြစ်နိုင်တာတွေ ရှိတယ် ဆိုတာကိုလည်း လက်ခံ ဖြစ်သည့် နှစ်ပါ။

၂၀၂၄ မှာ လုပ်ချင်တာတွေ လုပ်နိုင်တုန်း ကြိုးစားပြီး ဆက် လုပ်ရအုံးမှာပဲ။ ကိုယ့်အတွက်ကတော့ အမြဲ ကြိုးစားနေဖို့ပဲ တတ်နိုင်ပြီး ဖြစ်လာတာ မဖြစ်လာတာတွေကတော့ ကံ နဲ့ ပဲ ဆိုင်တော့တယ်။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading