Back to blog

အစက medium မှာ ရေးနေတာက blog အဟောင်းတွေ ပြန်ဖတ်ကြည့်ရင်း လက်ရှိ blog က ကိုယ့်ဘဝ ရဲ့ သမိုင်းကြောင်း ကိုယ့်ဘဝ အကြောင်း တွေ ရေးထားသည့် နေရာတစ်ခုပဲ။ ငယ်စဥ်က ကျောင်းတက်ကာစ ဘဝ တွေကို ဒီ blog မှာ ပဲ ပြန်ရှာတွေ့ခဲ့တယ်။ အသက်ကြီးလာလေလေ အနာဂတ်ထက် အတိတ်က ပုံရိပ်တွေကို ပြန်ကြည့်တတ်တာ လူ့ဘဝ နဲ့ တူပါတယ်။ ငယ်စဥ်မှာ အနာဂတ် ကြီး ကို ပြောင်းလဲချင်တယ်။ အသက်တွေကြီး လာတော့ ငယ်စဥ်က လုပ်ခဲ့တာတွေ ကြည့်ပြီး ပြုံးမိနေတယ်။

ဘဝ ကြီး တစ်ခုလုံးက Linear မဟုတ်ဘူး ဆိုတာ အချိန်တစ်ခုမှာ နားလည်လာတယ်။ ကြိုးစားတိုင်းလည်း ဖြစ်တာ မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားဘူး ဆိုရင်တော့ မဖြစ်တာ သေချာတယ်။ ငယ်ငယ်က ရေးထားသည့် quote လေးတွေ ဖတ်ကြည့်ပြီး ဘဝ အတွက် ခွန်အား အချို့ကို ပြန်ရ ခဲ့တယ်။ တစ်ခါတစ်လေ ငယ်ဘဝ ရဲ့ ရင့်ကျက်မှု မရှိသည့် နုပျိုမှုတွေ တာဝန်တွေ ယူစရာ မရှိသည့် ဘဝ တွေက ကိုယ့်အနာဂတ် က ကိုယ့်လက်ထဲမှာ ရှိတယ် ဆိုသည့် ခံစားချက် က တကယ် မိုက်တယ် ဆိုတာ ပြန်ခံစားမိရတယ်။

ဘဝ မှာ တာဝန်ယူ စရာ တွေ ရှိလာသည့် အခါမှာ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်လုပ်ဆောင်ချက်တွေက မိသားစု နဲ့ သက်ဆိုင် မှုတွေ ရှိလာသည့် အခါမှာ ဘာလုပ်လုပ် အများကြီး စဥ်းစားရတယ်။ တာဝန်ယူမှုတွေ က ဘဝ ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည့် အခါမှာ ငယ်ငယ်ကလို လုပ်ချင်တာတွေ လုပ် ဖြစ်လာရင် ကိုယ်တစ်ယောက်တည်း ခံ မဟုတ်တော့ဘူး။

ငယ်ငယ်ကတည်းက ရေးခဲ့သည့် blog က အကျင့်ကောင်းလေးပဲ။ ပုံမှန် ပြန်ပြီး ရေးနိုင်အောင် လုပ်ရမယ်။ ဒီ blog က data တွေက ကိုယ့်ဆီ မှာပဲ ရှိနေတာ။ Medium တို့ facebook တို့က data တွေက ကိုယ့် မှာ ရှိနေတာ မဟုတ်တော့ ပိုင်ဆိုင်မှုက ကိုယ့်ဟာလို့ မခံစားရဘူး။

ဘာပဲဖြစ်ဖြစ် blog ကို ဆက်ပြီး ပြန်ရေးတော့မယ်။ နည်းပညာ အကြောင်းတွေကော ဘဝ အကြောင်းတွေကောပေါ့။ အဓိက နောက်တစ်ချိန်မှာ ကိုယ့်ဘာသာကိုယ် ပြန်ဖတ်မိဖို့ပဲ။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading