ပြီးခဲ့တဲ့ weekend က သူငယ်ချင်းအချို့နဲ့ စကားပြောမိတော့ တော်တော်များများလည်း ကိုယ်တွေ ကြုံနေရသလို ပြဿနာတွေ ကြုံနေရတာပဲ။

AI ခေတ်မှာ team ကို ဘယ်လို project management လုပ်မလဲဆိုတဲ့ နည်းလမ်းက အခုထိ တိတိကျကျ မထွက်လာသေးဘူးလို့ ခံစားရတယ်။ အကုန်လုံးက စမ်းသပ်နေကြဆဲပဲ။

ပြဿနာက ဘာလဲဆိုတော့ Product Manager role က အရင်ကထက် ပိုပြီး strong ဖြစ်လာတာပဲ။

အရင်က Product Manager က product scope ခွဲမယ်။ Plan လုပ်မယ်။ Task list ခွဲမယ်။ ပြီးရင် developer တွေကို assign ချမယ်။ Developer က code ရေးမယ်။ Team Lead က PR review လုပ်မယ်။ အဲဒီလို flow နဲ့ သွားကြတာများတယ်။

အခုတော့ အဲဒီ flow က နည်းနည်း ပြောင်းလာတယ်။

Technical background ရှိတဲ့ PM တွေ၊ ဒါမှမဟုတ် code ကို နားလည်တဲ့ PM တွေအတွက် AI tool တွေက အတော်အသုံးဝင်လာတယ်။ Planning, task breakdown, phase ခွဲတာတွေက AI အကူအညီနဲ့ အရင်ကထက် အများကြီး မြန်လာတယ်။ မြန်လာတော့ PM မှာ အချိန်ပိုထွက်လာတယ်။ အချိန်ပိုထွက်လာတော့ တချို့ task တွေကို PM ကိုယ်တိုင် AI နဲ့ စပြီး ရှင်းလာနိုင်တယ်။

PM အနေနဲ့ coding အပိုင်းကို နားလည်ထားပြီးသားဆိုရင် Claude Code လို tool တွေနဲ့ feature သေးသေးလေးတွေ၊ prototype တွေ၊ bug fix သေးသေးလေးတွေကို စမ်းရေးဖို့ အရင်ကလောက် မခက်တော့ဘူး။ အဲဒီအခါ တချို့ team တွေမှာ Developer တွေအတွက် အရင်လို assign ချမယ့် task အရေအတွက် နည်းလာနိုင်တယ်။

အချို့ team တွေမှာ Developer တွေက PM တင်ထားတဲ့ PR တွေကို audit ပြန်လုပ်ပေးရတာ၊ code review လုပ်ပေးရတာ၊ security / architecture / maintainability စစ်ပေးရတာမျိုး ပိုများလာတယ်။ တနည်းပြောရင် Developer role က “code ရေးသူ” သက်သက်ကနေ “AI output ကို စစ်ဆေးပြီး system တစ်ခုလုံးကို တာဝန်ယူပေးသူ” ပုံစံကို ပြောင်းလာတာပဲ။

Company ဘက်က ကြည့်ရင် PM ရဲ့ value က အရင်ကထက် ပိုတက်လာတယ်လို့ မြင်နိုင်တယ်။ Idea ကနေ prototype ထိ ကိုယ်တိုင်ဆွဲသွားနိုင်တယ်။ Prototype, UI flow တွေ ပြဖို့ Designer / Developer ကို စောင့်နေဖို့ မလိုတော့ဘူး။ Demo အဆင့် prototype, UI flow လောက်ကို လွယ်လင့်တကူ လုပ်လို့ရတဲ့ ခေတ်ဖြစ်လာပြီ။

Developer ဘက်မှာတော့ value ပြဖို့ ပုံစံပြောင်းလာတယ်။ Code ရေးနိုင်တာတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။

Product တစ်ခု ပြီးသွားတဲ့အခါ အရင်က feature အသစ်ထည့်တာ၊ bug fix လုပ်တာ၊ refactor လုပ်တာ၊ performance improve လုပ်တာတွေမှာ core developer team က အရမ်းအရေးကြီးတယ်။ သူတို့က codebase ကို အသိဆုံးပဲ။ ဘယ်နေရာမှာ ဘာပြင်ရမလဲ၊ ဘာပြင်ရင် ဘာ impact ရှိမလဲ ဆိုတာ သိတယ်။

အခုခေတ်မှာ AI က codebase ကို analyze လုပ်ပေးနိုင်တယ်။ Document ပြန်ထုတ်ပေးနိုင်တယ်။ Mapping ပြန်ဆွဲပေးနိုင်တယ်။ ဒါကြောင့် core developer team မလိုတော့ဘူးလို့ မဆိုလိုဘူး။ ဒါပေမယ့် သူတို့ရဲ့ value က “ငါပဲ codebase သိတယ်” ဆိုတဲ့ value ကနေ “ငါက system ကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီး တာဝန်ယူနိုင်တယ်” ဆိုတဲ့ value ကို ပြောင်းသွားတယ်။

ဒီနေရာမှာ Developer တွေအတွက် အရေးကြီးလာတာက PM role ကို တစ်စိတ်တစ်ပိုင်း တက်ယူနိုင်ဖို့ပဲ။

Title က Developer ပဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် feature အသစ်တွေကို research လုပ်မယ်။ Product မှာ ဘာလိုနေလဲ စဉ်းစားမယ်။ User flow ဘာကြောင့် မကောင်းတာလဲ ကြည့်မယ်။ Performance ဘယ်နေရာမှာ နှေးနေလဲ ရှာမယ်။ Bug တွေကို proactive လိုက်ရှာမယ်။ ပြီးရင် PM ကို proposal ပြန်တင်မယ်။

“ဒီအပိုင်းလေးကို ထည့်ချင်တယ်။ ထည့်ရင် user အတွက် ဒီလိုပိုကောင်းမယ်။”

“ဒီ UI flow က confuse ဖြစ်နိုင်တယ်။ ဒီလိုပြင်ရင် ပိုရှင်းမယ်။”

“ဒီ code အပိုင်းက technical debt ဖြစ်နေတယ်။ မပြင်ရင် နောက်ပိုင်း feature ထည့်ရခက်မယ်။”

အဲဒီလို proposal တင်နိုင်မှ ကိုယ့်အတွက် task အသစ်လည်း ရှိလာမယ်။ Value လည်း ပြနိုင်လာမယ်။

တနည်းပြောရင် Product တစ်ခုလုံးကို ကိုယ်ပိုင် product လို သဘောထားပြီး ကြည့်နိုင်တဲ့ Developer တွေက ပိုပြီး အရေးကြီးလာမယ်ထင်တယ်။ Assign ချတာကို စောင့်နေတဲ့ Developer ထက် problem ကို ကိုယ်တိုင်ရှာပြီး solution proposal လုပ်နိုင်တဲ့ Developer က ပိုပြီး value ရှိလာမယ်။

အရင်က team တစ်ခုမှာ Superman လို jack of all trades တစ်ယောက်ရှိမယ်။ ကျန်တဲ့သူတွေက specialize ဖြစ်မယ်။ အခုတော့ AI ကြောင့် လူတိုင်းက အနည်းဆုံး တစ်စိတ်တစ်ပိုင်း jack of all trades ဖြစ်လာရတော့မယ့် ပုံစံပဲ။

Developer က code ရေးတတ်ရုံနဲ့ မပြီးတော့ဘူး။ Product sense လိုလာတယ်။ UX စဉ်းစားတတ်ရမယ်။ Business impact နားလည်ရမယ်။ Performance, security, maintainability ကိုလည်း တာဝန်ယူနိုင်ရမယ်။ AI output ကိုလည်း မျက်စိမှိတ်မယုံဘဲ စစ်နိုင်ရမယ်။

AI ကြောင့် Developer ကို မလိုတော့တာ မဟုတ်ဘူး။ ဒါပေမယ့် Developer ရဲ့ working scope ကတော့ ပြောင်းနေပြီလို့ ထင်တယ်။

အခုနောက်ပိုင်း Software Engineering မှာ ပုံမှန် team management ပုံစံကနေ AI နဲ့ team တစ်ခု ဘယ်လိုလည်ပတ်ရမလဲဆိုတဲ့ သဘောတရားအသစ်တွေ ထွက်လာဖို့ လိုနေပြီ။ ထွက်လည်း ထွက်လာမယ်ထင်တယ်။

ဒါပေမယ့် Agile လိုမျိုး လူတိုင်းနီးပါး လက်ခံထားတဲ့ framework တစ်ခုတော့ အခုထိ မပေါ်သေးဘူး။ အခုအချိန်ကတော့ team တိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ စမ်းသပ်နေကြတဲ့ transition period လို့ပဲ မြင်တယ်။