android v0.1

ဒီနေ့ Androido ကို စမ်းကြည့်တယ်။ အဖြေက ရှင်းပါတယ်။ မကြိုက်ဘူး။ ဘာလို့လည်းဆိုတော့ mouse သုံးမရလို့ပါ။ သူက touch ကို ရည်ရွယ်တဲ့ ပုံပေါ်တယ်။ နောက်ပြီးတော့ ဖုန်း OS တစ်ခုဖြစ်ပြီး လက်ရှိ အခြေအနေနဲ့ အဆင်မပြေဘူး။ Netbook မှာ သုံးဖို့လည်း မသင့်တော်သေးဘူးထင်တယ်။ touch နဲ့ ဆိုမှ အဆင်ပြေလိမ့်မယ်။ web ကို အားကိုးတဲ့ OS ဖြစ်တဲ့အတွက်ကြောင့် developer တွေအတွက် လုံးဝကို အဆင်ပြေမှာမဟုတ်ဘူး။ အများအားဖြင့် local စမ်းပြီးမှပဲ web ပေါ်တင်ကြတယ်ဆိုတော့ IDE တွေကလည်း web ပေါ်မှာ အခုထက်ထိ မရှိသေးဘူးလေ။ web ပေါ်မှာ လုပ်လို့မရသေးတာ အများကြီးပါ။ ဖုန်း OS အနေနဲ့ပဲ သင့်တော်တယ် OS တစ်ခုပါ။ ဖုန်း OS အနေနဲ့ အဓိက ထုတ်လိုက်တာကြောင့် mouse သုံးလို့မရတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

Android Developer ((http://developer.android.com/guide/basics/what-is-android.html)) မှာ ပြောထားတာကတော့

Android is a software stack for mobile devices that includes an operating system, middleware and key applications.

သူ့မှာ သုံးထားတဲ့ application တော်တော်များများကတော့ java နဲ့ရေးထားတာလို့ ထင်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့

အဲဒီအကြောင်းကို ((http://developer.android.com/guide/basics/what-is-android.html)) ဒီလိုပြောထားပြန်တယ်။

Android includes a set of core libraries that provides most of the functionality available in the core libraries of the Java programming language.

သူက Linux Kernel ကို အသုံးပြုပြီးတော့ Display Driver, Camera Driver,Flash Memory Driver,Keyboard Driver,Wifi Driver,Audio Driver,Power Management and Binder (IPC) Driver တို့ကို ခေါ်တင်ပြီး အလုပ်လုပ်ထားပါတယ်။ ((http://developer.android.com/images/system-architecture.jpg))

Boot တက်တာတော့ တော်တော်မှန်တယ်။ ဒါပေမယ့် Touch မဟုတ်တဲ့အတွက် သူနဲ့ boot တက်ပြီး internet သုံးရတာ အဆင်မပြေလှဘူး။ Netbook တွေဟာ touch screen တာဖြစ်သွားခဲ့မယ်ဆိုရင်တော့ Android ဟာလည်း အသုံးဝင်လာကောင်း ဝင်လာမှာပါ။ အခုတော့ v0.1 ဆိုတဲ့အတွက် ဘာမှ သုံးလို့မရသေးပါဘူး။ သူပြောတဲ့ ၂၀၁၀ ကိုစောင့်ကြည့်ကြတာပေါ့ဗျာ။

1 Comment

  1. Talkii says:

    ကျွန်တော်စမ်းကြည့်တာတော့ အဆင်ပြေတယ်ဗျ။ mouse pointer လည်းပါတယ်။ အင်တာနက်လည်း သုံးလို့ရတယ်။ Chrome လိုပဲ address bar မှာတင် search လုပ်ပေးတယ်။ မကောင်းတာကတော့ mobile phone အတွက်ကို computer မှာ လာသုံးတာကိုး။ Chrome OS ကိုပဲ စောင့်ရမှာပေါ့။ :)

    http://i217.photobucket.com/albums/cc318/talkii/android.jpg

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.