Art of Love (base on Art Of War) — 1

၁။ စစ်ရေးပမာဏဆိုင်ရာ တွက်ချင်ခြင်း။

စစ်ရေးကို အောက်ပါ အခြေခံအချက်ကြီး ၅ ရပ်ပေါ်တွင် တည်ဆောက်ရသည်။ စိတ်ဓာတ်ရေးရာ ၊ကာလ (သဘာဝ) အခြေအနေ ၊ ဒေသ သို့မဟုတ် မြေပြင်အနေအထား ၊ လူပုဂ္ဂိုလ် (စစ်သူကြီးများ) ၊စစ်တပ်ဖွဲ့စည်းပုံ စစ်တပ်စည်းကမ်းရေးရာ ဥပဒေတို့ဖြစ်သည်။

အချစ်ကို ရရှိရန်မှာလည်း ထိုအချက် ၅ ရပ်ပေါ်မူတည်သည်။

စိတ်ဓာတ်ရေးရာ ။ ။ အမှန်အကန် ချစ်မြတ်နိုးပြီး သူ့အချစ်ကို ရရှိဖို့အတွက် စိုးရိမ်ကြောက်ရွှံ့မှုမရှိ။

ကာလ (သဘာဝ) ။ ။ ကိုယ်လိုက်လို့ ရနိုင်မည့် ကာလလား။ သူ့ဘက်ကကော ရည်းစားထားဖို့ စိတ်ဝင်စားသည့် ကာလလား။ နောက်ပြီး သူနဲ့ အတူရှိချိန်တွင် သဘာဝ အခြေအနေကို သိထားရမည်။ နေပူလျှင် ထီးဆောင်းပေးခြင်း ၊မိုး ရွာလျှင် ထီးဆောင်းပေးခြင်း စသည့် သဘာဝ အကူအညီလိုအပ်သည်။

ဒေသ ။ ။ သူနဲ့ အတူရှိချိန်များနိုင်သည့် ဒေသကို ရွေးရန်လိုသည်။ ဥပမာ ၊ကျောင်းတူခြင်း သို့မဟုတ် ရုံးတူခြင်း သို့မဟုတ် အိမ်ပြန်လမ်းတူခြင်း စသည့် ဒေသလည်း မူတည်သည်။ ထို့အပြင် သူ့ဆီကိုသွားလျှင် ဘယ်လောက်ကြာနိုင်သည်။ ကိုယ့်ရုံးကနေ သွားကြိုလျှင် ဘယ်လောက်ကြာနိုင်သည်။ ကျူရှင်ကို သွားကြိုလျှင် ဘယ်လောက်ကြာနိုင်သည်။ အပြန်ခရီး ဘယ်လောက်ကြာမည်။ စသည်တို့ကို တွက်ချက်ထားရန်လိုသည်။ တနည်းဆိုသော် စစ်မျက်နှာမြေပြင် အနေအထားတွက်ချက်တတ်ဖို့လိုသကဲ့သို့ သူ့အနီးအနား ပတ်ဝန်းကျင် ကိုယ်သွားရမည့် ပတ်ဝန်းကျင်ကို တွက်ချက်တတ်ဖို့လိုသည်။

လူပုဂ္ဂိုလ် ။ ။ မိမိအား အကူအညီပေးမည့် လူများကို ပိုင်နိုင်အောင် စည်းလုံး သိမ်းသွင်းထားရမည်။ သူ့သူငယ်ချင်းများက မိမိအားကူညီပေးနိုင်အောင် ဖန်တီးထားရမည်။ မိမိအားကူညီပေးသူသည် ဉာဏ်ပညာကြီးရမည်။ မိမိအား အနိုင်ရအောင် ဘယ်လို ကူညီပေးရမည်ကို နားလည်တတ်ကျွမ်းရမည်။

စည်းကမ်း ဥပဒေ ။ ။ မိမိ စည်းကမ်းကို မိမိကိုယ်တိုင်လိုက်နာရမည်။ စိတ်ဆန္ဒ စောခြင်း စိတ်ရှိတိုင်း လုပ်ပလိုက်ခြင်းတို့ကိုရှောင်ကြည်ပြီး ကိုယ်ချမှတ်ထားသော စည်းကမ်းကို လိုက်နာရမည်။ (ဒီကိစ္စမှာ ကိုယ်က စစ်သေနာပတိ ၊ ကိုယ်ကပဲ တပ်သား)

အထက်ပါအချက်ကြီး ငါးရပ်အားတတ်မြောက်ထားပြီး နားလည် တတ်ကျွမ်းလျှင် အောင်မြင်လိမ့်မည်။ နားမလည်သူတို့သည် ရှုံးနိမ့်ခြင်းနဲ့ ကြုံရလိမ့်မည်။ မိမိသိထားသော အခွင့်အရေးသာနိုင်မည့် အချက်အလက်များကို အထောက်အကူပြုမည့် မဟာဗျူဟာအဖြစ်သို့ ပြောင်းလဲကာ ရယူကျင့်သုံးနိုင်ရမည်။ဗျူဟာ တစ်ခုလုံးကို ဟန်ချက်ညီညီနဲ့ မိမိရည်ရွယ်ချက် ပန်းတိုင် အောင်မြင်လာအောင် ဆောင်ရွက်ရမည်။

စစ်ရေးဟူသည် လှည့်စားခြင်းသဘောကို အခြေခံသည်။ ထို့အတူ အချစ်ရေးသည်လည်း လှည့်စားခြင်းသဘောကိုမဆောင်သော်လည်း ဗျူဟာကို သုံးသင့်လျှင် သုံးရမည်။ ထို့ကြောင့် အဆင်ပြေနိုင်ခြေရှိသော်လည်း အဆင်မပြေနိုင်၏ ထင်ကာ စိတ်ဓာတ်ကျနေပုံဖြစ်နေရမည်။ မိမိ အပေါင်းအသင်းများ ကူညီမှုသည် သွက်လျက် ချက်ချာ အပိုင်အနိုင်အကွက်သော်လည်း မလှုပ်မယှက် ဘာမှမသိ ဘာမှမပြောသည့် သဘောကို ဆောင်နေရမည်။ ရည်မှန်းချက်နှင့် နီးနေလျှင် သူ့အား ဝေးနေသည်ဟု ထင်နေရမည်။ ဝေးနေသော်လည်း ချက်ခြင်းရောက်တော့မည်ဟု ယုံကြည်အောင် ဖန်တီးထားရမည်။ သူ့ဘက်က မိမိအား သဘောမတူသူများရှိနေပါက အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လုပ်ပြီး မိမိဘက်ပါလာအောင် သိမ်းသွင်းရမည်။ ထိုသူများ စုစုစည်းစည်းဖြစ်နေလျှင် မိမိဘက်က အသင့်ပြင်ထားရမည်။ သူ့ဘက်က ကိုယ့်အားဒေါသ ထွက်နေလျှင် ပြိုင်ရန်မဖြစ်ပဲရှောင်ထွက်သွား၇မည်။ အရှုံးပေးခြင်းမဟုတ်။ မိမိအား သဘောမတူသည့်သူများ ဒေါသထွက်နေလျှင် ပိုပြီး စိတ်ရှုပ်အောင် ဖန်တီးပေး၇မည်။ ကိုယ့်အား သဘောမကျသူတို့ ဘဝင်မြင့် မောက်မာနေလျှင် ပိုပြီးဘဝမြင့် မောက်မာလာအောင် မြှောက်ပင့်ပေးရမည်။ကိုယ့်အား သဘောမကျသူတို့ သဘောမတူ သူတွေ စိတ်ရှုပ်နေလျှင် ပိုစိတ်ရှုပ်အောင် လုပ်ရမည်။ ထို့မှသာ သူ့ကိစ္စနှင့် သူရှုပ်ကာ ကိုယ့်ကိစ္စ ဝင်မရှုပ်နိုင်မှာဖြစ်သည်။  သူ မမျှော်လင့်ထားသော အချိန် နေရာ တို့တွင် သူ့အား ချစ်ခွင့်ပန်ရမည်။ ကိုယ်ဘယ်အချိန် ရည်းစားစကားပြောမည်။ ဘယ်လိုပြောမည် တို့ကို ဘယ်သူမှ မသိအောင် လျို့ဝှက်ထားရန်လိုအပ်သည်။

အချစ်အားရယူရန် မကြိုးစားခင်ကတည်းက ရမည်ဟု ယုံကြည်ထားရမည် ။ အစောကြီးကတည်း စိတ်ဓာတ်ကျလျှင် ရှေ့ဆက်ဆောင်ရွက်နိုင်မည်မဟုတ်။ အခွင့်အလမ်းများစွာ ဆုံးရှုံးသွားကာ နောင်တတရားရင်ဝယ်ပိုက်နေရလိမ့်မည်။ ထို့ကြောင့် ယုံကြည်ချက် အပြည့်ထားပါ။ ပထမအချက်ပြီး၏။ သဘောကျပြီး ဆက်လက်သိလိုလျှင် ဆက်လက်ရေးပေးပါမည်။ comment များ ပေးကြကုန်သော်….

8 responses to “Art of Love (base on Art Of War) — 1”

  1. LOL.. အဲဒီအချက်တွေ ကျင့်သုံးလိုက်နာခဲ့တယ်ထင်တယ် ^_^
    Btw, Nice post.. :D

  2. ကောင်းပါလေစွ၊ ကောင်းလေစွ
    နောက်ထပ်ရေးမယ့် သေနင်္ဂဗျူဟာတွေကိုလဲ စောင့်မျှော်လျက်ပါ ….

    1. ဒါက အစပဲ ရှိသေးတယ်။ ဒုတိယအချက်က စစ်ဆင်နွှဲခြင်း။ မနက်ဖြန်ည ရေးမယ်။ ဟိဟိ။

  3. :D
    ha hah…good to know.
    carry on
    waiting to read more technique …:D

  4. ရေလည်မိုက်တယ်ဗျာ လာလည်တာနဲ့တန်းတွေ့တာပဲ ထူးတော့ထူးဆန်းတယ်ဗျ ကျွန်တော်
    ကိုစေတန် အချစ်အကြောင်းရေးတာ တခါမှမတွေ့ဖူးဘူး :D

    1. Art of war ဖတ်ပြီး စိတ်ကူးပေါက်ရာ ချရေးလိုက်တာပါဗျာ..

  5. ဒီနေ့ လာလည်တာ ဒါလေးတွေ ဖတ်လိုက်ရတော့ အရမ်းအံ့သြသွားတယ်။ ကိုကြီးစေတန် ဒီလိုမျိုးရေးတတ်မယ်ကို ထင်မထားတာ။။ ဟီး။။ “အတိတ်သို့ တမ်းတခြင်း” ဆိုတာလေးတော့ အရမ်းကြိုက်တယ်။။ အနော်လည်းဒီလိုဘဲ အခုcomputer ဆိုင်ရာမှာတော့ ဘာမှ မဟုတ်သေးဘူး။။ လေ့လာခဲ့တဲ့ field တွေက မတူလို့။။ ငယ်ငယ်တုန်းက တော့ ကိုယ်စိတ်ဝင်စားရာမှာ အာရုံစိုက်နေခဲ့ပြီး အခုတော့ တစ်ခါတစ်လေ ငယ်ငယ်တုန်းကအချိန်တွေကို ပြန်တမ်းတမိသလိုဘဲ။။။ ဒါပေမယ့် နောင်တမရပါဘူး။ ကိုယ်ကုန်ဆုံးခဲ့တဲ့ အချိန်တွေအတွက် ကျေနပ်ပါတယ်။။။ :) :) :)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.