Chrome ကိုမကြိုက် firefox ကိုသာခိုက်

ရေးတောင်မရေးရသေးဘူး။ ခေါင်းစဉ်ယူထားတာတောင် comment တွေက တက်လာပြီ။ google chrome ကိုတော်တော်များများ စမ်းပြီးပြီ ထင်ပါ့။ ကဲ… အခုမှ ကျွန်တော် ဘာလို့ မကြိုက်ရတာလဲဆိုတာလေးကို ရေးပါတော့မယ်။ ရေးတာ ရေးရမှာ သူများတွေ comment မှာလာထည့်သွားပြီ။ ဒန်….တန်…တန်…… လိုက်ကာဖွင့်စေ… ( ကိုပီဇီ ဇာတ်ဆရာ အထာတွေ :P )

Beta ဖြစ်နေခြင်း

Google ကတော့ အမြဲ beta version ထုတ်ပါတယ်။ Gtalk လည်း beta ထုတ်ပြီး ဆက်မထုတ်တော့ဘူး။ ကျွန်တော်တို့မှာ Gtalk ကို မဖြစ်လို့သာ သုံးနေကျတာ။ သူ web ပေါ်မှ ရတဲ့ Feature လေးတွေပိုကြိုက်တာအမှန်ပဲ။ Group Chat တွေ နောက်ပြီး icon set လေးတွေအပါပေါ့။ Google က Beta ဆိုပေမယ့် တော်တော်ကောင်းကောင်းလေးလုပ်ထားပါတယ်။ ဆက်ပြီးတော့ full version ဘယ်တော့ထွက်မလဲစောင့်ကြည့်ရမယ်။ Safari beta က မြန်မာဆို ရိုက်လို့ရတယ်။ Full ရောက်တော့ လက်မခံတော့ဘူး။ အဲလိုမဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ။

မြန်မာစာရိုက်ရတာ အဆင်မပြေခြင်း

အဲဒီအချက်ကတော့ blogger တွေအတွက် တော်တော်ဆိုးတာပဲ။ သူကတော့ Unicode 5.1 ကို support လုပ်ထားတယ်။ ကေ ကို ဖျက်ကြည့်လိုက် ေ နဲ့ က နှစ်ခုလုံး ပျက်သွားတယ်။ တနည်းပြောရင် rendering နဲ့ ဖျက်ပေးတာပေါ့။ ကျွန်တော်က လက်ရှိ blog ကို ဇော်ဂျီသုံးနေတော့ အဆင်မပြေဘူးပေါ့။ စာလုံးတွေကို backspace နဲ့ ဖျက်လိုက်ရင် တစ်ခါတစ်ခါ အများကြီး ပျက်ပျက်သွားတယ်။ Unicode 5.1 လို့အော်နေတဲ့သူတွေကတော့ ဘာဆက်ပြောမလဲမသိဘူး။ ကျွန်တော် သုံးစွဲသူ blogger တစ်ယောက်အနေနဲ့ အဆင်မပြေတာအမှန်ပဲ။

မတရားတာလား ပညာလား

ကျွန်တော် တော်တော်ကို မကျေနပ်တာ။ XP မှာ အပြာရောင်လေးနဲ့ တော်တော်လှတယ်။ Vista မှာတော့ အဲလိုဟုတ်ဘူး။ ကျွန်တော်က အဲလို အပြာလေးဖြစ်ချင်တာ။ Vista ကနေ XP ပြန်ပြောင်းရမလိုပဲ။ အဲ firefox ကတော့ Vista အတွက် Theme လေးက ပိုလန်းတယ်လို့ ထင်တယ်။

မျက်စိနောက်ခြင်း

tab အသစ်လေးတွေ ဖွင့်လိုက်တဲ့အခါမှာ ရွေ့ရွေ့သွားတာလေးတွေက သဘောခွေ့စရာလေးပါ။ ဒါပေမယ့် Tab တွေ အရမ်းများလာတော့ tab တွေရွေ့တာ မျက်စိနောက်လာသလိုပဲ။ Firefox မှာတော့ အဲလိုမဟုတ်ဘူးဗျ။ Firefox မှာ tab များလာရင် မျက်စိမနောက်ဘူး။ ပုံမှန်ပဲ။ ၃ ခုလည်း ဘာ effect မှ တက်မလာဘူး။ ဘယ်နှစ်ခုလာလာ ဒီပုံပဲဆိုတော့ tab ကိုကြည့်ရတာ ရှင်းပါတယ်။ မကြိုက်တာက firefox , IE , Opera တို့မှာ Open Link In New Tab ကို ဒုတိယနေရာမှာထားတယ်။ သူကတော့ ပထမနေရာမှာ။ အများဆုံး နှိပ်တာကို ဦးစားပေးတာနဲ့တူပါတယ်။ ကျွန်တော်က FF သုံးနေကျဆိုတော့ ဒုတိယ menu ကိုပဲ မှားမှား နှိပ်မိပြီး new windows ကြီးတက်တက်လာရင် စိတ်ညစ်လာပါလေရော။ အဲ.. Chorme ကတော့ Tab နေရာအရွှေ့အပြောင်းလေးကိုတော့ firefox ထက်သဘောကျမိတယ်။

IE Internet Setting သုံးခြင်း

အဲဒါကတော့ ဘာလဲဗျာ။ မဖြစ်သင့်ဘူး။ Firefox လို ကိုယ်ပိုင် internet setting သုံးပါလားဗျ။ ဘာလို့ IE ရဲ့ setting နဲ့လာရောနေရတာလည်း။ အရင်က Firefox ကို ပုံမှန် IE ကို u နဲ့ကျော်တာ။ အခုတော့ သူက IE setting သုံးလိုက်တော့ ကျော်ခွတဲ့လူတွေအတွက် စိတ်ပျက်စရာပဲ။

Add on နည်းခြင်း

အခုထက်ထိတော့ ဘာ add on website မှ မတွေ့သေးဘူး။ ဒါပေမယ့် လာမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ about:plugin ဆိုတာလေး ပါတယ်လေ။ ဒါဟာ သူတို့ plugin တွေလာမယ်လို့ ဆိုချင်တာနဲ့တူပါတယ်။ အသုံးပြုသူတွေနဲ့ အလကားပေးတာချင်းအတူတူ supporting များတဲ့ဟာပဲ သုံးကြမှာပါ။ Firefox အသုံးများလာတယ်ဆိုတာကတော့ supporting က IE ထက်ကောင်းလို့ပါ။ IE 8 ကတော့ အခုထက်ထိမထွက်သေးဘူး။ ဘယ်လိုကောင်းတာတွေ ပါမလဲဆိုတာတော့မသိဘူး။ Firefox မှာဆိုရင် မရှိမဖြစ်သွင်းသင့်တာတွေတောင် ရှိကုန်ပြီလေ။ ကျွန်တော် IE မှ IE လို့ဆိုခဲ့တာကနေ firefox ပြောင်းခဲ့တာကတော့ firefox ကို IE ထက်ပိုကြိုက်လို့မဟုတ်ဘူး။ သူပေးထားတဲ့ plugin တော်တော်များများကို သဘောကျလို့ပါ။ အခုတော့ တော်တော်များများက chrome အတွက် ကိုယ်တိုင်ရေးနေကြပြီ။ Chrome က add on တွေ စုစုစည်းစည်းထားဖို့ နေရာလေး တနေရာလေးလုပ်ပေးသင်ပြီ။

ထပ်ရေးရင်လည်း အများကြီးရှိသေးတယ်။ ကောင်းကွက်တွေအရမ်းများတယ်။ memory စားသက်သာတာတွေ။ နောက်ပြီး process viwer တွေ။ အခြားအခြား ကောင်းတာတွေ အများကြီးပဲ။ အခုတော့ Firefox 3 ပဲ။ Firefox ရဲ့ ပရိတ်သတ်တွေကို Google က ဘယ်လို ဆွဲဆောင်မလဲဆိုတာကို စောင့်ကြည့်ရတာပေါ့။

PS; Gmail ကိုအားနာသောကြောင့် ရပ်လိုက်ပါပြီ…… လိုက်ကာ ဆွဲပိတ်စေ….

5 Comments

  1. googooster says:

    အစမို့လို့လားတော့ မသိဘူး.. FF လောက် အဆင်မပြေဘူး.. Chrome မှာပါတဲ့ Feature တွေဆိုတာလဲ FF 3 မှာ add-ons တွေရှိပြီးသားပဲ.. သူ့ထက်တောင် customize လုပ်လို့ရသေး…

    အဓိက မကြိုက်တာကတော့ IE ရဲ့ Proxy Setting ကိုယူသုံးတာပဲ… နောက်ပြီး မြန်မာလို ရိုက်ရတာ အဆင်မပြေဘူး.. တစ်လုံးမှားလို့ ဖျက်လိုက်ရင် နှစ်လုံး သုံးလုံး ပျက်ပျက်သွားလို့ ပြန်ပြန်ရိုက်နေရတယ်… Text Box တွေမှာလဲ Cursor ကောင်းကောင်း ချလို့ မရဘူး.. အတော်ကို တိတိကျကျချယူရတယ်…

    ပြီးတော့ ကျွန်တော် FileFactory ကို Chrome full installer upload လုပ်တာ အဆင်မပြေဘူး… FF နဲ့ကျ တန်းနေတာပဲ…

    ပြောလို့တော့ မရသေးပါဘူး… Google ကလဲ မထင်မှတ်တာတွေ လုပ်လုပ်ပြတတ်တယ်.

  2. kotharthar says:

    အခုမှ အစပဲရှိပါသေးတယ်ဗျာ။
    Version 1 တောင်မဟုတ်ဘူး Beta ပါဆိုနေမှ။
    အဓိကက ပိုပြီး အကြမ်းခံနိုင်နဲ့ Browser အဖြစ်စမ်းသပ်ကြည့်နေတာပါ။
    IE8 ကလည်း Multiple Process နဲ့လာတော့မှာလေ။
    အခြေခံ အားသာချက်က Tab တွေ အများကြီးဖွင့်ထားပြီး၊ Tab တစ်ခုထဲက
    Application(AJAX) crash ဖြစ်သွားရင် FireFox တစ်ခုလုံးကို Restart
    လုပ်ရသလိုမျိုးမဖြစ်တော့ဘူးပေါ့။

  3. ဟုတ်တယ်ဗျာ ကျွန်တော်မကြိုက်ဆုံးအချက်ကလဲ ie နဲ့ setting ချိတ်ထားတာပဲ။

  4. Harish says:

    for me really really fast..faster than all Browser..I have. Never seen like this fast Before….

    Chrome is very suitable with my system. I have not use burmese fonts so far so it is not problem for me. I can;t see some zaw gyi fonts on Gmail Chat. all showing Square even i have fonts.

  5. Andy says:

    ကျွန်တော်လဲ အကြိုက်ဆုံးအချက်နဲ့ မကြိုက်ဆုံးအချက်တွေရှိနေတယ်ဗျ..
    ကြိုက်တာက သူ့Google ကို Web page ဖွင့်စရာမလိုပဲ သူ့ဘရောက်ဇာထဲမှာတင် ရှာလို့ရတာတစ်ခုကြိုက်တယ်။ မြန်တယ်။
    မကြိုက်တာတွေက အကိုပြောတဲ့အတိုင်းအကုန်လုံးပဲ…။

    အခုတော့မသုံးတော့ဘူး..။ ဘလော့ဂ်ရတာ အဆင်မပြေလို့ :P

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.