Drupal To WordPress

အစကတော့ drupal ကို သုံးဖြစ်တယ်။ wordpress 2.0 ကနေ ကျွန်တော် drupal ကိုပြောင်းခဲ့ပါတယ်။ နောက်တော့ 2.5 ထွက်လာတော့ drupal ကို မကြိုက်တော့ဘူး။ wordpress 2.5 ကို သဘောကျသွားတယ်။ ပိုလည်း မိုက်လာတာကို။ ဒါပေမယ့် စိတ်လျော့ပြီး drupal ကို Update လုပ်ပြီး သုံးတယ်။ ကြာလာတော့ မသုံးချင်လာတော့ဘူး။ ဒါနဲ့ပဲ wordpress 2.5 ကိုပြန်ပြောင်းခဲ့ပါတယ်။ ဒီ website အကူအညီနဲ့ ပြောင်းခဲ့တာပါ။ ကျွန်တော် wordpress 2.0 ကိုပြန် download ချရတယ်။ drupal ရဲ့ database ကို download ချရပါတယ်။ ပြီးတော့ offline မှာပဲ drupal ကနေ wordpress 2.0 ကိုပြောင်းလိုက်တယ်။ ပြီးတော့ 2.5 ကို upgrade လုပ်လိုက်တယ်။ ပြီးမှ export ထုတ်တယ်။ နောက်ဆုံးမှ online ပေါ်မှာ import လုပ်လိုက်တာပါ။ ကျွန်တော်ကတော့ wordpress ကို joomla 1.5 ထက်ကော drupal ထက်ကော ပိုသဘောကျတာအမှန်ပါပဲဗျာ။

10 Comments

  1. template လေးကလန်းတယ်။ အစိမ်းရောင်ကြိုက်တဲ့ ကျတော့ အတွက်ပိုခိုက်တာပေါ့

  2. Michael Sync says:

    Welcome to WordPress!! :)

  3. Michael Sync says:

    btw, your “Submit Comment” doesn’t show properly. It shows half of the text only.

    My environment is

    – Firefox 3
    – Windows Xp sp2
    – 1280 x 1024 px Resolution

    Let me know if you need more information for reproducing the issue.

  4. Htoo Tay Zar says:

    တမ်းပလိတ် လှတယ် အကိုရေ WP က ဒီနေ့ 2.6 official ထွက်ပြီ အကို ကျွန်တော်လည်း update မလုပ်ရသေးဘူး

  5. saturngod says:

    2.6 ကိုတော့ update လုပ်ပြီးပါပြီဗျာ။ ဘာထူးသွားလဲတော့ မသိဘူး။ :D လုပ်တာလုပ်လိုက်တာပဲရှိတယ် :P

  6. Mark says:

    2.6 မှာ Security Hole တွေအတော်များများကို Fix ထားတယ်လို့ပြောပါတယ်။

    #ဒါနဲ့ ခေါင်းစဉ် စာလုံးပေါင်းလေးတစ်ချက်ကြည့်ပါဦး။ နဲနဲလေး မတူဘူးလားလို့။ :P

    မာ့ခ်

  7. Mark says:

    ပြောဖို့မေ့သွားတယ်။ Template ရေရေလည်လည်မိုက်တယ်ဗျာ။

  8. saturngod says:

    ခေါင်းစဉ်ပြန်ပြင်လိုက်ပြီ ကိုမာ့ခ် ရေ…

  9. manawphyu says:

    ဟလို

    မနောလည်း wordpress မှာ ဆီဗုံးထည့်ချင်ပါတယ်။ ဘယ်လိုထည့်ရမယ်ဆိုတာ ပြောပြလို့ရမလား မသိဘူးနော်။

  10. saturngod says:

    Page အသစ်ဖန်တီးပြီးတော့ cbox ထည့်တာ အကောင်းဆုံးပါပဲ အစ်မ မနောရေ…
    အစ်မ wordpress.com မှာဆိုရင် ဘေးနားက sidebar မှာတော့ ထည့်လို့မရဘူး…
    Page အသစ် ဖန်တီးပြီး HTML Code ကူးထည့်မှာ ရတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.