တစ်ခါတစ်လေ စဉ်းစားမိတယ်… GPL ပေးတိုင်းကောင်းလားဆိုတာကိုပေါ့.. လိုင်စင်တွေအကြောင်း သေသေချာချာ နားမလည်ပေမယ့် GPL ဆိုရင် သူ့ကို သုံးတဲ့ project ကလည်း GPL ဖြစ်ရမှာပဲဆိုတာကိုပေါ့… source code မပေးချင်လည်း ပေးရမှာပဲပေါ့…. တချို့ project တွေမှာ GPL နဲ့ ဟာလေးတွေ ယူသုံးလိုက်ရင် ကောင်းသွားမှာ ရှိပေမယ့် ကိုယ်က source code မချပေးလိုတဲ့အခါမှာ ယူသုံးလို့မရဖြစ်တတ်တယ်။ သူများကို အဲလိုမျိုး ပိုက်ဆံ ပေးပြီးရေးခိုင်းရင် ရတာပဲလို့ ပြောလို့ရပေမယ့် အချိန်လိုသေးတယ်လေ။ ဘယ်လောက်ပဲ မြန်မြန်ရေး ၁ ရက်ကျော်မှာပဲလေ။ opensource ကို နည်းနည်းပြန်ပြင်ပြီး ကိုယ့် project ထဲမှာ ထည့်သုံးနိုင်ရင် အချိန်အရမ်း မြန်သွားမယ်။ ခက်တာက သုံးလို့မရဘူး။ ငွေနဲ့ ဝယ်ချင်တာတောင် ဝယ်လို့မရဘူးဆိုသလိုဖြစ်နေတယ်။ author ရဲ့ စိတ်သဘောထားက ဆိုင်သေးတယ်လေ။ နည်းနည်းပြင်ပြီး ပြန်ရောင်းစားတာကို လက်မခံနိုင်ပေမယ့် အစိတ်အပိုင်း တစ်ပိုင်းအနေနဲ့ ယူသုံးတာဆိုရင် တနည်းပြောရင် 20% လောက်ပဲ ယူတာဆိုရင် GPL လုပ်ထားတဲ့အတွက် 20% ကြောင့် ကျန်တဲ့ 80% free ပေးရမလိုဖြစ်သွားတယ်။ 20% အတွက် ထိုက်တန်တဲ့ တန်ဖိုး ဝယ်တယ်လို့ မသုံးပဲ ထိုက်တန်တဲ့ တန်ဖိုးကို opensource ထဲကို လှုဒါန်းတဲ့ အခါ author အတွက်လည်း အကျိုးရှိတယ် ယူသုံးတဲ့လူအတွက်လည်း အကျိုးရှိတယ်လို့ ထင်တယ်။ ယူသုံးတဲ့လူကလည်း တန်ရာတန်ကြေးဆိုတာကို နားလည်သင့်တယ်။ အမှန်တိုင်းဆိုရင် ကျွန်တော် opensource တစ်ခုကို ယူသုံးလိုက်တိုင်း Paypal နဲ့သာ လှုလို့ရမယ်ဆိုရင် အနည်းဆုံး $1 လောက်တော့ လှုချင်ပါတယ်။ နောက်ပိုင်း MIT လိုင်စင်နဲ့ project တွေလုပ်ရင် ကောင်းမလား စဉ်းစားမိတယ်။
Leave a Reply to Saturngod» Blog Archive » နှစ်ချုပ်Cancel reply