Hit Refresh – Satya Nadella

Hit Refresh စာအုပ်ကို ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ ကတည်းက ဖတ်နေတာ။ ကြားထဲမှာ တော်တော်လေး အလုပ်ရှုပ်သွားပြီး ပြီးခဲ့သည့် လ က မှ ပြန် အချိန်ပေးပြီး ဖတ်ဖြစ်သည့် စာအုပ်ပါ။ ဖတ်ကာစတော့ နည်းနည်း ပျင်းဖို့ ကောင်းတယ်။ သို့ပေမယ့် Microsoft CEO တစ်ယောက် ဖြစ်လာပုံ နောက်ပြီး သူ့ မိသားစု အကြောင်းတွေ ကို အဓိက ထား ပြီး ရှေ့ပိုင်းမှာ ရေးထားတယ်။

Steve Jobs စာအုပ်လောက် စိတ်မဝင်စားမိပေမယ့် culture နှင့် cloud အပိုင်းကတော့ အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းတယ်။ Microsoft ရဲ့ direction ကို cloud ကို ပြောင်းလိုက်တာ။ ဖုန်းလောကမှာ Apple , Google တို့နဲ့ မပြိုင်တော့ပဲ Microsoft App တွေ အကုန်လုံးကို သူတို့နဲ့ partner လုပ်ပြီး iOS, Android နှစ်ခု အတွက် ထုတ်ပေးလိုက်တာ အတော်မှန်တယ် လို့ ဆိုနိုင်တယ်။ Microsoft လို company မျိုးမှာ culture ကိုပြင်ဖို့ ဆိုတာ လွယ်သည့် အလုပ်တော့ မဟုတ်ဘူး။ ဒါပေမယ့် Satya Nadella က သူ ဘယ်လို ပြောင်းလဲခဲ့တယ် ဆိုသည့် အကြောင်းလေးတွေက တကယ် ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ Company တစ်ခုရဲ့ culture က CEO ပေါ်မှာ မူတည်နေတယ် ဆိုတာ ဒီ စာအုပ်မှာ ပေါ်လွင်စေတယ်။ ဘယ်လိုမျိုး company cluster မျိုးလဲ ဆိုတာကို သိတာ နဲ့ CEO က ဘယ်လိုမျိုးလဲ ဆိုတာကို ခန့်မှန်း နိုင်သလိုပဲ။

စာအုပ်ကလည်း ပါးပါးလေးပါ။ စာမျက်နှာ ၂၅၀ ကျော် သာ ရှိပါတယ်။ နည်းနည်းပျင်းဖို့ ကောင်းပေမယ့် လူတွေ မသိသေးသည့် Microsoft အကြောင်းတွေ နောက်ပြီး ပြီးခဲ့သည့် CEO Steve Ballmer က ကျွန်တော် ထင်သလို မဟုတ်ပဲ သူ့စာအုပ်ကို ဖတ်ကြည့်တော့မှပဲ လေးစားဖို့ ကောင်းသည့် လူတစ်ယောက်မှန်း သိလာတယ်။ Microsoft အကြောင်းသိချင်ရင် အရင်ဆုံး Hit Refresh ကို ဖတ်ကြည့်တာ အသင့်တော်ဆုံးပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading