ချစ်ဦးညိုရဲ့ လင်္ကာဒီပ ချစ်သူ စာအုပ်က ဝယ်ထားတာ အတော်ကြာပေမယ့် မဖတ်ဖြစ်သည့် စာအုပ် တစ်အုပ်ပါ။ ကောင်းတယ်ဆိုတာ သိထားပြီးသား ဖြစ်သလို တကယ်လည်း ဖတ်ကြည့်တော့ ၁ ရက် တည်းနဲ့ ပြီးသွားပါတယ်။ တကယ်လည်း ကောင်းသည့် စာအုပ်ပါ။
စဖတ်ကြည့်တော့ ဖတ်ရတာဟာ နန်းကျ ဘုရင် စာအုပ်ကို စဖတ်လိုက်ရ သလိုပဲ။ ဇာတ်သိမ်းက အရှုံး နဲ့ သိမ်းရမယ် ဆိုတာ ဖြစ်ပေမယ့် တော်တော်လေး အားစိုက်ပြီး ဖတ်ရသည့် စာအုပ်တစ်အုပ် ဆိုလည်း မမှားဘူး။ နန်းကျ ဘုရင် စာဖတ်သည့် အရသာ အတိုင်းပါပဲ။ ဘယ်အချိန် ဘယ်လို ဇာတ်သိမ်း မလဲ ဆိုတာ ဖတ်ရင်း နဲ့ သိချင်နေမိတယ်။
စာအုပ်က ဒဿဂီရီ ကို အဓိက ဇာတ်လိုက် အဖြစ် ပုံဖော်ထားတယ်။ ကျွန်တော် သိခဲ့သည့် ရာမ ဇာတ် နဲ့ မတူပဲ အိန္ဒိယ တောင်ပိုင်း နဲ့ မြောက်ပိုင်း မျိုးနွယ်စု စစ်ပွဲ ပုံစံ ပုံဖော်ထားသည့် ဇာတ်လမ်းလေးပါ။ သို့ပေမယ့် ဇာတ်သိမ်းက အမြန်သိမ်းထားသလိုပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ခံစစ်ကနေ တိုက်စစ်ပြောင်းပြီးတော့ ဒသဂီရီ ကို အသေခံ ခိုင်းလိုက်တာကတော့ သိပ်ပြီး သဘောမကျမိဘူး။ ဆရာချစ်ဦးညို ထပ်ပြီး အချိန်ပေးပြီး ရေးရင် စာအုပ်က ပိုထူပြီးတော့ ပိုဖတ်ကောင်း လိမ့်မယ်။ အခုတော့ ဇာတ်သိမ်းက အရမ်းမြန်သွားလို့ တော်တော်လေးတော့ အံသြသွားတာကလွဲရင် ဖတ်လို့ ကောင်းသည့် စာအုပ်တစ်အုပ်ပါပဲ။
Leave a Reply