HTML 5 ပြောင်းသင့်ပြီလား

လက်ရှိ HTML 5 မှာ ပါဝင်တဲ့ tag တွေကို w3school မှာ ဖော်ပြထားပါတယ်။ quackit မှာလည်း w3schools ထက်ပိုပြီး ပြည့်စုံအောင် example လေးတွေနဲ့ ရှင်းပြထားပါတယ်။ လက်ရှိမှာတော့ chrome 3 , firefox 3.5 တို့ဟာ HTML 5 ကို support တယ်လို့ ကြေငြာထားပါတယ်။ သို့သော်လည်းပဲ HTML 5 မှာ ပြောထားတဲ့ tag တွေကို သာ သိရုံအဆင့်ပဲရှိသေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့

က HTML 5 မှာ ပြောထားသလို အဖွင့်အပိတ် မရသေးပါဘူး။ details tag အကြောင်းကို ဒီလို ဖော်ပြထားပါတယ်။

The HTML

tag specifies additional details that the user can view or hide on demand.
It can be used in conjunction with the HTML legend tag, and the user can expand/collapse the details as required.
The

tag was introduced in HTML 5.

လက်ရှိမှာတော့ သိရုံပဲသိပြီး ဖွင့်တာ ပိတ်တာတွေ လုပ်လို့မရဘူး။ တနည်းပြောရင် open / close လုပ်လို့မရသေးဘူးပေါ့။

နောက်ပြီးတော့ ကိုလည်း ဒီလိုဖော်ပြထားပါတယ်။

The HTML tag is used for providing an “autocomplete” feature on form elements. It enables you to provide a list of predefined options to the user as they input data.
For example, if a user began entering some text into a text field, a list would drop down with prefilled values that they could choose from.

သူ့ကိုသာ အသုံးပြုလို့ရမယ်ဆိုရင် ကျွန်တော်တို့တွေ autocomplete အတွက် သာမာန် fix autocomplet အတွက် ajax တွေ သုံးနေစရာမလိုတော့ဘူးပေါ့။ ဒါပေမယ့်လည်း လက်ရှိမှာတော့ chrome ကော firefox မှာပါ မရသေးပါဘူး။

လက်ရှိအနေနဲ့ audio , video format တွေကို ogg ကို standard ထားပြီး ပြောင်းသုံးရမလို ဖြစ်နေပါတယ်။ web ပေါ်မှာ လက်ရှိ firefox 3.5 , chrome 3 တို့မှာ ogg ကို video,audio အတွက် အသုံးပြုထားတယ်။ firefox 3.5 မှာဆို mp3 ဖွင့်မရသလို chrome မှာကလည်း wav ဖွင့်မရပြန်ပါဘူး။

ကျွန်တော်တို့အနေနဲ့ အခုအချိန်မှာ HTML5 ကို ပြောင်းလဲသုံးစွဲသင့်ပြီလား လေ့လာသင့်ပြီလားဆိုရင် စောပါသေးတယ်။ HTML5 မှာ အသစ်ပါလာတဲ့ event တွေအတွက် javascript တွေ ဘယ်လိုလာမလဲဆိုတာကို တိတိကျကျမတိရသေးဘူး။ နောက်ပြီး attribute အသစ်တွေလည်း ပါဝင်ပေမယ့် ထူးခြားမှုက မရှိသေးတာကို တွေ့ရတယ်။ HTML5 နဲ့ ပတ်သက်ပြီး ပြည့်စုံတဲ့ စာအုပ်လည်း မထွက်ရှိသေးပါဘူး။ နောက်ပြီး browser တွေကလည်း fully support မဟုတ်သေးတာလား HTML 5 stable ဖြစ်မဖြစ် မသေချာသေးလို့ စောင့်နေတာလား သေသေချာချာ မသိသေးပါဘူး။ အသစ် tag တွေပါလာတဲ့ အတွက် တော်တော်လေးကို အရင်ကထက် အဆင်ပြေသွားတယ်။ CSS, javascript နဲ့ တွဲသုံးရတဲ့ အပိုင်းမှာ ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်သွားပါတယ်။ ဒါပေမယ့် အခုအချိန်မှာ HTML 5 ကို ပြောင်းသင့်တဲ့ အချိန်မဟုတ်သေးပဲ လက်ရှိအနေနဲ့ HTML 4 နဲ့သာ ရေးဆွဲသင့်ပါသေးတယ်။

စမ်းသပ်ရာတွင် သုံးစွဲထားသော software
Firefox 3.5 နှင့် Chrome 3.0.189

1 Comment

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.