အင်း… ပိုက်ဆံလေး ရှိရင် wii လေးဝယ်ပြီး ဆော့ချင်သေးတယ်… တစ်ခေါက်ဆော့ပြီးရင် တကယ်ဆွဲသွားတာ… ဟိုနေ့ ကိုရဲမြတ်သူ ဝယ်လာလို့ သွားဆော့ မိလိုက်တာ လူမှာ ဒုက္ခတွေရောက်နေပြီ။ တစ်ခေါက် စမ်းဆော့မိလိုက်တာနဲ့ တစ်ခါမှ မခံစားရဘူးတဲ့ game အရသာကို ခံစားလိုက်ရတယ်။ game ဆိုတာထက် simulation နဲ့ ပိုတူတယ်။ game ဆော့တာ ဆိုတာထက် အားကစားဆန်တယ်… ဆော့ရတာ ပင်ပန်းတယ်.. ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရတာတော့ မိုက်တယ်… Tiget Wood Golf ကတော့ တော်တော်မိုက်တယ်… အားတွေ လွှဲချက်တွေ…. လေတိုက်နှုန်းတွေ… curve တွေပါ တွက်ပြီး ရိုက်ရတယ်… အဲဒါလေးကို အရမ်းကြိုက်တယ်ဗျာ…
Leave a Reply to saturngodCancel reply