iOS 8 စထွက်တဲ့ နေ့တုန်းက XCode 6 ကို download ချ။ Swift ကို လေ့လာပြီး iOS 8 အတွက် keybaord ရေးဖြစ်တယ်။ Sar keyboard ကိုပဲ အခြေခံပြီး Swift နဲ့ ပြန်ပြင်ရေးထားတယ်။ အခု key တွေ အားလုံး ထည့်ပြီးပြီ။ keyboard လည်း ပြောင်းလို့ရတယ်။ iOS 8 မှာတော့ bugs လေးတွေ ရှိသေးတော့ keyboard view က ပြဿနာတွေ ရှိသေးတယ်။ နောက်ထပ် release မှာ ထပ်စမ်းရမယ်။ Back button က long press ကို အလုပ်မလုပ်သေးဘူး။ အဲဒါကို ပြင်ဖို့ လိုသေးတယ်။ Smart Zawgyi တော့ မဟုတ်သေးဘူး။ ပြင်စရာ အချို့လေးတွေ ရှိသေးတယ်။ iOS 8 app တွေ App store ပေါ်တင်လို့ ရတာနဲ့ တစ်ခါတည်း တင်နိုင်မယ်လို့ မျှော်လင့်ထားတယ်။
Leave a Reply