Koofr

Cloud Storage ထဲမှာ အကြိုက်ဆုံးပြောပါ ဆိုရင်တော့ Dropbox ပဲ။​ မြန်ပြီး စိတ်ချရတယ်။ Conflict တွေ ဖြစ်တာ သိပ်မရှိဘူး။ ရှိခဲ့လည်း Error ပြပေးတယ်။ Google Drive က mac မှာ ပြဿနာ အရမ်းများတယ်။ အရမ်းလည်း နှေးတယ်။ Office 365 သုံးနေတော့ One Drive က ရပေမယ့် မသုံးဖြစ်ဘူး။ Mac မှာ node.js ရဲ့ modules တွေ နဲ့ ပြဿနာတွေ တက်ပြီး error များတယ်။

Koofr

Stacksocial မှာ Koofr ကို တွေ့ပြီးတော့ မဝယ်ခင်မှာ စမ်းသုံးကြည့်သေးတယ်။ အဆင်ပြေတယ်။ Google Drive, One Drive ထက် ပိုအဆင်ပြေတယ်။ Sync က တော့ နှေးတယ်။ ဒါပေမယ့် သုံးလို့ ရတယ်။ လက်ခံလို့ ရတယ်ပေ့ါ။

Koofr ကို Stacksocial မှာ lifetime အတွက် 100GB ကို $30 နဲ့ လက်ရှိ ရောင်းနေပါတယ်။ Droppbox 3 လစာ ပဲ ဖြစ်တော့ တန်တယ် လို့ ထင်ပြီး လက်ရှိ သုံးနေတယ်။ 250 GB ကို $60 ပေးရပါတယ်။ အခု ထက်ထိတော့ အဆင်ပြေနေသေးတယ်။ Mobile App က မကောင်းပေမယ့် သုံးလို့ ဖြစ်တယ်။