Last Day Of ICT Exhibition

မနေ့က ကျွန်တော်တို့တွေ တပ်မတော်ခန်းကို ၁ နာရီ ကျော်ကျော်လောက်ရောက်သွားတယ်။ နောက်ဆုံးနေ့မို့လားမသိဘူး ဝင်ရမှာတောင် လန့်သွားတယ်ဗျာ။ ကျွန်တော်တို့ တန်းစီရမယ့်လူကြီးကို ကြည့်လိုက်တော့ အရှည်ကြီးပဲ။ ဝင်ချင်စိတ်တောင် ပျောက်သွားတာသေချာတာပေါ့။ ဒါပေမယ့်လည်း ရောက်ပြီးလက်စ တန်းစီပြီး ဝင်ရတာပဲ။


ဝင်ပေါက်နားမှာတော့ ASUS နဲ့ Personal Computer Magazine ပူးပေါင်းကျင်းပတဲ့ Computer တပ်ဆင်မှုကျွမ်းကျင်ပြိုင်ပွဲကို တွေ့ရပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်တော့ ဆုပေးဖို့ ပြင်ဆင်နေကြပါပြီ။ ရုပ်ရှင်သရုပ်ဆောင် အရိုင်းကိုတော့ မိုက်ကြီးကိုင်ထားတာကိုတွေ့ခဲ့တယ်။

အထဲလည်းရောက်ရော… ပြည့်ကျပ်နေတဲ့ လူအပ်… အရှေ့ကိုတောင် မနည်းတိုးနေရတဲ့ လူအုပ်ကြီး… ပူလောင်အိုက်စပ်လှတဲ့ လူအငွေ့တွေရောပြွန်းနေတဲ့ ခမ်းမကြီးထဲရောက်သည်နဲ့ ခံစားလိုက်ရပါတယ်။ တော်တော်လေးကို များပြားလှတယ်။ ပစ္စည်းတွေကြည့်ဖို့ဆိုရင်တောင် မနည်းအချိန်ပေးပြီးကြည့်ရတယ်။ ဈေးတွေကတော့ တော်တော်လေးမဟုတ်ပေမယ့် ပုံမှန်ထက်တော့ အနည်းငယ်သက်သာပါတယ်။ ထူးဆန်းတာက memory stick တွေပဲ။ 4 GB ကို ၁ သောင်း ၃ ထောင် ကျော်ကျော်လေးနဲ့ရတယ်။ တော်တော်လေးလဲ ရောင်းကောင်းတဲ့ပုံပဲ။ အခုလာ အခုကုန်ပဲ။ ဒါပေမယ့်လည်း လူတွေများလွန်းလို့ ပစ္စည်းစာရင်းတွေ တောင်ကောင်းကောင်းမကြည့်နိုင်ဘူး။ ၁ ပတ်ပတ်ပြီးတော့ အပြင်တန်းထွက်လာရတာပဲ။

Toshiba ကလည်း တော်တော်လေး ကြီးကြီးကျယ်ကျယ်လုပ်ထားတယ်။ ချစ်သူဝေနဲ့ သူတို့ရဲ့ ဒေါ်လာ ၃၀၀၀ လောက်တန်တဲ့ Laptop ကိုပွဲထုတ်ထားတာကိုတွေ့ရတယ်။ လက်လေးနဲ့ command ပေးပြီးလုပ်ရတဲ့ Laptop ပေါ့။ mouse အစား လက်လေးနဲ့ command ပေးလို့ရတယ်။ နောက်ပြီး face detection ပါ ပါလာတဲ့ အကြောင်းကို ချစ်သုဝေနဲ့ ကြော်ငြာနေတာကို တွေ့ရတယ်။

နောက်ပြီးတော့ kaspersky နဲ့ bitdefender တို့ကို အစစ်ရောင်းနေတာကိုတွေ့ရတယ်။ kaspersky ကိုတော့ ၁ သောင်း ကျော်ကျော်နဲ့ ရောင်းချပေးပြီး bitdefender ကိုတော့ ၁သောင်း ကျော်ပဲ။ ဒါပေမယ့် kaspersky ထက်ဈေးများတယ်။ kaspersky က 3 user လိုင်စင်။ bitdefender ကတော့ 1 user လိုင်စင်ပဲ။ kaspersky က ပိုတန်တယ်။ kaspersky အမှန်အကန် ရောင်းချတဲ့ ဆိုင်ခန်း ၂ ခန်းလောက်တွေ့ခဲ့တယ်။

အပြင်ဘက်မှာတော့ Lucky Bird ကတော့ poster ကြီးတွေထောင်ထားတာကိုတွေ့ရပါတယ်။ ဒီတစ်ခေါက်ပွဲက အကုန်အလုံး အမှန်အကန်အပြိုင်အဆိုင် လုပ်ကြတော့ တော်တော်လေး စည်စည်ကားကားပါပဲ။ မကောင်းတာကတော့ အသက်ရှုကျပ်တာပဲ။ အဲ… အသက်ရှုကျပ်တယ်ဆိုမှ သတိရတယ်။ ဆေးခန်းပါ အထဲမှာထည့်ထားပေးတာကိုတွေ့ရတယ်။ အရင်ပွဲတွေက မပါဘူး။ အခုပွဲမှ ထူးထူးခြားခြား ထည့်ထားတာ။ အဲဒါလေးကတော့ ထည့်ထားသင့်တယ်။ ဒီလောက်များတဲ့ လူအုပ်ကြီးမှာ မူးလဲကောင်း မူးလဲသွားနိုင်တယ်လေ။ အသက်ရှုကတော့ တကယ်ကျပ်တာ။ ချွေးတွေကလည်း နည်းတာမဟုတ်ဘူး။ ဘာပဲပြောပြော ဒီတစ်ခေါက်ပွဲက တော်တော်လေး တိုးတက်ကောင်းမွန်လာပါတယ်။ Company Brand တွေနဲ့ ပြလို့လည်း တော်တော်လေးကို ကြည့်ကောင်းလာတာပါ။ Toshiba , Accer, Sony, D-Link, ViewSonic , MSI , BenQ စတဲ့ brand တွေနဲ့ပဲပြသထားတော့ အရင်ကထက် ကြည့်ကောင်းလာတယ်။international နည်းနည်းဆန်လာတာပေါ့။ Hand-phone တွေအတွက် ပြခန်း ၃ ခုလောက်ပါလာတယ်။ အဓိကတော့ dictionary နဲ့ SMS ပဲပေါ့။ မသွားလိုက်ရတဲ့လူတွေလည်း ကံကောင်းတယ်လို့ပဲ ယူဆလိုက်ပါ။ နောက်မို့ဆို အသက်ရှုကျပ် ချွေးပြန်ပါလိမ့်မယ်။

One response to “Last Day Of ICT Exhibition”

  1. ကိုစေတန် ,

    Post တွေအောက်ဆုံးမှာလုပ်ထားတဲ့ ဆက်စပ်ပုံ post များနဲ့ Previous:
    ဆိုတာမျိုးလေးကို WP Blog တွေမှာ ဘယ်လိုထည့်ရမလဲ ထည့်သွင်းပုံလေး
    ရေးပြပါလား ခင်ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading