မြန်မာနိုင်ငံမှာ ကျွန်တော် စာတွေထဲမှာလည်း တွေ့တွေ့နေတယ်။ တခြား အပြင်မှာ စကားပြောလည်း တွေ့ဖြစ်နေတဲ့ အချက်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ကိုယ်တတ်တယ်ဆို တစ်ဖက်သားကို တွယ်လိုက်ရမှ။ ပြီးရင် ငါကွ ဆိုတဲ့ ပုံတွေနဲ့ပေါ့။ တခါတလေ စကားပြောဆိုရင် ငြင်းခုန်ရတာလည်း ပါတာပဲလေ။ ငါမှန်တယ်ဆိုပြီး ဇွတ်ငြင်းတာတွေရှိပါတယ်။ ဟုတ်ပါပြီ။ ကိုယ်က မှန်တယ်ဆိုပါဆို့။ ဒါဆို ဟိုဘက်က မှားပြီပေါ့။ ဒါဆို ဟိုဘက်က အသုံးမကျတဲ့ ကောင်ဖြစ်သွားပြီပေါ့။ ဟုတ်ဘူးလား။ ကိုယ်မှန်တယ်ဆိုတိုင်းလည်း တစ်ဖက်သားကို ပစ်ပစ်ခါခါ မပြောသင့်ပါဘူး။ ဒါဆို ကိုယ်မှားနေရင်ကော။ စဉ်းစားကြည့်ပါ။ တဖက်သားမှန်ပြီး ကိုယ်မှားနေရင် ဘယ်လိုလုပ်မလဲ။ ကိုယ့်အမှားကို ဝန်ခံမလား။ ဒါမှ မဟုတ် မှားမှန်းသိလျက်နဲ့ ဇွတ်ခံငြင်းနေအုံးမှာလား။ အဲဒါကတော့ ကိုယ့်စိတ်ဓာတ်ပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်ဆိုရင်တော့ မှားရင် ဝန်ခံလိုက်မှာပဲ။ ဟုတ်တယ်လေ။ မှားပြီး ဝန်မခံပဲ ဇွတ်ငြင်းလည်း ဘာထူးမှာလဲ။ တချို့လူတွေက မှားသွားရင်လည်း အသေဖိုက်တော့တာပဲ။ သူတို့ဘာမှ မပြောခင် ကိုယ့်အမှားကို ဝန်ခံလိုက်ရင် သူတို့လည်း ဘာမှ ပြောလို့မရတော့ဘူးလေ။ သူတို့ မှားကြောင်း ဝန်မခံခိုင်းခင် ဝန်ခံလိုက်ရင် ပွဲပြီးပါတယ်။ ဘာလို့ ငြင်းခုန်နေကြမှာလဲ။ မှန်သည်ဖြစ်စေ မှားသည် ဖြစ်စေ ငြင်းခုန်ခြင်းကတော့ ၂ ဦး ၂ ဖက် အကျိုးရှိတဲ့ အလုပ်မဟုတ်ပါဘူးဗျာ။
Leave a Reply