Nature Of Blog

ပွဲမှာပြောတော့ ဒီလောက်မရှည်ဘူးဗျ…
Persentation မှာပါတဲ့ ဟာလောက်ပဲပြောဖြစ်တာ..
Power Point File က 6 MB လောက်ရှိတဲ့အတွက် ကျွန်တော့်အတွက် upload လုပ်ဖို့မလွယ်လို့မတင်ပေးတော့ပါဘူး..
ပြောဖို့ရေးထားတဲ့စာကတော့ အောက်ပါအတိုင်းပါပဲ… ရေးထားတာအရည်ကြီးပဲဗျ… :D

Nature Of Blog
ကျွန်တော် အထိအားဖြင့်ပြောမှာကတော့ blog ရဲ့ သဘောသဘာဝနဲ့ နည်းပညာပိုင်းတွေမှာ ဆက်နွယ်မှုတွေပါပဲ။
အမှန်တိုင်းဆိုရင် blog ဆိုတာကလည်း နည်းပညာတစ်ခုပဲ။ blogger တွေကတော့ စာရေးဆရာလည်း ဟုတ်သလို နည်းပညာသမားတွေလည်း မသိမသာဖြစ်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုရင် ကိုယ့် blogဟာကိုယ့်အိမ်ပဲ ။ ကိုယ့်အိမ်ကို ကိုယ်ပဲ မွမ်းမံရမှာ။ ဒါကြောင့် blogger တွေက web design ပိုင်းကို မသိမသာနဲ့လုပ်ဖြစ်သွားသလို web design ပိုင်းကို ကျွမ်းကျင်တဲ့ blogger တွေကလည်း ကိုယ့်blog ကိုယ်အလှဆုံးဖြစ်အောင် မွမ်းမံတဲ့ အပြင် blog ပြင်ဆင်မှုတွေကို တခြား blogger တွေ မေးမြန်းတဲ့အခါမှာ လည်း သေသေချာချာပြန်လည်ဖြေဆိုပြီး နည်းပညာတွေ ဖြန့်ဝေနေတာတွေ့ရမှာပဲ။ ကျွန်တော်တို့အရင်တုန်းက blog တွေမပေါ်ခင်ကာလကပေါ့…
ကျွန်တော်တို့တွေဟာ ကို ကိုယ့်မှာသိတဲ့ နည်းပညာတွေ ၊ ကိုယ့်မှာရှိတဲ့ အတွေ့အကြုံတွေ ဝေမျှခွင့်မရသလို ၊ သူများမှာ ရှိတဲ့ နည်းပညာတွေ ၊ သူများတွေမှာရှိတဲ့ ဗဟုသုတတွေကို ဖတ်ရှုခွင့်လေ့လာခွင့်မရခဲ့ဘူး။ ကျွန်တော်တို့ blog ဆိုတာပေါ်လာတဲ့ အခါမှာတော့ လူအမျိုးမျိုးက blog ကိုစိတ်ဝင်တစားရေးသားလာတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ နည်းပညာပိုင်းတွေ ၊ ဗဟုသုတပိုင်းတွေမှာ တိုးတက်လာတယ်ဗျ။ နောက်ပြီး ကျွန်တော်တို့တွေ ဘာမှနားမလည် မတတ်ကျွမ်းတဲ့ HTML နဲ့ Style Sheet တွေကိုလည်း နည်းနည်းပါးပါးနားလည်လာတယ်။ ဘယ်လိုမျိုးလေးကို ဘယ်နေရာမှာပြင်လိုက်လို့ပြောတာနဲ့ သွားလည်း ပြင်ပြီးရော… ဟာ အဲလိုမျိုးလေး ပြင်လိုက်ရင် ရတာပါလား ဆိုပြီး ပီတိစိတ်လေးတွေလည်း ဖြစ်သွားတယ်ဗျ။ နောက်ပြီးတော့ blog ကိုပြင်ဖို့အတွက် အခြားအရာတွေ အများကြီးကိုလေ့လာမိတယ်။ ကျွန်တော်တို့ အကုန်လုံးတတ်ဖို့မလိုပါဘူး။ သူများရေးထားတာတွေ သူများလုပ်ထားတာတွေကို web ပေါ်မှာရှာပြီး အရန်သင့်သုံးတတ်ဖို့ပဲလိုတာ။ ကျွန်တော်တို့တွေ ဘာလုပ်ချင်လဲ။ ဘယ်လိုထည့်ရမလဲ ။ ဒါကို ပဲသိဖို့လိုတော့တယ်။ blog တစ်ခုလုံးမှာ သုံးထားတဲ့ read more တို့ hit counter တို့ စတာတွေက ကျွန်တော်တို့ blogger တွေလုပ်ထားတာမဟုတ်ဘူး။ အဲဒါတွေကို ကျွန်တော်တို့တွေ သုံးတတ်တာပဲ။ ကျွန်တော်တို့တွေ blog ရေးရင် နည်းပညာပိုင်းမှာ ရှုပ်ထွေးတယ်လို့မထင်နဲ့ဗျ။ တကယ့်ကို လွယ်လွယ်လေးမှ လွယ်လွယ်လေးပါဗျာ။ အခုဆိုရင် နည်းပညာတွေက ကျွန်တော်တို့ လက်တစ်ကမ်းကိုရောက်လာပြီ။ နည်းပညာဝါသနာပါတဲ့သူတွေ အနဲ့နဲ့တော့ တော်တော်လေး blog တွေပေါ်လာတာ ဝမ်းသာစရာကောင်းတာဗျ။ အခုဆို နည်းပညာနဲ့ ဆိုင်ရာနောက်ဆုံး သတင်းတွေ ဗဟုသုတ အချို့တွေကိုလည်း blogger တွေက ရေးသားလာကြတယ်။ ကျွန်တော်ဆို iphone နဲ့ပတ်သက်ပြီး ဘယ်ဂျာနယ်မှ မပါခင်ကတည်းက အကုန်သိပြီးသား။ ဘာဖြစ်လို့လည်းဆိုရင် apple အသုံးပြုတဲ့ blogger က သူ့ blog မှာရေးထားတယ်။ ကိုဝေဖြိုး blog ဆိုရင် iphone, ipod , နောက်ပြီး apple နဲ့ ဆိုင်ရာသတင်းတွေ အကုန်ရေးတယ်ဗျ။ နောက်ပြီးတော့ microsoft surface နဲ့ပတ်သက်ပြီး အခု ဂျာနယ်တွေမှာ သေသေချာချာမရေးကြသေးဘူး။ သိပ်လည်း မသိကြသေးဘူး။ ကျွန်တော်လည်း သူရေးမှ သိလိုက်တာ။ ကျွန်တော် အဓိကပြောချင်တာက နည်းပညာနဲ့ blog ဟာ ခွဲခြားလို့မရဘူး။ အခု internet မှာတော့ Blog တွေ ကတော့ အမျိုးမျိုးပဲဗျ။ တချို့တွေက နည်းပညာပိုင်းတွေရေးကြတယ်။ အဲဒါတွေကြောင]] >

7 Comments

  1. အနုသာဝက says:

    ရာတွေ အများကြီးကိုလေ့လာမိတယ်။ ကျွန်တော်တို့ အကုန်လုံးတတ်ဖို့မလိုပါဘူး။ သူများရေးထားတာတွေ သူများလုပ်ထားတာတွေကို web ပေါ်မှာရှာပြီး အရန်သင့်သုံးတတ်ဖို့ပဲလိုတာ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.