Nifty, code name APIWork

ကျွန်တော် apiwork လို့ နာမည်ပေးထားတဲ့ Nifty framework ကို opensource ချပေးလိုက်ပါပြီ။ License ကတော့ MIT license ပါပဲ။ အရင်တုန်းက ကျွန်တော် ရေးခဲ့ဖူးတဲ့ Nifty Framework ပါပဲ။ အရင်တုန်းက Nifty Framwork ကိုတော့ nifty light ဆိုပြီး ပြောင်းလဲလိုက်ပါတယ်။ လက်ရှိ MZ User ကိုလည်း Nifty နဲ့ပဲ ရေးထားတာပါ။

ဘာလို့ Nifty အသုံးပြုရတာလဲ။

ကျွန်တော် ကိုယ်တိုင်ရေးထားလို့ ကျွန်တော် ကိုယ်တိုင် သုံးတာပါ။ အဓိကတော့ API ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ပါ။ နောက်ပြီး ကျွန်တော် သုံးနေကျဖြစ်တဲ့ Library တွေကို စုစည်းထားပြီး တစ်ခုတည်းကနေ အသုံးပြုချင်တာကြောင့်လည်း ပါတယ်။

ဘာ Library တွေပါသလဲ

ကျွန်တော် အသုံးပြုများတဲ့ facebook , phpmailer, gravatar, recaptcha , openid စတာတွေ ပါဝင်ပါတယ်။ jquery လည်း အရံသင့်ပါဝင်ပါတယ်။

ဘာတွေ ပိုထူးလဲ

ဘာတွေ ပိုထူးလဲဆိုတော့ ကျွန်တော့်အတွက်ကတော့ အလွယ်ဆုံး framework လို့ ဆိုလို့ရတယ်။ Library , Helper , Plugin တွေ လွယ်လင့် တကူ တည်ဆောက်နိုင်တယ်။ CodeIgniter ကို အခြေခံထားတာကြောင့် CodeIgniter တတ်ထားတဲ့သူတွေအတွက် အရမ်းကို လွယ်လွယ်ကူကူ အသုံးပြုနိုင်တယ်။ အခြေခံထားတယ်ဆိုတာက structure design ကို အခြေခံထားတာပါ။ code ကိ ုအခြေခံထားတာ မဟုတ်ပါဘူး။ Code တစ်ခုလုံး ကိုယ်တိုင် အစ ကနေ ရေးထားတဲ့အတွက် လိုအပ်တဲ့ အရာတွေကို ကျွန်တော် လွယ်လင့် တကူ ထည့်နိုင်တယ်။ ပြင်နိုင်တယ်။

Documentation

Documentation ရေးရအုံးမယ်။ အခုမှ Nifty က ကျွန်တော့်အတွက် beta အဆင့်ပဲ ရှိသေးတယ်။ မကြာခင်မှာ ထွက်လာနိုင်အောင် ကြိုးစားနေတယ်။

Next ?

Ornagai ကို Nifty နဲ့ ပြောင်းရေးမယ်။ Ornagai V3 ကို ရေးဖို့ ကြံစည်နေပြီ။ Ornagai V2 က အမှားတွေ နောက်ပြီး အသုံးပြုသူတွေရဲ့ feedback တွေကနေ တဆင့် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ထင်တယ်။ နောက်ပြီး HTML 5 နဲ့ unicode support version အတွက်ပါ စဉ်းစားနေတယ်။ ခက်တာက Restful ကို Nifty မှာ မထည့်ရသေးဘူး။ အဲဒါကို အရင် ထည့်ပြီးမှ Ornagai V3 ကို စဖြစ်မယ်ထင်တယ်။

နောက်ပိုင်းကျွန်တော်ရေးမယ့် PHP တွေအားလုံး Nifty ပေါ်မှာပဲ ရေးသွားတော့မယ်။ ဒါကြောင့် လွတ်လပ်သွားအောင် opensource ချလိုက်တာပါ။

update: Nifty ကို Ava လို့ နာမည်ပြင်လိုက်ပါသည်။

4 Comments

  1. Mg Mg Kyaw says:

    စမ်းကြည့်လိုက်ဦးမယ်။ ကိုစေတန်…
    Drupal တို့ Joomla တို့လို ပုံစံမျိုးပဲလား..
    ကိုစေတန်…

    1. saturngod says:

      no same like CodeIgniter , PHP framework

  2. ကိုကိုဒီဘီ says:

    Nifty Corner ဆိုတဲ့ javascript library တစ်ခုနဲ့ နံမည် တူနေတယ်ဗျ။ တခြား စဉ်းစားလို့ မရဘူးလား။

    1. saturngod says:

      အခုမှ ရှာကြည့်တယ်။ Nifty PHP framework က ရှိပြီးသားပဲ နာမည်ပြောင်းမှ ဖြစ်မယ်။ =(

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.