NSMag For Android

Android NSMag ကို Google Play Store မှာ download ချလို့ရပါပြီ။ Android 4.4 နှင့် နောက်ပိုင်း ရှိမှသာ NSMag ကို သွင်းလို့ရပါလိမ့်မယ်။ အခုအချိန်မှာ Google Nexus device တွေသာ Android 4.4 ကို ရပါသေးတယ်။ မကြာခင်မှာ S3 , S4 နဲ့ Note 3 ကို android 4.4 မြှင့်တင်ပေးဖို့ Samsung က အစီအစဉ် ရှိပါတယ်။ Xperia Z1 , ZL , Z Ultra တွေလည်း android 4.4 ကို update ပေးဖို့ အစီအစဉ် ရှိပါတယ်။ HTC One series နဲ့ LG G2 တို့ကလည်း android 4.4 ပြောင်းဖို့ အလားအလာ ရှိပါတယ်။ 2014 Q1 မှာ update တွေ ထွက်ပေးဖို့ မျှော်လင့်ထားပါတယ်။

Why Android 4.4

ဘာကြောင့် Android 4.4 မှ ရသလဲဆိုရင်တော့ မြန်မာ unicode ကြောင့်ပါ။ မြန်မာ unicode ကို webview မှာ android 4.4 မှသာ အဆင်ပြေလိမ့်မယ်။ ဒါကြောင့် android 4.4 ကို သုံးဖို့ ဆုံးဖြတ်လိုက်တာပါ။ iOS app စကတည်းက unicode ကို သုံးမယ်လို့ ဆုံးဖြတ်ချက်ကြောင့် android မှာ android 4.4 limit ဖြစ်သွားတယ်။ တကယ်လို့ ဇော်ဂျီဆိုရင်တော့ android 4.0 or later support လုပ်လို့ရအောင် ဖန်တီးလို့ရပေမယ့် ios နဲ့ android အတွက် အမြဲတန်း လစဉ် အလုပ်နှစ်ခု လုပ်နေရမယ်။ unicode issue နဲ့ zawgyi issue ခွဲလုပ်နေရမှာကြောင့် ဆက်ပြီးတော့ မြန်မာ unicode ပဲ သုံးဖို့ ဆုံးဖြတ်ခဲ့တာပါ။ android 4.4 မထွက်ခင်ထိတော့ unicode ကောင်းစွာ မရသေးတာကြောင့် နည်းနည်း ခေါင်းစားခဲ့ရတယ်။ Android 4.4 မှာ မြန်မာ unicode ပါဝင်လာပြီး web view မှာ ကောင်းစွာ အလုပ်လုပ်တဲ့ကြောင့် unicode ကို support လုပ်တဲ့ 4.4 ကို ရွေးချယ်ခဲ့ပါတယ်။

NSMag Android

စိတ်ကြိုက်တော့ မဖြစ်သေးဘူး။ လိုအပ်တာတွေ ရှိသေးတယ်။ Ads က စာဖတ်တာမှာ နည်းနည်းရှုပ်နေတယ်လို့ ခံစားရတော့ နောက်ပိုင်း navigation drawer နေရာကို ပို့ဖို့ စဉ်းစားထားတယ်။ Navigation Drawer က ကြည့်ရတာ နည်းနည်း ရှုပ်နေတယ်။ List တွေက ပြထားတာကို ဖတ်ရတာ အဆင်မပြေသလို ခံစားရတယ်။ ကြည့်ကောင်းအောင် ပြန်ပြင်ဖို့ ရှိတယ်။ Issue download မချထားရင် Download ဆိုတဲ့ နေရာက မလိုအပ်ပဲ space တွေ ပိုနေတယ်။ အဲဒါလေးကို ပြန်ပြင်ရမယ်။ ၂ ပတ်အတွင်း ရေးထားပြီးတော့ တင်ထားတယ်။ စိတ်ကြိုက်တော့ မဟုတ်ပေမယ့် သုံးလို့ အဆင်ပြေတဲ့ အခြေအနေရောက်တာကြောင့် ထုတ်ထားလိုက်တယ်။ လတ်တလော မအားသေးတာကြောင့် ဆက်ပြီး ရေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မြန်မြန်လေးထုတ်ထားလိုက်တာပါ။ လိုအပ်တာတွေ bugs တွေ ရှိရင် http://www.comquas.com/support မှာ မေးနိုင်သလို ဒီ post အောက်မှာ comment ပေးခဲ့လည်း ရပါတယ်။

Download from google play store

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.