The books that I read at 2013

2013 မှာ စာအုပ် ၈ အုပ် ဖတ်ဖြစ်တယ်။ ၂ အုပ်က ပြီးအောင် မဖတ်ရသေးဘူး။ ၁ အုပ်ကတော့ လက်ရှိ ဖတ်နေဆဲ။

ခြေရာပျောက်မြစ် – မြနှင်းဆီ

သန်းမြင့်ဦး ရေးထားတဲ့ The River of Lost Footsteps: A Personal History of Burma ကို မြနှင်းဆီ ဘာသာပြန်ထားတာပါ။ မြန်မာနိုင်ငံ သမိုင်းအကြောင်းကို ပုဂံမှ စပြီး ၁၉၈၈ နှောင့်ပိုင်း အထိ ရေးထားတဲ့ စာအုပ်ပါ။ မြန်မာ့ သမိုင်းမှာ မသင်လိုက်ရတာတွေ မသိလိုက်တာတွေ တော်တော်ပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့ သမိုင်းကို ကျွန်တော်တို့ လက်ထပ်မှာ သေသေချာချာ မသင်တော့ဘူး။ ဒီစာအုပ်ထဲမှာ လွတ်လပ်ရေး ရပြီး နောက်ပိုင်း မြန်မာ့သမိုင်းအကြောင်း စုံစုံလင်လင် ပါတယ်။ မြန်မာ့သမိုင်းကို စိတ်ဝင်စားတယ်ဆိုရင် ဖတ်သင့်တဲ့ စာအုပ် ကောင်းတစ်ခုပါ။

ငန်းရိုင်းများ – ကျော်အောင်

Jung Chang ရဲ့ Wild Swans ကို ကျော်အောင် ဘာသာပြန်ထားတဲ့ စာအုပ်ပါ။ တရုတ်နိုင်ငံရဲ့ အကြောင်းကို မျိုးဆက် သုံးဆက် ရေးထားတယ်။ တော်တော်ကောင်းတယ်။ တချို့ အချက်အလက်တွေက ယခု မြန်မာနိုင်ငံနဲ့ နည်းနည်းဆင်နေတယ်။ ပြီးအောင်တော့ မဖတ်ရသေးဘူး။ ဒီနှစ် မကုန်ခင် ပြီးအောင် ဖတ်ရမယ်။

Sword Art Online 1: Anicrad – Reki Kawahara

Sword Art Online Anime ကို ကြည့်ပြီးတာနဲ့ light novel ဖတ်ချင်တာနဲ့ ပြန်ဖတ် ဖြစ်တယ်။ Baka Tsuki မှာ တင်ထားတဲ့ english version ကို ဖတ်ဖြစ်တာပါ။ Anime ကြည့်ရတဲ့ အရသာနဲ့ မတူဘူး။ light novel လည်း ဖတ်လို့ ကောင်းပါလားဆိုတာ သိသွားတယ်။ သို့ပေမယ့် အခုအချိန်ထိ ဒုတိယ စာအုပ်ကို မဖတ်ဖြစ်သေးဘူး။

Discover Meteor – Tom Coleman and Sacha Greif

Meteor JS ကို လေ့လာဖို့ ဖတ်ဖြစ်တဲ့ စာအုပ်။ တော်တော်ကောင်းတယ်။ Meteor JS နဲ့ ပတ်သက်ပြီး နှံ့နှံ့ စပ်စပ် ပါတယ်။ Meteor JS ကို လေ့လာချင်တယ်ဆိုရင် မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်။ အခုအချိန်မှာ ဖတ်ရင်တောင် နောက်ဆုံး meteor js နဲ့ ကိုက်ပါ့မလားတော့ မသိဘူး။ စာအုပ်ဖတ်ပြီး နောက်ပိုင်းကတည်းက Meteor JS ကော web နဲ့ ပတ်သက်တာ ဘာမှ မလုပ်ဖြစ်ဘူး။ Meteor JS နဲ့ လုပ်ချင်တာလေးတွေ ရှိနေသေးတယ်။ Meteor JS ကိုတော့ Real Time app တွေလုပ်ဖို့အတွက် သဘောကျတယ်။

Lean Startup – Eric Ries

Blog တွေမှာ ညွှန်းလို့ ဖတ်ဖြစ်တယ်။ တော်တော်ကောင်းတဲ့ စာအုပ်ပဲ။ Startup လုပ်တာ မလုပ်တာထက် ကိုယ်လက်ရှိ လုပ်နေတဲ့ အလုပ်မှာ အသုံးဝင်တယ်။ စာအုပ်မှာ ရေးထားတာတွေက အများကြီးပဲ။ ခေါင်းထဲမှာ စွဲနေတာကတော့ မေးခွန်း ၅ ခု မေးပါ။ ပြဿနာ ၅ ခု ရှာပါ ဆိုတာပဲ။ တစ်ခုခု ဖြစ်ခဲ့ပြီဆိုရင် ဘာကြောင့် လဲ ဆိုတာကို ဆင့်ကာ ဆင့်ကာ ၅ ခါမေးပါ။ ပြီးရင် နောင်မဖြစ်အောင် အဖြေရှာပါ။ ဒီနှစ်မှာ ဒီစာအုပ်ဖတ်ရတာ အတန်ဆုံးပဲ ဆိုရမယ်။ 70% discount coupon code နဲ့ ဝယ်ခဲ့သလို တစ်အုပ်လုံး ဖတ်ပြီးသွားတဲ့ အထိ ပျင်းသွားတယ်လို့ လုံးဝ မခံစားလိုက်ရဘူး။ တစ်အုပ်လုံး ပြီးသွားတယ်ဆိုတာ သိတောင် မသိလိုက်အောင် ကောင်းတယ်လို့ ဆိုနိုင်တယ်။

Remote – Jason Fried and David Heinemeier Hansson

37 Signals က Jason Fried and David Heinemeier Hansson တို့ရေးထားတဲ့ စာအုပ်ပါ။ ဖတ်ရတာ မဆိုးဘူး။ သို့ပေမယ့် ရှေ့ ထွက်ခဲ့တဲ့ Rework လောက် မကောင်းဘူး။ Remote မှာ chapter တစ်ခုနဲ့ တစ်ခုက သိပ်ပြီး ဆက်စပ်မှု မရှိသလို ခံစားရတယ်။ နေ့စဉ် ရေးထားတဲ့ blog posts တွေကို ပြန်ပြီး စုထားတာနဲ့ တူတယ်။ Remote အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး ထင်ထားတာလေးတွေ မှားနေတာကိုတော့ ဒီစာအုပ်ထဲမှာ တွေ့နိုင်တယ်။

Reality Check: The Irreverent Guide to Outsmarting, Outmanaging, and Outmarketing Your Competition – Guy Kawasaki

The Art Of Start ရေးထားတဲ့ Guy Kawasaki ရဲ့ စာအုပ်ပါ။ The Art Of Start လောက် မကောင်းဘူး။ The Art Of Start က စာတွေ တော်တော်များများ ပြန်ပါတယ်။ VC တွေ အကြောင်း အဓိကပါတယ်။ အခုအချိန်မှာ ဖတ်ကြည့်တာ သိပ်တော့ နားမလည်ဘူး။ တဝက်လောက်မှာ ရပ်ထားတယ်။ စာအုပ်က နည်းနည်း ပျင်းဖို့ကောင်းတယ်။ နောင်တချိန်မှ အစကနေ ပြီးအောင် ပြန်ဖတ်ဖို့တော့ စဉ်းစားတယ်။

Jony Ive: The Genius Behind Apple’s Greatest Products – Leander Kahney

အခုမှ ဖတ်ကြည့်နေတဲ့ စာအုပ်။ review တွေကတော့ ကောင်းတယ် လို့ ဆိုတယ်။ ဒီစာအုပ်ကတော့ နောက်နှစ်ကူးသွားမယ်ထင်တယ်။

Readmill

ဒါကတော့ စာအုပ်မဟုတ်ဘူး။ Ebook တွေ ဖတ်ဖို့ reader ပါ။ Epub တွေ ဖတ်လို့ရတယ်။ Device တစ်ခုနဲ့ တစ်ခုကြား sync လုပ်ပေးတယ်။ Kobo က ဝယ်ထားတဲ့ စာအုပ်တွေကိုလည်း ထည့်လို့ရတယ်။ Readmill သွင်းထားတဲ့ device မှာ DRM အတွက် username နဲ့ password ထည့်။ ကျွန်တော်က Kobo သုံးတော့ Adobe User ID နဲ့ password ထည့်ထားပေးဖို့လိုတယ်။ Kobo ကနေ ဖြစ်ဖြစ် ebook website ကနေ ရလာတဲ့ .acsm ကို website ကနေ upload တင်။ Device မှာ ဖွင့်။ Epub ကို သူ့ အလိုလို download ချပေးတယ်။ သုံးရတာ အဆင်ပြေတယ်။ အခြား သုံးသူတွေရဲ့ highlight ကို ဖတ်လို့ရသလို review တွေလည်း သူ့ website မှာ ဖတ်လို့ရလို့ စာအုပ် တစ်အုပ်မဖတ်ခင် review တွေ highlight တွေ အရင် ဖတ်ကြည့်လို့ရတယ်။

Kobo

အခြား စာအုပ် online store တွေထက် Kobo က ဝယ်ရတာလွယ်တယ်။ သူ့ရဲ့ ebook reader app က မဆိုးဘူး။ Device အချင်းချင်း sync လုပ်ပေးတာကြောင့် kobo ကနေ စပြီး ဝယ်ဖြစ်တယ်။ နောက်ပြီး epub တွေ အဓိက ရှိတာကြောင့်လည်း ပါတယ်။ ၁ လကို ၁ အုပ်လောက် 50% discount ရတော့ ဝယ်ရတာ တန်တယ်လို့ ဆိုရမယ်။ Coupon ကို retailmenot မှာ ကြည့်လို့ရပါတယ်။ နောက်ပြီး email ထည့်ထားပြီး coupon အသစ်ရှိတာ သိအောင် subscribe လုပ်ထားလို့ရတယ်။

3 Comments

  1. ကိုယ်တွေ ဖတ်တာ တွက်လို့ကတော့ နည်းမှာမဟုတ်ဘူး
    ဗရုတ်သုတ်ခချည်းကိုး သရဲဝတ္ထုတို့ သိုးဆောင်းတို့လေ :S

  2. K says:

    ၂၀၁၃ ထဲမှာ အများဆုံး ဖတ်ဖြစ်တဲ့ စာအုပ်ကို ပြောပါဆိုရင် Light Novels တွေပဲ။ SAO ကို လေးအုပ်ဖတ်ဖြစ်တယ်။ Accel World ကတော့ ပထမတစ်အုပ်ပဲ။ ပြီးတော့ php နဲ့ ပတ်သတ်တဲ့ စာအုပ်တွေ။ မြန်မာ ဝတ္ထုတွေကတော့ ဒီနှစ်ထဲ မဖတ်ဖြစ်ဘူးတောင် ထင်တယ်။

  3. Arkar Aung says:

    Discover Meteor က ဖတ်ဖို့ရှာတာမတွေ့ သေးပါဘူးဗျာ ။ sample chapter လေးပဲဖတ်ရသေးတယ်။ သေချာဖတ်ဖြစ်တာဆိုလို့ Addyosmani ရဲ့ Learning JavaScript Design Patterns ပဲဖတ်ဖြစ်ပါတယ် ။ ကျန်တာတွေက တစ်ဝက်တစ်ပျက်တွေများနေတယ်။ Lean Startup – Eric Ries က
    ဖတ်လက်စ တစ်ခန်းနှစ်ခန်းနဲ့ ပျင်းပြီးဆက်မဖတ်ဖြစ်တော့ဘူး ။ အခုတော့ Jeffery Way ရဲ့ Laravel Testing Decoded ကိုဖြတ်ဖို့ ကြိုးစားနေရတယ် ၊

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.