On the way

ကျွန်တော်ကတော့ web developer တစ်ယောက်ဖြစ်ပြီးလား မဖြစ်သေးဘူးလား ကောင်းကောင်းမသိပါဘူးဗျာ… Php နဲ့တော့ ကောင်းကောင်းရေးတတ်တယ်….
မှတ်မှတ်မိမိ ကျွန်တော်လေ့လာဘူးတာတွေကတော့

၁၀ တန်းအောင် တုန်းက

VB 6 (Diploma in Software Engineering) ၁ နှစ်လောက် သင်လိုက်ရတယ်။ အခြေခံကျကျကနေ စပြီးပေါ့။ နောက်ပိုင်းလည်း ဆက်လေ့လာဖြစ်တယ်။ .NET က အဲတုန်းက မပေါ်သေးဘူးထင်တယ်… VB 6 နဲ့ project တောင် ရေးလိုက်သေးတယ်… ၃ လ ကျော်လောက် အချိန်ပေးပြီးရေးရတာ…

VB 6 နဲ့ software တော်တော်များများရေးဖြစ်တယ်။ သူငယ်ချင်းတွေကို လျှောက်ပေးတာပဲရှိတယ်။ အင်တာနက်ကို အဲတုန်းက မသုံးတတ်သေးဘူး။ ခေတ်စားဖို့နေနေသာသာ အင်ထရာနက် လောက်ပဲရအုံးမယ်ထင်တယ်။

နောက်တော့ UCSY ကျောင်းစဖွင့်တော့ ကျောင်းတက်တယ်…. အဲဒီအချိန်…. .NET က စပြီး နာမည်ကြီးတာပဲ…. အဲတုန်းက VS 2000 ထင်တယ်… သုံးလို့ကတော့ မကောင်းဘူး… VB သမားဖြစ်လို့ OOP ကို နားမလည်ဘူး.. တော်တော်လေးကို နားမလည်တာ… မနည်း OOP ကို ပြန်လေ့လာရတယ်…  ကျောင်းမှာ C++ သင်တော့ OOP နဲ့ ပတ်သက်ပြီး အခြေခံလေးတွေ ရလာတယ်… VS 2000 က VB.NET ကို သုံးတတ်လာတယ်…

ကျောင်းခဏပိတ်တော့… ကျောင်းပိတ်ထားတုန်း SSI မှာ Web Developer ဆိုတာကိုလားမသိဘူး စတက်ဖြစ်တယ်…
အဲမှာ HTML , CSS , VBScript,Javascript ကို စသင်တာ…. ခက်တာက အဲဒီမတိုင်ခင်
အဲ… HTML ကို ၁၀ တန်းတုန်းက Front Page မှာ ရေးပြီး code တွေကို လေ့လာဘူးတယ်…. First Year ရောက်တော့… BC က Library မှာ HTML နဲ့ CSS ကို တော်တော်လေး စာတွေ ဖတ်ပြီး လိုက်လုပ်ဖြစ်တယ်…. တော်တော်လေးကို သိလာတယ်… နောက်ပြီး Javascript , VBscript ကိုလည်း BC ကနေပဲ စာအုပ်တွေ နဲ့ လေ့လာဖြစ်တယ်… အဲဒီတော့ SSI မှာတတ်တယ်… မေ့နေတာ… စာဖတ်တုန်းက ကျန်ခဲ့တာလေးတွေ ပြန်နွေးရတာဆိုတော့ တော်တော်လေးကို မှတ်မှတ်ရရဖြစ်သွားတယ်….

ပြီးတော့ SSI မှာပဲ XML , Software Developement, Linux Redhat စတာတွေ တက်ဖြစ်တယ်။ ပြီးတော့မှ ASP ဆိုတာကြီးကို SSI မှာ စတင်ထိတွေ့ သင်ကြားဘူးတာပဲ။ အမှန်တိုင်းပြောရင် လုံးဝကို နားမလည်ဘူး။ အရမ်းကို အဆင့်မြှင့်တာလား။ english လို သင်လို့ပဲ မလိုက်နိုင်တာလားမသိဘူး။ တော်တော်လေးကို နားမလည်တာ။ BC ကို သွားသွားပြီး ASP စာအုပ်တွေ ရှာရတယ်။ စာအုပ်တွေက သူများ ငှားထားလို့ request တွေ လုပ်ထားရတယ်။ စာအုပ်တွေထဲက ကြိုက်တဲ့အပိုင်းလေးတွေကို လက်နဲ့ ဖြစ်ဖြစ် မိတ္ထူဖြစ်ဖြစ် ကူးထားတယ်။ အဲတုန်းကတည်း လုံးဝကို ကျွန်တော်က Microsoft product တွေပဲ သုံးစွဲနေတာပေါ့။ နောက်ပြီး SSI မှာပဲ java ကို ဆက်တက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ OOP ဆိုတာဘာလဲဆိုတာကို နားလည်ချင်လို့။ VB.NET မှာ OOP အပိုင်းတွေကို စာဖတ်တာတောင် နားမလည်တာတွေ များတယ်။ ဒါကြောင့် java ကို ဆက်တက်ဖြစ်တယ်။ ကျောင်းက C++ က အခက်ကြီးမဟုတ်တော့ လိုက်နိုင်တယ်လေ။ အေးအေးဆေးဆေးပဲ။ C++ ကိုလည်း အရမ်းအဆင့်မြှင့်အောင် တင်တာလည်းမဟုတ်တော့ အေးဆေးပေါ့။ SSI မှာ Linux တက်တုန်းက တော်တော်လေးကို သင်လိုက်ရတာ။ တကယ်မိုက်တယ်နော်။ Perl Scirpt တွေကော Linux Kernel ပိုင်းတွေပါ တော်တော်များများ အကြောင်းသင်ရတယ်။ ဒါပေမယ့် .NET ပိုင်းကိုလိုက်နေလို့ Linux ကို မေ့တေ့တေ့ဖြစ်လာခဲ့တယ်။ Linux ကို သတိပြန်ပြုမိလာတာကတော့ မြန်မာ Linux ကြောင့်ပဲ။ Fedora မှာ မြန်မာလို ရလာလို့လေ။ ကျွန်တော် Linux တက်တုန်းက ဆရာမပြောတာ သတိရသေးတယ်။ Myanmar Linux မှာ သွားပြီးတော့ Linux နဲ့ ပတ်သက်တာတွေကို လေ့လာလို့ရတယ်။ MICT ဝင်းထဲမှာရှိတယ် လို့ ပြောဘူးသေးတယ်။ မြန်မာ Linux ပွဲမှာ မှတ်မှတ်ရရ Unicode အကြောင်း ပထမဆုံး နည်းနည်းသတိပြုမိတာပေါ့။ အဲတုန်းက ကျွန်တော် First Year လား.. First Year ပြီးကာစလား သေသေချာချာ မမှတ်မိတော့ဘူး။ အဲတုန်းကတော့ ကျွန်တော့် စက်မှာ သွင်းတာ လုံးဝ ကို အဆင်မပြေတာနဲ့ Linux ကို လက်လျော့ပြီးနေခဲ့ပြန်ပါတယ်။

Visual Studio က 2005 လည်းထွက်ကော… 2005 ကို လိုက်ရပြန်ကော… အဲဒီအချိန်မှာ VB.NET ထက် C# က တော်တော် ခေတ်စားနေပြီ။ နောက်ပြီး JAVA ကလည်း တော်တော်နာမည်ကြီးနေပြီ။ ကျွန်တော်ကတော့ ASP.NET ကို VS 2005 မှာ စပြီးလေ့လာဖြစ်တယ်။ ASP.NET ကို သေသေချာချာ မဖြစ်မနေ သုံးဖြစ်တာကတော့ M3WI မှာ ASP.NET တက်ပြီးမှပဲ။ အဲမှာက မဖြစ်မနေ project လုပ်ရမယ်ဆိုတော့ ASP.NET ကို သုံးရတာပါ။ အဲဒီအချိန်မတိုင်ခင်ကတည်း VS 2005 နဲ့ ASP.NET ကို လေ့လာထားတော့ တော်တော်အဆင်ပြေတယ်။ အဲဒီ project လုပ်နေဆင်ကာလအတွင်းမှာ PHP ဆိုတာကို လေ့လာဖြစ်ပြီး အရမ်းသဘောကျသွားတယ်။ ကျွန်တော်နဲ့ တော်တော်လေး ကိုက်တယ်ဗျ။ ကျွန်တော်က VB အခြေခံက စခဲ့တာဆိုတော့ OOP ပိုင်းကို လုံးဝကို အားမတန်ဘူး။ VS ကလည်း OOP ကို တော်တော်လေး အခြေခံထားတယ်။ PHP ကတော့ OOP လည်းရတယ်။ OOP မသုံးလည်းရတယ်။ အဲဒီအတွက် ကျွန်တော့်အတွက် တော်တော်လေးအဆင်ပြေသွားတာနဲ့ပဲ PHP ကို ဆက်တိုက်လေ့လာဖြစ်လာတယ်။ နောက်ပိုင်းတော့ PHP မှ PHP ဖြစ်လာတာပဲ။ ASP.NET project လည်းပြီး ASP.NET ကြီးကိုသာမက VS .NET တစ်ခုလုံးကို အပြီးအပိုင်း စွန့်လွှတ်လိုက်တာပဲ။ တွက်ကြည့်ရင်တော့ VS အတွက် သုံးထားတဲ့ သင်တန်း စရိတ်က မနည်းဘူးနော်။ PHP အတွက်ကတော့ စာအုပ်ဖိုးလောက်ပဲ ကုန်တာ။ PHP အတွက် မြန်မာနိုင်ငံမှာ ဝယ်လို့ရတဲ့ Quick Pro စာအုပ်လေးကို မှတ်မှတ်ရရ မုန့်ဖိုးလေး စုပြီး ဝယ်ခဲ့တာပဲ။ ၅၀၀၀ လောက်ရှိမယ်ထင်တယ်။ အခုလည်း ဘယ်သူငယ်ချင်းငှားလို့ ပါသွားပြီလဲမသိဘူး။ တစ်ယောက်ယောက်ကို ငှားလိုက်တာတော့ သိတယ်။ အခုတော့ အဲဒီ စာအုပ်လေးမရှိတော့ဘူး။ နောက်ပြီး BC ကနေ PHP စာအုပ်လေး တစ်အုပ် ငှားပြီး ကူးလိုက်တယ်။

အဲဒီအချိန်မှာ Internet ကိုလည်းကောင်းကောင်းသုံးလို့ရနေပြီ။ blog လည်း စရေးဖြစ်နေပြီလေ။ PHP နဲ့ပတ်သက်ပြီး လေ့လာရင်းကနေ Phpbb ဆိုတဲ့ forum software လေးကို စမ်းသုံးဖြစ်တာပဲ။ နောက်ပြီး အဲလို readymade လေးတွေရှိမှန်းလာတယ်။ တကယ်ဗျာ။ အရမ်းကို သဘောကျသွားတာ။ webdeveloper.com လိုမျိုး လုပ်ချင်တယ်လို့ forum ရေးမယ်ဆိုပြီး online မှာလိုက်ရှာရင်း phpbb ကိုတွေ့သွားတာပဲ။ အဲဒါနဲ့ phpbb ကို အိမ်မှာ စမ်း။ ဟိုဟာကလိလိုက်။ ဒီဟာကလိလိုက်။ မြန်မာလို ပြန်ပြင်လိုက်နဲ့ အလုပ်တွေ တော်တော်လေးကို ရှုပ်ခဲ့သေးတာ။ နောက်ပိုင်းမှာ မြန်မာမိသားစုက ကိုရဲနောင်ကြီးနဲ့ ရင်းနှီးပြီး vbulletin ကို သဘောတွေ့ မနှောခွေ့ခဲ့တာပဲ။ မြန်မာမိသားစုက ကိုရဲနောင်ကိုတော့ ပုဒ္မာမှာ စတွေ့ ခဲ့တာပဲ။ သူ့အကူအညီကြောင့် admin ပိုင်းတွေကို နားလည်လာတာ။ ready made php code တွေလည်း အများကြီးရှိမှန်းသိလာတာ။ ဘယ်လိုရှာရမယ်။ ဘယ် site တွေမှာရှိတယ်။ စတာတွေကို သိလာရတာ။ နောက်ပိုင်း MZ ကို လုပ်ဖြစ်လိုက်တာပဲ။ အဓိကတော့ webdeveloper.com ကို အားကျလွန်းလို့။ PHP လေ့လာတုန်းက အမြဲအဲဒီ site ကို ဝင်ဖတ်တယ်။ လေ့လာတယ်။ ဘာပြသနာတွေရှိရှိ ဝင်ဝင်မေးတတ်တယ်။ မြန်မာလို မေးလို့ရတဲ့ site ရှိရင်ကောင်းမယ်ဆိုပြီး MZ ကို ဖြစ်ခဲ့တာပဲ။

ကျွန်တော် blog ပေါ်မှာ ကိုဝေဖြိုးရဲ့ blog ကိုအရမ်းသဘောကျတာ။ အခုတော့ သူမအားတာနဲ့ နောက်ပိုင်း မရေးဖြစ်တော့ဘူး။ ဘာလို့ အရမ်းကြိုက်လည်းဆို ကျွန်တော် လက်လှမ်းမမှီတဲ့ နည်းပညာတွေ စလုံးအကြောင်းတွေ နောက်ပြီး Apple အကြောင်းတွေ ကိုကောင်းကောင်းသိရလို့ပဲ။ သူရန်ကုန် ပြန်ရောက်တော့ သူနဲ့စကားတော်တော်ပြောဖြစ်တယ်။ အဲဒီမှာ Ubuntu ကိုစမ်းသုံးဖို့ သူအကြံပေးတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ Blog ပွဲနေ့မတိုင်ခင်တည်းက ကျွန်တော်က Zawgyi အတွက် Linux keyboard လုပ်ဖို့အတွက် ကြိုးစားနေတာ။ နောက်တော့ ကိုရဲမြတ်သူ ပေးတဲ့ resource နဲ့ OpenSuse မှာ အဆင်ပြေပြေနဲ့ ရသွားတယ်။ အဲဒါနဲ့ Linux ပိုင်းကို နည်းနည်းစိတ်ဝင်စားလာတယ်။ ဒါပေမယ့် သေသေချာချာ မသိသေးဘူး။ အဲဒီအချိန်မှာ ဝေဖြိုးက Ubuntu ကို အကြံပေးတာနဲ့ သူနဲ့အတူတူ Ubuntu 6.04 DVD ခွေသွားဝယ်ဖြစ်လိုက်ပါတယ်။ အဲဒီကစပြီး Ubuntu ပေါ်မှာ နေသားတကျမဟုတ်ပေမယ့် တော်တော်လေးကို နားလည်သလိုလို ဖြစ်လာခဲ့တယ်။ သေသေချာချာ တော့ မတတ်သေးဘူးပေါ့။ နောက်ပိုင်း Laptop လေးရမှ Ubuntu ကို အင်တာနက် သုံးလို့ရတော့မှ Ubuntu ကို လုံးဝကို သဘောကျ နှစ်ခြိုက်သွားခဲ့တာပါ။ Internet မရရင်တော့ Ubuntu ဟာ Windows လောက်အရေးမပါတာ သေချာသလောက်ပါပဲ။ နောက်ပိုင်းတော့ Ubuntu ပေါ်မှာပဲ PHP ရေးဖြစ်တယ်။ PHP နဲ့ရေးထားတာလေးတွေ စမ်းဖြစ်တယ်။ နောက်ပိုင်း Windows ထက် Ubuntu ပေါ်မှာ အချိန် ပိုကြာကြာသုံးဖြစ်လာတယ်။ Windows ကိုတော့ Game ကစားဖို့ သက်သက်ပဲ သုံးဖြစ်လာခဲ့တာပဲ။

ကျွန်တော် webdeveloper တစ်ယောက်လား။ Programmer တစ်ယောက်လား။ အမှန်တိုင်းပြောရရင် webdeveloper တစ်ယောက်လို့တောင် ပြောလို့မရဘူး။ ကျွန်တော် ဖန်တီးဖူးတဲ့ website တွေအကုန်လုံးက joomla မဟုတ်ရင်လည်း တခုခုသော PHP CMS နဲ့ပဲ အသုံးပြုဖြစ်ခဲ့တာပဲလေ။ web site တစ်ခုလုံးကို ဖန်တီးမှုပဲ ရှိတယ်။ ချယ်သမှုပဲရှိတယ်။ code တွေထဲကို ဝင်ရောက်ရေးဆွဲမှုက ရှားတယ်။ လိုအပ်တာတွေပဲ ဖြည့်တာများတယ်။ ကျွန်တော့်အတွက်တော့ ကျွန်တော်ဟာ web developer အရည်အချင်းမရှိဘူး။ administration ပိုင်းကိုပဲ ပိုနှစ်သက်ခံမင်မိတယ်။ ဖန်တီးချယ်မှုန်းရတာပဲ ကျေနပ်မှုတယ်။ ကျွန်တော် PHP မရေးတတ်တော့ဘူးမဟုတ်ပါဘူး။ ရေးနိုင်သေးတယ်။ ရေးတတ်သေးတယ်။ code တွေလည်း လေ့လာသေးတယ်။ နောက်ပြီး mootools ကိုပါလေ့လာဖြစ်တယ်။ ဒါပေမယ့် အဲဒါတွေကို သီးသီးသန့်သန့်လေ့လာဖို့ပဲ သုံးဖြစ်တယ်။ အစအဆုံး ရေးဆွဲမိတာ တစ်ခါမှမရှိဘူး။ သူများတွေ ဘယ်လိုရေးထားတာလဲဆိုတာကို သိဖို့အတွက် AJAX ကို လေ့လာထားတယ်။ AJAX ဆိုလို့ mootools ကိုပဲလေ့လာဖြစ်တာ။ ကျွန်တော်ဟာ webdeveloper တစ်ယောက်လို့ ကိုယ့်ကိုယ် မပြောဝံ့ပါဘူးဗျာ။

4 Comments

  1. ကျွန်တော်လည်း တူတူပဲဗျို့ …. ဖြတ်ညှပ်ကပ်ဆရာလို့ ပြောရရမယ်ထင်တယ် … ဟိဟိ

  2. MrDBA says:

    ကိုပီဇီ အတွက်ကတော့ မလိုတော့ဘူး စေတန်ကတော့ ရှေ့ဘာဆက်လုပ်မလဲ သေချာစဉ်းစားပြီး သေချာ အစအဆုံးရေးတတ်အောင် လုပ်သင့်တယ်ထင်တယ်။ ကိုယ်ပိုင် Outsourcing ဘဲလုပ်လုပ်၊ သူများဆီမှာဘဲ developer လုပ်လုပ် သေချာတတ်ထားရလိမ့်မယ်။ ငယ်တုန်း အချိန်မဖြုန်းပါနဲ့။

  3. လိုက်တု ပြီးတော့ ကြိုးစားလိုက်ဦးမယ်

  4. saturngod says:

    @MrDBA ကြိုးစားနေပါတယ်…. ကို DBA ရေ… ကျွန်တော် ရှေ့ဆက်ဖို့ တစ်ခုခုတော့ လုပ်မှရမယ်..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.