MZ blog မှာ ရေးနေပေမယ့် comment ကတော့ မလာ။ iOS development နဲ့ ပတ်သက်ပြီး ဘာ tutorial ကို ရေးစေချင်လဲမသိဘူး။ ကျွန်တော် ဒီ weekend မှာတော့
- Edit Button to Done Button in UITableView
- Arrange UITableviewcell
အဲဒီ ၂ ခုတော့ ရေးဖို့ရှိတယ်။ အခုတလော mmtutorial မှာ ကြည့်လိုက်လည်း feedback တွေကို မတွေ့ရဘူးဗျ။ ကျွန်တော်တို့ တစ်လမ်းသွားတွေလား ? tutorial တွေသာ ရှိပြီး ပြန်မေးတဲ့ သူတွေမရှိဘူး။ တနည်းပြောရင် high school ကျောင်းမှာ သင်သလို အသင်ပဲ ရှိပြီး အမေးပြန်မလာသလိုပဲ။
တကယ်တန်းတော့ လေ့လာသူတွေအနေနဲ့လည်း ပွင့်ပွင့်လင်းလင်း မသိတာ ရှိရင် သက်ဆိုင်ရာ blogpost မှာ မေးသင့်တယ်။ မေးရဲသင့်တယ်။ အများအားဖြင့် ကိုယ်မေးလိုက်တဲ့ မေးခွန်းဟာ ရယ်စရာ များဖြစ်နေမလားဆိုပြီး မစဉ်းစားနေသင့်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်လိုပဲ သိချင်တဲ့သူတွေရှိမှာပဲ။ ခက်တာက မမေးရဲတဲ့သူတွေများတော့ မသိကြဘူး ဖြစ်ကုန်ကြတယ်။
ဒါကြောင့် mmtutorials မှာ ဖြစ်ဖြစ် MZ blog မှာ ဖြစ်ဖြစ် မသိတာရှိရင် blog comment မှာ ရဲရဲ ဝင်ရေးစေချင်တယ်။ မသိတာတွေ မေးမှ နားမလည်တာတွေ မေးမှ နောက်ထပ် post တွေကို ကျွန်တော်တို့တွေ ပိုကောင်းလာအောင် ရေးပေးနိုင်မှာ။ ပိုနားလည်အောင် ရေးပေးနိုင်မှာပေါ့။
ပြီးခဲ့တဲ့ UITableView မှာ မှားနေတာတွေ ရှိတယ်။ နောက်တော့မှ တွေ့တယ်။ Like ထားတာတွေရှိပေမယ့် မှားနေတာတွေ မတွေ့ဘူးနဲ့တူတယ်။ တနည်းပြောရင် ကျွန်တော်တို့ ရေးတဲ့အထဲမှာလည်း တစ်ခါတစ်လေ မှားနေတာတွေရှိတယ်။ ထောက်ပြလို့ရတယ်။ ထောက်ပြသင့်ရင် ထောက်ပြရမှာပဲ။ ဒါမှ ကျွန်တော်တို့တွေ မှားနေတဲ့အပိုင်း လွတ်သွားတဲ့ အပိုင်းတွေ ပြန်ရှင်းနိုင်မှာပါ။
Leave a Reply