စနေနေ့က အိပ်ရာနိုးကတည်းက client site ကို သွားလိုက်ရတာ။ အရေးထဲ taxi ကို bill စာရွက် တောင်းထားလိုက်ဖို့ မေ့လိုက်တော့ ရုံးက ပိုက်ဆံပြန်ရမရက မသေချာဘူး။ ညနေ ၃ နာရီခွဲမှပြီးလို့ taxi နဲ့ ပြန်လာလိုက်တာ မိုးက လမ်းမှာရွာနေတာနဲ့ ငိုက်လို့ကောင်းကောင်းနဲ့ စီးသွားလိုက်တာ။ အိမ်ရှေ့ရောက်တော့ ပိုက်ဆံ ရှင်းပြီး bill စာရွက်တောင်းဖို့တောင် မေ့သွားတယ်။ စနေနေ့ကလည်း MZ 2.0 တောင် မလုပ်နိုင်လိုက်ဘူး။ အိမ်ရောက်တော့ ခဏနားပြီး iPhone SDK အတွက် sqlite ကို နည်းနည်းဖတ်ကြည့်လိုက်တယ်။

ဖတ်ဖူးတာကတော့ ကြာပြီ။ သူပေးတဲ့ example ပဲ run ဖူးတယ်။ ကိုယ့် database နဲ့လည်း မ run ဖူးတော့ ornagai လေး ရေးကြည့်မယ်ဆိုပြီး ရေးလိုက်တာ။ အားပါး… တော်တော်ခက်တာပဲ။ sqlite ကို တကယ့်ကို စလန်ခါလောက်အောင် ပေါက်သွားတာ။ MySQL ကနေ sqlite database တစ်ခုကို ရအောင် မနည်းလုပ်လိုက်ရတယ်။ csv နဲ့လုပ်တော့လည်း အဆင်က သိပ်မပြေ။ နောက်ဆုံးတော့လည်း ကိုယ့်ဘာသာကိုယ် SQL statement ပြန်ပြင်ရေးပြီးတော့ ထည့်လိုက်မှပဲ အဆင်ပြေသွားတော့တယ်။ Tool တွေ စမ်းသုံးနေရတာ တော်တော် အချိန်ကုန်တာပဲ အဖတ်တင်တယ်။ database ရသွားပြန်တော့ sqlite နဲ့ iPhone SDK ပေါင်းရေးရတာ တော်တော်လက်ပေါက်ကပ်တာပဲ။ နောက်တော့ ချိတ်လို့ရသွားတာနဲ့ စနေနေ့ည အိပ်လိုက်တယ်။ ကြည့်လိုက်တော့ ၄ နာရီ ထိုးနေပြီ။

ထုံစံအတိုင်း Sunday ဆိုတော့ ၁၁ နာရီလောက်မှ ထစမြဲပဲ။ ညကတည်းက ရေးထားတဲ့ လက်ကျန်လေး ဦးဏှောက်ကမပျောက်သွားအောင် ပြီးအောင် ချမယ်ဆိုပြီး ချလိုက်တာ။ ညနေ ၄ နာရီခွဲ လောက်ပြီး။ အချောသတ်တော့ ၅ နာရီခွဲလောက်တော့ ပြီးသွားတယ်။ sqlite နဲ့ objective c တွဲရတာ ရေးဖူးသမျှ database driven programming တွေထဲမှာ လက်ပေါက်အကပ်ဆုံးနဲ့ အခက်ဆုံးပဲ။ စဉ်းစားကြည့်ဗျာ။ sql တစ်ခုမှာ စာရှာပါမယ်ဆိုမှ string နဲ့ ရှာလို့မရ။ char ပြောင်းရတယ်။ အဲ.. ပြီးတော့ မပြီးသေးဘူးဗျ… အဲဒီ char အရေအတွက်ကိုလည်း ရှာတဲ့အခါမှာ char အရေအတွက် ဘယ်နှစ်ခုပါ ဆိုပြီး ထည့်ပေးရသေးတယ်။ တော်တော်လေးကို လက်ပေါက်ကပ်တယ်။

iPhone Objective C က တော်တော်လေးကို ကောင်းသလို ရေးရတာလည်း တော်တော်ခက်တယ်လို့ ဆိုရမလားပဲ။ Text search အတွက်ကလည်း keyboard အတွက် TextField ကို UITextFieldDelegate မလုပ်ထားခဲ့ရင်လည်း textFieldShouldReturn က အလုပ်မလုပ်။ အဲနောက်ပြီးတော့ searchText.delegate = self; ဆိုပြီး UITextField အတွက် Return value အလုပ်လုပ်ဖို့အတွက် ထည့်ပေးရသေးတယ်။ ဘာပဲပြောပြော ပညာကတော့ တော်တော်ရသွားတယ်။ Objective C ကိုလည်း တော်တော်လက်လန်သွားတယ်လို့ ဆိုရမယ်။ အကုန်လည်းပြီးရော လူလည်း ဘာမှ မလုပ်တော့ပဲ အိပ်သွားပါလေရော။ နောက်လလောက်ဆိုရင် Apple Store ပေါ်တော့ တင်မယ်။ Free ဖြစ်မလား မဖြစ်ဘူးလားတော့ မသိသေး။ free ဖြစ်ဖို့များပါတယ်။ မဖြစ်ဖူးဆိုရင်တော့ $100 ရတဲ့အထိ free မဖြစ်ဘူးပေါ့။ $100 ရပြီဆိုရင်တော့ free ပြန်ပေးဖို့များတယ်။ လက်ကတွန့်နေတယ်။ Apple Dev ဝင်ဖို့အတွက် $99 ဆိုတာကြီးကို တော်တော်လက်တွန့်နေတာ။ ငယ်ငယ်တုန်းကလို စိတ်ဓာတ်နဲ့ဆိုရင်တော့ ပိုက်ဆံစုပြီး ဝင်လိုက်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာက ကိုယ်က ပိုက်ဆံ ဖြုန်းတဲ့အရွယ်မဟုတ်တော့ $99 ဆိုတာကြီးကို တော်တော်လေးကို လက်တွန့်နေသေးတာ အမှန်ပဲ။

6 responses to “Ornagai iPhone”

  1. Any difference between this one and web version for iphone, bro ? btw, if you’re going to register for iphone dev license, we would love to see zawgyi font on iphone through app store !! thanks.

    1. more faster than website. can use offline. More easy to use. I will register for iPhone Dev license ,soon.

  2. အမယ်..ပိုက်ဆံဖြုန်းတဲ့ အရွယ်မဟုတ်တော့တဲ့..
    တော်တော်လိမ်မာတာပဲ..။:P

  3. ကြားရတာ ဝမ်းသာပါတယ်။မြန်မြန်လေးနော်။

  4. အစ်ကို….မြန်မြန်လေး APP Store မှာတင် ဘာဗျာ။ မြန်မာ developer တစ်ယောက်ရဲ့ APP ဆိုရင်တော့ ပိုက်ဆံကုန်ရင်လဲကုန်ပာစေ အားပေးပာမည်။ (ဒာပေမယ့် free ဆိုရင်တော့ပိုကောင်းတာပော့။ ဟီးဟီး):P

  5. ကိုဆေတန် ရေ ကျွန်တော်ကတော. window အတွက် ornagi data file ကို ယူ ပီး wedict pro 1.2 ထဲမှာ run တာ အတော် အဆင်ပြေပါတယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.