Ornagai v3 beta

Ornagai website v3 ကို ရေးနေတာ နှစ်တွေ တောင် တော်တော်ကြာသွားတယ်။ တကယ် စရေးဖြစ်တာကတော့ လွန်ခဲ့တဲ့ ၂ ပတ် စနေ တနင်္ဂနွေမှ လို့ ဆိုရမယ်။ Front end ပိုင်းကို မစခင်ကတည်းက backend ပိုင်း တော်တော်များများကို silm ကို အသုံးပြုပြီး ရေးထားတော့ အကြမ်းလောက်တော့ ပြီးထားပြီးသား။ Angualr-JS ကို လေ့လာပြီးတော့ ဒီ တစ်ခေါက်တော့ Angular JS နဲ့ လုပ်မယ်ဆိုပြီး ရေးဖြစ်လိုက်တော့ beta အဆင့်လောက် ထိ ပြီးသွားတယ်။ Saing Myanmar , English Dictionary ကိုလည်း ခွင့်တောင်းပြီးတော့ v3 မှာ ပေါင်းထည့်ထားပေးတယ်။

Ornagai V3 ကို only jquery , ember js , angular-js စတာတွေနဲ့ လုပ်ဖြစ်ခဲ့တယ် ဆိုရမယ်။ jquery ကြီးနဲ့ အကြမ်း လုပ်တုန်းကတော့ backend အကြမ်းထည်တာ ပြီးခဲ့တယ်။ ember js နဲ့ ရေးဖို့ ကြိုးစားတော့ design အဆင့်လောက်တာ ပြီးသွားပြီး ember js က ထင်တာ ထက် ရေးရတာ ခက်နေတယ်။ အခု angular-js နဲ့ ကတော့ ထင်ထာ ထက် ပိုလွယ်ပြီး ၂ ပတ်လောက် မှာ မြန်မြန် ဆန်ဆန် ပြီးသွားတယ် ဆိုရမယ်။

website တစ်ခုလုံးက web app လို့ ဆိုရမယ်။ backend အကုန်လုံးကို restful api နဲ့ အသုံးပြုထားတယ်။ web app ရေးတဲ့ နေရာမှာ angular-js က အတော်လေးကို powerful ဖြစ်ပြီးတော့ လွယ်တယ်လို့ ဆိုရမယ်။ အခု ရေးထားတဲ့ အပိုင်းမှာ routing မထည့်ထားရသေးတော့ routing ပြန်ပြင်ဖို့ လိုအုံးမယ်။

ထပ်ပြီး ထည့်စရာတွေကတော့

  • Routing
  • Text to speech (Google API)
  • Comments
  • Omnisearch
  • Full Restful API
  • Star-Dict Dictionary
  • TSV files

ဒီတစ်ခေါက်တော့ v3 မှာ full restful api ပေးနိုင်အောင်တော့ ကြိုးစားကြည့်ရမယ်။ လုပ်စရာတွေတော့ တော်တော်များများ ကျန်သေးတယ်။ အနည်းဆုံးတော့ အကြမ်းထည် ပြီးသွားပြီ ဆိုတော့ အမြန်ဆုံး အချောသတ်နိုင်အောင် ကြိုးစားရမှာပဲ။

Beta version ဖြစ်တဲ့ error လေးတွေ ရှိနိုင်တယ်။ http://discuss.ornagai.com/ မှာ bugs report လုပ်နိုင်သလို ornagai website နဲ့ ပတ်သက်တာတွေလည်း မေးမြန်းနိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.