Ornagai v3 beta

Ornagai website v3 ကို ရေးနေတာ နှစ်တွေ တောင် တော်တော်ကြာသွားတယ်။ တကယ် စရေးဖြစ်တာကတော့ လွန်ခဲ့တဲ့ ၂ ပတ် စနေ တနင်္ဂနွေမှ လို့ ဆိုရမယ်။ Front end ပိုင်းကို မစခင်ကတည်းက backend ပိုင်း တော်တော်များများကို silm ကို အသုံးပြုပြီး ရေးထားတော့ အကြမ်းလောက်တော့ ပြီးထားပြီးသား။ Angualr-JS ကို လေ့လာပြီးတော့ ဒီ တစ်ခေါက်တော့ Angular JS နဲ့ လုပ်မယ်ဆိုပြီး ရေးဖြစ်လိုက်တော့ beta အဆင့်လောက် ထိ ပြီးသွားတယ်။ Saing Myanmar , English Dictionary ကိုလည်း ခွင့်တောင်းပြီးတော့ v3 မှာ ပေါင်းထည့်ထားပေးတယ်။

Ornagai V3 ကို only jquery , ember js , angular-js စတာတွေနဲ့ လုပ်ဖြစ်ခဲ့တယ် ဆိုရမယ်။ jquery ကြီးနဲ့ အကြမ်း လုပ်တုန်းကတော့ backend အကြမ်းထည်တာ ပြီးခဲ့တယ်။ ember js နဲ့ ရေးဖို့ ကြိုးစားတော့ design အဆင့်လောက်တာ ပြီးသွားပြီး ember js က ထင်တာ ထက် ရေးရတာ ခက်နေတယ်။ အခု angular-js နဲ့ ကတော့ ထင်ထာ ထက် ပိုလွယ်ပြီး ၂ ပတ်လောက် မှာ မြန်မြန် ဆန်ဆန် ပြီးသွားတယ် ဆိုရမယ်။

website တစ်ခုလုံးက web app လို့ ဆိုရမယ်။ backend အကုန်လုံးကို restful api နဲ့ အသုံးပြုထားတယ်။ web app ရေးတဲ့ နေရာမှာ angular-js က အတော်လေးကို powerful ဖြစ်ပြီးတော့ လွယ်တယ်လို့ ဆိုရမယ်။ အခု ရေးထားတဲ့ အပိုင်းမှာ routing မထည့်ထားရသေးတော့ routing ပြန်ပြင်ဖို့ လိုအုံးမယ်။

ထပ်ပြီး ထည့်စရာတွေကတော့

  • Routing
  • Text to speech (Google API)
  • Comments
  • Omnisearch
  • Full Restful API
  • Star-Dict Dictionary
  • TSV files

ဒီတစ်ခေါက်တော့ v3 မှာ full restful api ပေးနိုင်အောင်တော့ ကြိုးစားကြည့်ရမယ်။ လုပ်စရာတွေတော့ တော်တော်များများ ကျန်သေးတယ်။ အနည်းဆုံးတော့ အကြမ်းထည် ပြီးသွားပြီ ဆိုတော့ အမြန်ဆုံး အချောသတ်နိုင်အောင် ကြိုးစားရမှာပဲ။

Beta version ဖြစ်တဲ့ error လေးတွေ ရှိနိုင်တယ်။ http://discuss.ornagai.com/ မှာ bugs report လုပ်နိုင်သလို ornagai website နဲ့ ပတ်သက်တာတွေလည်း မေးမြန်းနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading