Pogoplug Series 4

Amazon မှာ Pogoplug Series 4 ကို ဈေးသက်သာတာနဲ့ ဝယ်ဖြစ်လိုက်တယ်။ မူရင်းဈေးက US$99 ရှိပြီး အခု ဈေးချနေတာ US$ 39.99 နဲ့ ဝယ်လို့ရပါတယ်။ Pogoplug ကို ဝယ်ချင်တာတော့ ကြာပေမယ့် ဈေးကြီးတာကြောင့် မဝယ်ဖြစ်ဘူး။ US$39.99 ပေမယ့် စလုံး ရောက်တော့ shipping charges အပါအဝင် S$70 လောက်ဖြစ်သွားတယ်။

Pogoplug က cloud device ဆိုတာထက် backup device ဆိုရင် ပိုမှန်မယ်။ ကိုယ့် external hard disk ကို pogoplug မှာ တတ်ထားပြီးတော့ pogoplug website ကနေ ဝင်ပြီးတော့ download ချလို့ရသလို upload လုပ်လို့လည်းရတယ်။ ဒါ့အပြင် pogoplug app ကို သွင်းထားပြီးတော့ windows နဲ့ mac မှာ network drive လိုမျိုးပေါ်လာပါတယ်။ local network ထဲမှာဆိုရင် အင်တာနက်ပေါ်က မသွားတော့ပဲ local network ကနေ သွားတဲ့အတွက် မြန်ပါတယ်။ network ပေါ်ကနေ ရုပ်ရှင်ကြည့်မယ်ဆိုရင်တော့ 4GB လောက် ရှိတဲ့ file တွေ ဆိုရင် တော်တော်လေးကို ဖတ်တာ နှေးတဲ့အတွက် နှေးနေပါတယ်။ KMPlayer မသုံးပဲ Plex နဲ့ ကြည့်တာတော့ အဆင်ပြေပါတယ်။ VLC နဲ့လည်း နှေးနေပါတယ်။

Network Drive ကို upload တင်တာတော့ USB 3 လောက် မမှန်ပေမယ့် 10 – 20 MB/s လောက်သွားတဲ့ အတွက် အရမ်းကြီးတော့ အနှေးကြီး မဟုတ်ပါဘူး။ wireless နဲ့ copy လုပ်တာကြောင့်လည်း နှေးတာပါပါလိမ့်မယ်။ Pogoplug ရဲ့ ပြသနာက hard disk ကို ပြန်ဖြုတ်ချင်ရင် website ထဲကနေ eject လုပ်ပေးရပါတယ်။ ဒီအတိုင်း USB ကို ဆွဲဖြုတ်လိုက်ပြီး ပြန် တပ်ရင် hard disk ကို မသိတော့ဘူး။ ဒါကြောင့် ဖြုတ်မယ်ဆိုရင် Website မှာ Eject လုပ်ခဲ့ဖို့လိုတယ်။ နောက်ပြီး default setting အရ ဆိုရင် hard disk ကို mount လုပ်ပြီးတာနဲ့ scan လုပ်တယ်။ video ပါရင် HTML မှာ ကြည့်လို့ရအောင် format ပြောင်းတာတွေ လုပ်နေပါတယ်။ တကယ်လို့ hard disk နာမှာ ဆိုးလို့ နောက်ပြီး ပူမှာ ဆိုးလို့ မလုပ်ချင်ရင် http://my.pogoplug.com/settings က Media မှာ setting ပြင်ပေးဖို့လိုပါတယ်။

Stream photos, videos and music to your PS3™ and Xbox 360 လုပ်ထားခဲ့ရင် UPnP server ဖွင့်ပေးပါလိမ့်မယ်။ iOS ကနေဆိုရင် Ace , MoliPlayer စတဲ့ UPnP ကို support လုပ်တဲ့ player တွေနဲ့ video ကို ကြည့်လို့ရပါတယ်။ computer ဖွင့်စရာ မလိုပဲ ကိုယ့် local network မှာ external hard disk က video တွေ ကြည့်လို့ရပါတယ်။ ၄ ရက်လောက် တောက်လျှောက် ဖွင့်ထားပေမယ့် အပူကတော့ အနည်းငယ်တာ ရှိတဲ့အတွက် မဆိုးလှပါဘူး။

ပုံမှန်အားဖြင့် pogoplug ရဲ့ forum နဲ့ help desk က သိပ်ပြီး အသုံးမဝင်လှတာကို တွေ့ရပါတယ်။ မေးခွန်းတော်တော်များများကို ပြန်ဖြေထားတာ မတွေ့ရပဲ အသုံးပြုသူ အတော်များများက supporting ကို မကြိုက်ကြဘူး။ နောက်ပြီးတော့ ကိုယ့် အိမ်က internet က upload bandwidth ဖိုးပေးရရင်တော့ pogoplug ကို မသုံးသင့်ပါဘူး။ upload bandwidth အရမ်းသုံးပါတယ်။ internet က stable ဖြစ်ပြီး unlimited bandwidth ရတဲ့ connection နဲ့မှသာ အဆင်ပြေမှာပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.