MMFontFallBack Mac App

Mac OSX 10.8 မှာ မြန်မာစာ ပါဝင်လာပြီးတော့ ဇော်ဂျီ ကောင်းစွာမပေါ်တော့လို့ သူ့မှာ ပါတဲ့ မြန်မာစာကို ဖျက်ပစ်ရတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော် blog ရေးတဲ့အခါမှာလည်း OS မှာ ပါဝင်တဲ့ MyanmarMN က စာလုံးတွေ မမှန်တဲ့အတွက် စာရိုက်တဲ့အခါမှာလည်း အဆင်မပြေလှပါဘူး။ ဒါကြောင့် ဒီနေ့ fallback fix လုပ်နည်းလေး စဉ်းစားမိပြီး စမ်းကြည့်တာ အောင်မြင်သွားပါတယ်။ ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ /System/Library/Frameworks/CoreText.framework/Versions/A/Resources အောက်က fallback plist လေး ပြင်ပေးလိုက်ရင်ရပါတယ်။ လူတိုင်း အသုံးလွယ်အောင် Mac OSX app လေး လုပ်ထားတယ်။ ကြိုက်တဲ့ font ကိုရွေးပြီးတော့ Update Fall Back လေးကို နှိပ်လိုက်ရင်ရပါပြီ။ ဒါဆိုရင် မြန်မာစာအတွက် fall back အားလုံးက ရွေးထားတဲ့ font ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ original အတိုင်း ပြန်ဖြစ်ချင်ရင်တော့ Back To Original ကို နှိပ်လိုက်ရင် ရပါတယ်။

mmfontfallback

Update: v 1.1

Download Here

28 Comments

  1. Thurein says:

    thank you … hope it works .. i have been in trouble with fonts

  2. sithu says:

    sorry bro, အခုပဲ ရသွားပါပြီ font book မှာ myanmar font disable လုပ်လိုက်ပါတယ် font confict ကလည်း ဖြစ်နေသေးတယ်ဗျာ အခုတော့ စာရေးသမျှ အကုန်မြင်ရပါပြီ
    previous comment ကို ပြန်ဖြုတ်လို့ မရတော့လို့ ပါ။ ကျေးဇူးပါ။

    1. saturngod says:

      ပုံမှန် အတိုင်းဆိုရင် Update Fall Back ကို လုပ်လိုက်တာနဲ့ ရပါတယ်။ နဂိုမူရင်းပါတဲ့ font ကို disable ဒါမှမဟုတ် remove လုပ်စရာ မလိုပါဘူး။ font တွေ conflict ဖြစ်နေတာကြောင့် ဖြစ်မယ်ထင်တယ်။

  3. Kyaw Phyo Wai says:

    Mac OSX က Viber မှာ Myanmar စာအမှန်မြင်ရအောင် လုပ်လို့ရသလားခင်ဗျာ

    1. saturngod says:

      zawgyi may working fine. But viber can’t render unicode text

  4. sai zaw linn htun says:

    ကျနော့် Mac မှာ မြန်မာစာအသုံးပြုလို့ရပါသေးတယ်…အကိုတင်ပေးထားတဲ့ ယခု version ကို update လိုမလိုသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ် အကို့ဘလော့ကနေ နည်းပညာဗဟုသုတတွေ ရရှိတဲ့အတွက်။

  5. I already use fall back in viber, but it doesn’t work in Viber Myanmar font. Thanks

  6. Myo Thiha Soe says:

    hi bro . i do fallback on my mac . but its ok before restart . after restart my mac .ေ and ် only can see on viber. How can i do bro . thanks

    1. saturngod says:

      are you using latest version of viber ? Let me test. I didn’t use viber in mac and I am note sure about that now.

    2. saturngod says:

      Do you have font ? Look like you don’t have font in your mac. I tested on latest version and update fallback font with zawgyi , it’s working fine.

  7. Nyi Min San says:

    i try to make fallback, but i still didn’t seen mm font in viber. Already installed zawgyi font and my viber is version 4.2.1. By the way, i am using osX 10.9.4 with Zawgyi KB. Can you kindly help me out?

    1. saturngod says:

      ဇော်ဂျီတော့ မြင်ရတယ်။ ဒါပေမယ့် ရိုက်လို့ မရတာလား မသိဘူး ? ကျွန်တော်ကတော့ keymagic သုံးပြီး ရိုက်တာ အဆင်ပြေပါတယ်။ တခြား နေရာတွေမှာ ဇော်ဂျီလို ရိုက်ရင် မြင်ရလား ?

  8. Thaw Zin says:

    (1)Viber မှာဇော်ဂျီတော့မြင်ရတယ်။ ရိုက်တဲ့အချိန်မမြင်ရတာပါ၊ အခြားနေရာတွေမှာ အကုန်မြင်ရပါတယ်။ ပို့ပြီးသွားရင်တောင်မြင်ရပါတယ်။ Keymagic ဆိုရင်လည်း ဘယ်လိုဆက်လုပ်ရမယ်ပြောပြပေးပါအုံးဗျာ။ (2)ယူနီကုတ်လည်း အကုန်ဖတ်လို့ရပါတယ်။ ရိုက်ရင် ယူနီကုတ်အစစ်မရသေးပါဘူးဗျာ။ Myanmar-QWERTY ထည့်ထားတာပါ။ ကျနော်ယူနီနဲ့ရိုက်ပြီး ယူနီမရှိတဲ့ ဖုန်းမှာ ဖတ်ရနေတတ်လို့ပါ။ ပြောပြပေးပါအုံး အကိုရေ

    1. saturngod says:

      viber က ဘယ် OS မှာ သုံးတာလဲ ? Windows လား mac လား ? ယူနီကုဒ် ရိုက်မယ်ဆိုရင်တော့ ကျွန်တော်ကတော့ keymagic ကို အသုံးပြုပါတယ်။

  9. Thaw Zin says:

    အခုအကိုရှင်းပြထားတဲ့အတိုင်းကြိုးစားကြည့်ပြီးပါပြီ။ framewarks ထဲကလည်း CoreText.framework မပါပါခင်ဗျ။ ်flallback software လေးသွင်းတော့လည်း မရသေးလို့ပါခင်ဗျ။ viber မှာ အခက်အခဲဖြစ်နေတာပါ။ ယူနီကုတ်အတွက် အဆင်ပြေတဲ့အမှန် keyboard လေးလည်းပြောပြပေးပါအုံးခင်ဗျ။ ကျေးဇူးတင်ပါတယ်။

    1. saturngod says:

      ကျွန်တော် ရှင်းပြထားတာက Mac OS X အတွက်ပါ။ Mac OS X မှာ /System/Library/Frameworks/CoreText.framework/Versions/A/Resources ဆိုတဲ့ ပတ်လမ်းကြောင်းရှိပါတယ်။ တခြား Windows နဲ့ Linux အတွက် support မလုပ်ပါဘူး

  10. tun lin says:

    ဖွင့်လို့ မရ ဖြစ်နေတယ်ဗျာ့

    1. saturngod says:

      နောက်ဆုံး mac version နဲ့ မရဘူး ဖြစ်နေပါတယ်။ အနည်းငယ် ပြန်ပြင်ဖို့လိုအပ်ပါတယ်။

      1. Ko Lay says:

        Mac Pro ရဲ့ Viber မှာ မြန်မာလို အဆင်မပြေပါဘူး နည်းလမ်းလေးရှိရင်ပြောပေးပါဦးခင်ဗျာ

        1. saturngod says:

          you need to enable SIP. http://www.macworld.com/article/2986118/security/how-to-modify-system-integrity-protection-in-el-capitan.html

          1. Restart your Mac.
          2. Before OS X starts up, hold down Command-R and keep it held down until you see an Apple icon and a progress bar. Release. This boots you into Recovery.
          3. From the Utilities menu, select Terminal.
          4. At the prompt type exactly the following and then press Return: csrutil disable
          5. Terminal should display a message that SIP was disabled.
          6. From the  menu, select Restart.

  11. Ken Zo says:

    My viber version is 7.9.5 and it’s ok working with fall back app bro.
    Is there any update ?
    Thanks

    1. saturngod says:

      sorry bro. viber will not work. only way is remove all the unicode font to see myanmar font on viber.

  12. MacOs Sierra မှာမရဘူး ဖြစ်နေတယ် အစ်ကို။ ဘယ်လို လုပ်လို့ရမလဲဗျ ? version 10.12.4 ပါ။

    1. saturngod says:

      you need to disable System Integrity Protection (SIP)

  13. mrtharlon says:

    macOS High Sierra version 10.13.4 သုံးနေပါတယ် ခင်ဗျာ။
    အရင်က laptop တစ်ခုလုံး မြန်မာစာ သုံးလို့ ရနေပါတယ်။
    အခု viber version အသစ်လို့ message ပေါ်လာလို့ update လုပ်မိလိုက်တော့မှ viber တစ်ခုတည်းမှာ မြန်မာစာ မရတော့ပဲ အနက်ရောင် လေးထောင့်တုံးတွေ ဖြစ်သွားပါတယ်။
    အခု viber နောက်ဆုံး update version က 8.7.0 ပါ ခင်ဗျာ။

    ဘယ် မြန်မာ font ကို အသုံးပြုလို့ အဆင်ပြေနိုင်မလဲ သိချင်ပါတယ် ခင်ဗျာ။
    ကျေးဇူးတင်ပါတယ်။

    1. saturngod says:

      viber မှာ က မြန်မာစာ မပေါ်ဘူး ခင်ဗျ။

  14. MM Songs Lover says:

    viber မှာ မြန်မာစာမမှန်ဘူးအစ်ကို တစ်ချက်လောက်သင်ပြပေးပါအုံး

    1. saturngod says:

      it’s not working anymore

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.