Preparing Ornagai For iOS 9

iOS 9 မကြာခင်ထွက်တော့မှာ ဖြစ်တာကြောင့် ornagai ကို iOS 9 အတွက် ပြန်ပြင်ဖို့ လုပ်ကြည့်တယ်။ လက်ရှိ Ornagai code က အတော်လေးကို ကြာနေပြီဖြစ်တာကြောင့်ရယ် နောက်ပြီးတော့ Swift 2 ကို စမ်းကြည့်ချင်တာကြောင့် Swift 2 နဲ့ အစကနေ ပြန်ရေးကြည့်တယ်။ Swift နဲ့ ပြန်ရေးတဲ့ အခါမှာ Xcode 7 မှာ အတော်လေးကို အဆင်ပြေလာတာကို တွေ့ရတယ်။

Xcode 6 ကတော့ Swift နဲ့ သိပ်အဆင်မပြေလှဘူး။ Project က ကြီးလာလေလေ ပြဿနာက များလေလေပဲ။ Syntax Highligting တွေ ပျောက်တာ နောက်ပြီးတော့ Build လုပ်ရင် အကြာကြီး စောင့်ရတယ်။ Xcode 6 မှာ Swift ကို သုံးပြီးတော့ Project တစ်ခုကို production အတွက်ရေးရင်း တဖြည်းဖြည်းကြီးလာတော့ compile လုပ်ရင် ၁ နာရီ ကျော်တောင် စောင့်ရတယ်။ Code တစ်ခုလေးပြောင်းပြီး build လုပ်တာတောင် အတော်လေးကို ကြာတာနဲ့ Objective-C ကို အစ ကနေ ပြန်ရေးလိုက်ရတဲ့ နောက်ပြီး Swift ကို production အတွက် မသုံးရဲတော့ဘူး။ Logic အတူတူ code လည်း အတူတူပဲ ဖြစ်ပေမယ့် Swift က Xcode 6 မှာ အတော့်လေးကို လေးတယ် နှေးတယ်။ Objective-C နဲ့ မတူတာက သူက code ရေးလိုက်တိုင်းမှာ compile လုပ်ပေးနေတာကြောင့် ကြာလာလေလေ နှေးလာလေလေ ဖြစ်တာနဲ့ တူပါတယ်။ ဒါမှမဟုတ် ကျွန်တော့် ရဲ့ 12 inch Macbook က နှေးနေတာကြောင့်လားတော့ မသိပါဘူး။

Xcode 7 နဲ့ Swift 2 ကို Ornagai ကို ပြန်ရေးတော့ ပြဿနာ တော်တော်များများ ပြေလည်သွားတယ်။ Syntax Highlighting ပျောက်ပျောက်သွားတာ Compile လုပ်တာ နှေးတာတွေ မရှိတော့ဘူး။ iOS 9 မှာ ornagai အတွက် အကြိုက်ဆုံး feature ကတော့ Spotlight Search ပဲ။ Ornagai ကို ဖွင့်စရာ မလိုပဲနဲ့ တစ်ခါတည်း ရှာလို့ရတယ်။

search1

search2

နောက်ပြီးတော့ Multitask ရလာတာကြောင့် စာအုပ်ဖတ်ရင်းနဲ့ ဖြစ်ဖြစ် website ကြည့်ရင်းနဲ့ ဖြစ်ဖြစ် dictionary ကို လွယ်လင့်တကူ ရှာနိုင်ပါပြီ။ Multitasking ကြောင့် ကျွန်တော်တို့တွေဟာ လက်ရှိ project တွေကို auto layout ကို မဖြစ်မနေ အသုံးပြုရပါတယ်။ Autolayout က စသုံးကာစမှာ ရှုပ်ပေမယ့် သုံးနေကျသွားရင်တော့ သဘောကျသွားပါလိမ့်မယ်။ Size အမျိုးမျိုးအတွက် Autolayout က အတော်လေးကို အဆင်ပြေပါတယ်။

multitask

iOS 9 ထွက်တာနဲ့ Ornagai version အသစ်ကို တင်နိုင်အောင် ကြိုးစားကြည့်ပါမယ်။ အခုကတော့ Swift 2 နဲ့ iOS 9 ကို စမ်းတဲ့အနေနဲ့ ရေးထားတာကြောင့် အကြမ်းထည်ကြီးပဲ ဖြစ်နေသေးတယ်။ iOS 9 public release လုပ်ပြီးရင်တော့ အချောသပ်ပြီး ထုတ်ပေးပါမယ်။

1 Comment

  1. KNZ says:

    ကိုစေတန်ရေ.. Ornagai ကို iOS ရော Mac အတွက်ပါ ယူနီကုဒ်လေးပါ ထည့်ပေးစေလိုပါတယ်.. ကျေးဇူးပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.