Facebook က page မှာ ကျွန်တော့် ကို စာ ပို့ပြီးတော့ Unicode ပြောင်းသုံးနေတာကြောင့် လက်ရှိ epub တွေကို unicode ပြောင်းလို့ ရလား လို့ မေးပါတယ်။ ကျွန်တော့်တော့ မသိတာ သေချာတယ်။ ဖြစ်နိုင်တဲ့ နည်းကတော့ လက်ရှိ epub ကို unicode ပြောင်း ၊ ဒါမှမဟုတ် zawgyi ကို support လုပ်တဲ့ android epub reader app ကို သုံးမှ သာ ရပါလိမ့်မယ်။ ဒါကြောင့် node.js နဲ့ ကိုယ့်ဘာသာကိုယ် epub ကို ပြောင်းတဲ့ code ရေးဖြစ်တယ်။

Install

Rabbit-epub ကို သွင်းမယ်ဆိုရင်တော့ ပထမဆုံး node.js သွင်းထားဖို့ လိုပါတယ်။ ပြီးရင်တော့ command line (terminal) ကနေ

npm install -g rabbit-epub

ဆိုပြီး သွင်းလိုက် ရုံပါပဲ။ Windows , Linux , Mac အကုန်လုံးမှာ support လုပ်အောင်တော့ ရေးထားပါတယ်။

ပြီးရင်တော့ command line မှာ rabbit-epub ကို ခေါ်လို့ရပါပြီ။

Usages

Command line မှာ အောက်ကလို အသုံးပြုနိုင်ပါတယ်။

rabbit-epub -i your_epub_file_path -t [zg|uni]

ဥပမာ

Zawgyi Epub ကို Unicode ပြောင်းချင်ရင်

rabbit-epub -i /Users/SampleUser/epub/mybook.epub -t uni

command line run တဲ့ နေရာ အောက်မှာ New_mybook.epub ဆိုပြီး convert လုပ်ပြီးသား file ပေါ်လာပါလိမ့်မယ်။

အသုံးပြုတဲ့ အခါ -i အနောက်မှာ epub ရှိတဲ့ file , -t အနောက်မှာတော့ zg ကို ပြောင်းမှာလား unicode ကို ပြောင်းမှာလား ဆိုပြီး ရွေးတဲ့ option ပါ။

တကယ်လို့ unicode epub ကို zawgyi ပြောင်းချင်ရင်တော့

rabbit-epub -i /Users/SampleUser/epub/unicode.epub -t zg

Opensource

Rabbit-epub က node.js နဲ့ ရေးထားပြီးတော့ opensource ဖြစ်ပါတယ်။ Source code ကို လေ့လာချင်ရင်တော့ Github မှာ ရယူနိုင်ပါတယ်။

7 responses to “Rabbit-Epub”

  1. San Lin Naing Avatar

    For Ubuntu user-
    Installation Node.js and its legacy:
    # sudo apt-get install nodejs
    # sudo apt-get install nodejs-legacy
    # sudo apt-get install npm

    Installation Rabbit-Epub epub converter:
    # npm install -g rabbit-epub

    1. A better (or opinionated) way to install node.js (or io.js) will be with NVM (Node Version Manager) https://github.com/creationix/nvm . You can install multiple version of Node and manage it easily.

  2. Error occurred in win7 when converting to Unicode, No EPub file appeared.
    It shows:
    Events.js:85
    throw er; // Unhandled ‘error’ event
    Error: EEXIST, mkdir ‘C:\Users\Phyo\temp_epub\META-INF’ at Error

    1. Look like error occur when unzip the epub file. I will put error detail in next version.

      What is your node.js version ?

  3. Thanks!
    My version is : node-v0.12.6-x86

  4. […] Rabbit-Epub အကြောင်းကို ကျွန်တော် ရေးခဲ့ဖူးပါတယ်။ Node.js မရှိတဲ့ သူတွေ အတွက် App အနေနဲ့ ပြန်လည် ရေးသားထားပါတယ်။ Windows, Linux , Mac စတဲ့ platform ၃ ခု လုံးကို Support လုပ်ပါတယ်။ Electron ကို အသုံးပြုထားတဲ့ အတွက်ကြောင့် file size ကတော့ 40 MB လောက်ရှိပါတယ်။ Github မှာ download ချနိုင်ပါတယ်။ […]

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading