Read It Later

အခုတလော read it later လေးကို သဘောကျနေတယ်။ ရှိတဲ့ iPad က 3G မရတော့ MRT ပေါ်မှာ စာဖတ်ရတာ သိပ်အဆင်မပြေဘူး။ Ebook တွေကလည်း ဖတ်ချင်တဲ့ စာအုပ်တွေ သိပ်မရှိတော့ဘူ။ Getting Real , Rework ဒါတွေပဲ ထပ်ကာ ထပ်ကာ ဖတ်နေရတော့ မဖတ်ချင်တော့တာလည်း ပါတယ်။ အခြား programming စာအုပ်တွေ လည်း မဖတ်ချင်တော့ဘူး။ အသက်ကလေး ရလာလို့လားမသိဘူး သတင်းတွေလောက်ပဲ ဖတ်ချင်တော့တယ်။ မနက်စောစော စီးစီး သတင်းဖတ်ရတဲ့ အရသာလေးကို သဘောကျနေမိတယ်။ စနေ ၊ တနင်္ဂနွေတွေ ဆိုရင် နိုးနိုးခြင်း ကော်ဖီလေး ဖျော်ပြီး iPad က Pulse ကို ဖွင့်ပြီး သတင်း ဖတ်ရတာကတော့ တကယ့် ဇိမ်ပဲ။ MRT ပေါ်မှာလည်း သတင်းတွေ ဖတ်ချင်ပေမယ့် ဖတ်ဖို့က 3G network လိုနေပြန်ကော။ ရုံးရောက်တော့လည်း မဖတ်ဖြစ်ပြန်။

Read It Later ဆိုတာလေးကို တွေ့တော့ သဘောကျသွားတယ်။ ညဘက်တွေမှာ ဖတ်ဖို့ မအားတဲ့ သတင်းတွေကို Read It Later နဲ့ သိမ်းထားလိုက်ပြီး မနက် MRT ပေါ်မှာပဲ ဖတ်ဖြစ်တော့တယ်။ iPad version က Free ရတယ်။ Offline ဖတ်လို့ရတယ်။ ဒီနေ့ပဲ 50% လား မသိဘူး Pro version ကို discount ချလို့ ဝယ်လိုက်တယ်။ Pro version ကတော့ video ကြည့်လို့ရပေမယ့် Wifi က လိုသေးတယ်လေ။ Smashing Magazine , Six Revision တို့လို့ ဆောင်းပါး ကောင်းကောင်းလေးတွေက Read It Later သုံးပြီးမှပဲ သေသေချာချာ ဖတ်ဖြစ်တော့တယ်။ ဘာပဲ ပြောပြော MRT မှာ သတင်းတွေကို ဖတ်လို့ ရသွားတာကတော့ တော်တော် အဆင်ပြေသွားတယ်။ Google Reader အတွက် Reeder Mac version ကို သုံးပြီး သဘောကျတာတွေကို Read It Later ထဲကို ထည့်လိုက်တာပဲ။ ညဘက်ပြန်ရောက်ရင်လည်း စာဖတ်ဖို့က သိပ်ပြီး အချိန်မပေးနိုင်တာကြောင့်လည်း ပါတာပေါ့။ Flipboard , Pulse တို့ကပါ Read It later ကို support လုပ်ရင် ကောင်းမယ်။ Instant Paper ကိုတော့ သိပ်သဘောမကျဘူး။ စာဖတ်ရတာ သိပ်အဆင်မပြေလို့ မသုံးဖြစ်ဘူး။ ဒါပေမယ့် Flipboard, Pulse တို့က support လုပ်နေတယ်။ iPad version က ဝယ်သုံးရမှာဆိုတော့ မဝယ်ချင်တာလည်း ပါတယ်။

3 Comments

  1. စာတစ်ခါဖတ်ဖို့ ၁မိနစ်လောက်စောင့်ပြီူမှ ဖတ်လို့ရတယ်..။

    မနက်စာစားရင်း သတင်းစာဖတ်ရတာ တကယ့်ကိုဇိမ်ပါပဲ။
    ဖတ်ရင်းနဲ့ အလုပ်တောင်မသွားချင်တော့ဘူး……

  2. nayray says:

    ကိုစေတန်ရေ ဆိုင်တော့မဆိုင်ဘူး ဒါပေမယ့် ဒီမှာပဲ အော်ပါရစေ..ကျွန်တော်က အွန်လိုင်း Ornagai လေးကို အမြဲလိုလိုသုံးနေတာပါ.. ခုပြောင်းလိုက်တော့ အရင်လို မဟုတ်တော့ဘူး အွန်လိုင်းသုံးလို့မရတော့ဘူးလား.. အွန်လိုင်းသုံးချင်ရင် ဘယ်လိုလုပ်ရလဲဆိုတာ ပြောပြပေးစေချင်ပါတယ်..

    ရွှင်လန်းချမ်းမြေ့ပါစေ

    1. saturngod says:

      now, I renewal domain … it will come back soon ..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.