bookmark
-
အခုတလော read it later လေးကို သဘောကျနေတယ်။ ရှိတဲ့ iPad က 3G မရတော့ MRT ပေါ်မှာ စာဖတ်ရတာ သိပ်အဆင်မပြေဘူး။ Ebook တွေကလည်း ဖတ်ချင်တဲ့ စာအုပ်တွေ သိပ်မရှိတော့ဘူ။ Getting Real , Rework ဒါတွေပဲ ထပ်ကာ ထပ်ကာ ဖတ်နေရတော့ မဖတ်ချင်တော့တာလည်း ပါတယ်။ အခြား programming စာအုပ်တွေ လည်း မဖတ်ချင်တော့ဘူး။ အသက်ကလေး ရလာလို့လားမသိဘူး သတင်းတွေလောက်ပဲ ဖတ်ချင်တော့တယ်။ မနက်စောစော စီးစီး သတင်းဖတ်ရတဲ့ အရသာလေးကို သဘောကျနေမိတယ်။ စနေ ၊ တနင်္ဂနွေတွေ ဆိုရင် နိုးနိုးခြင်း ကော်ဖီလေး ဖျော်ပြီး iPad က Pulse ကို…
-
ဟိုးအရင်တုန်းက digg တို့ StumbleUpon တို့ သုံးဖူးတယ်။ ဒါပေမယ့်လည်း ကျွန်တော်က မကြိုက်တော့ နောက်ပိုင်းမသုံးဖြစ်တော့ဘူး။ အခု မြန်မာလူငယ် ထူးတေဇာ လုပ်ထားတဲ့ ဟန်လင်းကတော့ မြန်မာလုပ်ထားတာကတစ်ကြောင်းလူခြင်းရင်းနှီးတာက တစ်ကြောင်း နောက်ပြီးတော့ လုပ်မယ့်လုပ် အောင်မြင်အောင်လုပ်ဆိုပြီး အားပေးချင်တာက တစ်ကြောင်း ဟန်လင်းကို သုံးဖြစ်တယ်။ အများအားဖြင့် သုံးဖြစ်တာကတော့ google bookmarks ပဲ။ သူကတော့ ရိုးတယ်။ ရှင်းတယ်။ vote တွေဘာတွေ မပါဘူး။ ကိုယ့် တစ်ယောက်တည်းအတွက်ပဲလေ။ ဒါကြောင့် အမြဲသုံးဖြစ်တယ်။ ဟန်လင်းကတော့ vote တွေပါတယ်။တေဇာကတော့ firefox အတွက် addon ရေးပြီးပြီတော့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မရှည်တာနဲ့ ကိုယ်တိုင် bookmarks လေးလုပ်လိုက်တယ်။