Sample Tweet from iOS Bootcamp

iOS Bootcamp တုန်းက Restful အကြောင်းရှင်းပြရင်း AFNetworking သုံးပြီး twitter လိုမျိုး app အကြမ်းလေး ရေးဖြစ်ခဲ့တယ်။ အဲတုန်းက မေးကြတာက အိမ်ရောက်ရင် ဘယ်လို စမ်းမလဲ ။ Server မှ မရှိတာ။ Mongodb , node.js တင်ပြီး စမ်းလို့ ရပေမယ့် စကာစ သူတွေ အတွက်တော့ သိပ်တော့ မလွယ်လှဘူး။

ဒါနဲ့ အခု AppFog မှာ node.js + mongodb ကို တင်ပြီးတော့ sample tweet Restful API လေး တင်ထားပေးပါတယ်။

kAFAppDotNetAPIBaseURLString ကို http://sampletweet.ap01.aws.af.cm/ ပြောင်းလိုက်ရင် အဆင်ပြေပါတယ်။

iOS bootcamp ပွဲမှာ Source code မကူးသွားမိသူများ ၊ ဒါမှမဟုတ် code ကိုလေ့လာချင်သူတွေ အနေနဲ့ github မှာ download ရယူနိုင်ပါတယ်။ iOS folder ထဲမှာ ထည့်ထားပေးပါတယ်။

newPostViewController.m က -(void)newtweet မှာ NSDictionary* userData ကို config လုပ်ဖို့တော့ လိုလိမ့်မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading