ကျွန်တော် မနေ့ ဖုန်းပျောက်သွားတယ်ဗျာ။ တော်တော်လေးကို ညစ်သွားတာ။ ဘာမှလုပ်ချင်စိတ်ကို မရှိဘူးဖြစ်သွားတယ်။ ဖုန်းကို ဘယ်လိုခေါ်တာ ဘယ်သူမှ မကိုင်ဘူး။ သေချာတယ်။ ကျန်ခဲ့ပြီဆိုတာတော့။ ဒီနေ့ မနက် ၆ နာရီ လောက်တော့ ဖုန်းဆက်တယ်။ ဖုန်းကို လာယူဖို့အတွက် ဖုန်းဆက်တဲ့အခါ တော်တော်လေးကို လန့်သွားတယ်။ ဝမ်းသာသွားတယ်။ ဒါနဲ့ ချက်ခြင်း သွားလိုက်တယ်။ တကယ်ပဲ ပြန်ပေးတယ်ဗျာ။ နောက်ပြီး ဘာမှလည်း တောင်းဆိုမှုမရှိပဲ ပေးပြီးထွက်သွားတယ်။ ကျေးဇူး တကယ်တင်တယ်ဗျာ။ အဲ.. နောက်ပြီး ကျွန်တော်လည်း နာမည် ဘယ်သူလဲမေးဖို့မေ့သွားတယ်။ သူတို့လည်း လောလောနဲ့ ရုံးသွားစရာရှိသေးလို့ ဆိုပြီး ဘာမှတောင် ကောင်းကောင်းမပြောဖြစ်လိုက်ဘူး။ ဘာပဲပြောပြော မြန်မာနိုင်ငံမှာ အဲလို စိတ်ဓာတ်ကောင်းလေးတွေ အများကြီးရှိသေးတယ်။ တခြားလူတွေ ပြောနေသလို မြန်မာနိုင်ငံကလူတွေ စိတ်ဓာတ် မညစ်ညမ်းသေးဘူး။ လူကောင်းတိုင်း က လူတော် မဟုတ် သလို လူတောင်တိုင်းကလည်း လူကောင်းမဟုတ်ဘူးလေ။ အခုလက်တွေ့မှပဲ မြန်မာနိုင်ငံက လူတွေ စိတ်ဓာတ်ကောင်းလေးတွေ ရှိသေးတယ်ဆိုတာကို ကောင်းကောင်းကြီး ယုံသွားပြီ။ ဘာပဲပြောပြော ကျေးဇူးအထူးတင်ပါတယ်ဗျာ။

6 responses to “Thank You”

  1. ကိုစေတန် ဖုန်းပြန်ရတာ သိရလို့ ဝမ်းသာပါတယ်ဗျား :-)

  2. ကိုစေတန်တို့ကတော့ ဖြစ်ရမယ်။
    အဲဒီမေ့တတ်တာကို ပြင်ဦးနော်..
    ပစ္စည်းတင်မဟုတ်ဘူး နောက်ချစ်သူလေးကို မေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ.. :P

  3. အစ်ကို ဖုန်းပြန်ရတာ ဝမ်းသာပါတယ်ဗျာ။ ကျွန်တော့အမေ တက်စီပေါ်မှာ ဖုန်းမေ့ကျန်ခဲ့တုန်းကလည်းပြန်ရတယ်ဗျ။ နောက်တစ်ခါတော့ သတိထားနော်။ ကိစ္စတစ်ခုက ၂ခါဖြစ်နိုင်ပေမယ့် ရလဒ်ကတော့ မတူနိုင်ဘူး။

  4. ကိုယ်တိုင်ကြုံတော့မှ ယုံတယ်ပေါ့လေ။ :D မြန်မာလူမျိုးများက စိတ်ဓါတ်လေးတွေကောင်းကြပါတယ်ဗျ။ ကိုထွက်ပေါက်ပြောသလို မေ့တာကိုသတိထားပြင်ဦး။ ကောင်မလေးကိုတော့မမေ့စေနဲ့နော် ကောင်မလေးနဲ့အတူတူထိုင်နေတုန်းစဉ်းစားခန်းဝင်နေတုန်း သတိရလို့ဘေးနားကြည့်ပြီး ကိုယ့်ချစ်သူကို မင်းဘယ်သူလဲလို့တော့မဖြစ်စေနဲ့ :P

  5. ကွျှန်တော် လည်း ဒီ လို စိတ် ဓာတ် မျိုး ရှိ တဲ့ သူ တွေ ကို အ ရမ်း လေး စား ပါ တယ် တကယ် တော့ ဒီ လို မျိုး စိတ် ဓာတ် မြင့် မြတ် သူ တွေ ကို အား ပေး တဲ့ အနေ နဲ့ ထိုက် ထိုက် တန် တန် ဂုဏ် ပြု သင့် ပါ တယ် ကွျှန် တော် ဆို လို ဒါ က ငွေ ရေး ကြေး ရေး ကို ပြော ဒါ မဟုတ် ပါ ဘူး တခြား နည်း လမ်း တွေ လည်း ရှိ ပါ တယ် ဒီ ကိ စ် စ နဲ့ ပတ် သက် မြန်မာ လူ မျိုး ပီပီ သာ ဒု ခေါ် ဂုဏ် ယူမိ ပါ တယ်’

    1. Thank for your supporting :)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading