ကျွန်တော် အခုလက်ရှိ Ubuntu မှာ ကျွန်တော် pidgin ကို မသုံးတော့ဘူးဗျ။ ဘာလို့လည်းဆိုတော့ at mysteryzillion.com ကို ဝင်လို့မရဘူးလေ။ နောက်ပြီးတော့ voice call လည်းမရတော့ မသုံးတော့ဘူးပေါ့။ အခုလက်ရှိသုံးနေတာက Empathy ။ Voice call ရတယ်။ နောက်ပြီးတော့ google app mail တွေလည်း အလုပ်လုပ်တယ်။ သူ့ကို သွင်းချင်ရင်တော့
$sudo gedit /etc/apt/sources.list
ပြီးရင် အောက်ဆုံးမှာ
deb http://ppa.launchpad.net/telepathy/ubuntu hardy main
ဆိုတာ ထပ်ဖြည့်ပြီး save လုပ်လိုက်။ ပြီးရင် text editor ကိုပိတ်လိုက်ပါ။
Install စလုပ်ရအောင်
$sudo apt-get install Empathy telepathy-gabble telepathy-mission-control telepathy-stream-engine
သွင်းပြီးရင်တော့ Internet -> Empathy Instant Messenger ကို သွားပြီးလိုက်ပါ။ Edit -> Account မှာ Add လုပ်။
Login ID: မှာ username@gmail.com ကိုထည့်။
Password: မှာတော့ သင့် password ကိုဖြည့်ပေါ့။ Enable မှာ check ခဲ့လိုက်။
Gtalk voice call Ubuntu မှာ စတင်ပြောလို့ရပါပြီ။
Leave a Reply