တည်းဖြတ်ခဲ့တဲ့ စာတစ်ပုဒ်

ချဉ်းကပ်ခြင်းဆိုတဲ့ အကြောင်းကို ရေးပြီးတဲ့ နောက်မှာ comment တွေ တော်တော်ရလိုက်တယ်။ မတူညီတဲ့ အမြင်တွေ သိုပေမယ့် တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာတွေ ကိုတော့ တွေ့ရတယ်။ ဘယ်နေရာပဲရောက်ရောက် ဘယ်အဆင့်မှာပဲ ရောက်နေနေ ကိုယ့်တိုင်းပြည်ကို တိုးတက်ချင်တဲ့ စိတ်တွေကတော့ အပြည့်ပဲဗျ။ ကျွန်တော် သူတို့ ပြောတဲ့ ချဉ်းကပ်ခြင်းကို ရေးဖို့ ရာ ၃ ရက်လောက် ကြာတယ်။ မအားတာလည်း ပါတယ်။ comment တွေထဲက ကောင်းတာတွေ ရွေးထုတ်ပြီး ပြန်တည်းဖြတ်နေရတာ ဘာလို့ ၃ ရက်ကြာသွားမှန်းမသိပါဘူး။ comment ရေးခဲ့တဲ့သူတွေ ဆွေးနွေးပေးတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အစအဆုံး တည်းဖြတ်ပြီးတော့ ကိုယ့်ဘာသာ ကိုယ်ပြန်ဖတ် ပြီး သဘောကျမိတာတော့ အမှန်ပဲ။ မဖတ်ရသေးဘူးဆိုရင် ဖတ်လိုက်ဖို့ အကြံပြုပါတယ်။ နောက်ပြီး ကိုသီဟ ရေးထားတဲ့ ပြောင်းလဲသင့်နေပြီ ဖြစ်သော ကျွန်တော်တို့၏ အမြင်များ ကိုလည်း ပူးတွဲ ဖတ်စေချင်ပါတယ်။

2 responses to “တည်းဖြတ်ခဲ့တဲ့ စာတစ်ပုဒ်”

  1. အကိုရေ တစ်ခါမှကွန့်မန့်ပေးဖူးပါဘူး အခုပေးခဲ့ပါတယ်ဗျာ။ ဖောင့်ပြောင်းထားပေမဲ့ ကောင်းကောင်း ဖက်မရသေးဘူးဖြစ်နေသေးတယ်ဗျာ။ အကိုလည်းပြန်ကြည့်ပြီး မြင်မယ်လို့ ထင်ပါတယ် ကျနော့်စက်မှာ Unicode ထည့်မထားပေမဲ့လို့လည်း ဖက်လို့တော့ရပါတယ် ကောင်းကောင်းမွန်မွန်တော့မဟုတ်သေးပါဘူး။

    လေးစားလျှက်

    1. chrome နဲ့ဆိုရင်တော့ မရဘူးဗျ။ chrome က font embed render အလုပ်မလုပ်ပေးနိုင်ဘူး။ firefox , safari တို့မှာတော့ အဆင်ပြေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading