The Social Network

ကြည့်မယ်… ကြည့်မယ် နဲ့ မကြည့်ဖြစ်တဲ့ Facebook အကြောင်းရိုက်ထားတဲ့ The Social Network ကားကို ဒီနေ့မှ သေချာ ကြည့်ဖြစ်တယ်။ တစ်ကားလုံးကြည့်မယ်ဆိုရင်တော့ မဆိုးဘူး ဆိုရမယ်။ Mark Zuckerberg ရဲ့ စဉ်းစားတဲ့ စီးပွားရေး အယူအဆ ကိုလည်း အဲဒီကားထဲမှာ တွေ့ရပါတယ်။ သူ့ဘဝ ဇာတ်ကြောင်း အမှန် အပြည့်အစုံတော့ မဟုတ်လောက်ဘူး။ ကြည့်ကောင်းအောင် ရိုက်ထားတဲ့ ပုံပေါ်ပါတယ်။ Napster co-founder Sean Parker ပြောသွားတဲ့ စကားလုံး အချို့ကလည်း မှတ်သားဖို့ကောင်းတယ်။ သူပြောသွားတဲ့ စကားထဲက သဘောကျတဲ့ စကားကတော့

You know what’s cooler than a million dollars?
A billion dollars.

နောက်ပြီး Mark Zuckerberg ရဲ့ စိတ်အခြေအနေ ဘယ်လိုပုံစံလဲဆိုတာကို လာလာခြင်း အခန်းမှာ ပြထားပါတယ်။ သူစိတ်ဝင်စားမှုက ဘာလဲဆိုတာကို ပြောသွားတာလည်း သဘောကျတယ်။

Eduardo Saverin: Hey, Mark.
Mark Zuckerberg: ‘duardo.
Eduardo Saverin: You and Erica split up.
Mark Zuckerberg: [confused] How did you know that?
Eduardo Saverin: It’s on your blog.
Mark Zuckerberg: Yeah.
Eduardo Saverin: Are you alright?
Mark Zuckerberg: I need you.
Eduardo Saverin: I’m here for you.
Mark Zuckerberg: No, I need the algorithm you used to rank chess players.
Eduardo Saverin: Are you OK?
Mark Zuckerberg: We’re ranking girls.

ရုပ်ရှင်ကား တစ်ခုလုံးကို ကြည့်မယ်ဆိုရင်တော့ ရုပ်ရှင်လို့ ကြည့်ရင် တကယ်ကောင်းတဲ့ ကားပါ။ သို့သော် လက်တွေ့ဘဝမှာတော့ ဒီလောက် Drama မဆန်လောက်ပါဘူး။ Pirate Of The Silicon Valley ကြိုက်တဲ့သူတွေ ကြိုက်မယ့် ကားဆိုလည်း မမှားဘူး။ ဇာတ်လမ်းကြောရိုးက ဆင်သယောင်ယောင်တောင် ရှိတယ်လို့ ဆိုလို့ရတယ်။ မကြည့်ရသေးရင်တော့ ကြည့်သင့်တဲ့ ကားပါ။

3 Comments

  1. K says:

    အစ်ကို .. Pirate Of The Silicon Valley ဆိုတဲ့ ကား Download Link လေး Share ပါလား???
    The Social Networks ကို တော့ Download မဆွဲရသေးဘူး။ အခွေပဲဝယ်ကြည့်လိုက်ရင်ကောင်းမယ်နဲ့တူတယ်။ Pirate ကားကြည့်ရတာကောင်းမယ့်ပုံပဲ … :P

  2. KaingPo says:

    quality အသင့်အတင့်လောက်ကို ကြည့်လို့ဖြစ်တယ်ဆိုရင်တော့.. http://stagevu.com/videos/Films_and_Movies မှာအကုန်ရှိပါတယ်..။ ပြီးရင် http://subscene.com/ မှာ subtitle ရှာပြီးကြည့်ပေါ့..။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.