movie

  • The Social Network

    ကြည့်မယ်… ကြည့်မယ် နဲ့ မကြည့်ဖြစ်တဲ့ Facebook အကြောင်းရိုက်ထားတဲ့ The Social Network ကားကို ဒီနေ့မှ သေချာ ကြည့်ဖြစ်တယ်။ တစ်ကားလုံးကြည့်မယ်ဆိုရင်တော့ မဆိုးဘူး ဆိုရမယ်။ Mark Zuckerberg ရဲ့ စဉ်းစားတဲ့ စီးပွားရေး အယူအဆ ကိုလည်း အဲဒီကားထဲမှာ တွေ့ရပါတယ်။ သူ့ဘဝ ဇာတ်ကြောင်း အမှန် အပြည့်အစုံတော့ မဟုတ်လောက်ဘူး။ ကြည့်ကောင်းအောင် ရိုက်ထားတဲ့ ပုံပေါ်ပါတယ်။ Napster co-founder Sean Parker ပြောသွားတဲ့ စကားလုံး အချို့ကလည်း မှတ်သားဖို့ကောင်းတယ်။ သူပြောသွားတဲ့ စကားထဲက သဘောကျတဲ့ စကားကတော့ You know what’s cooler than a million dollars? A billion…

  • Avatar ကို ornagai dictionary မှာတော့ ဟိန္ဒူဘာသာတွင် ကမ္ဘာ့ကိုကိုယ်စားပြုသော နတ်။ အင်တာနက်တွင် ကိုယ်စားပြုရုပ်ပုံ။ လို့ ဆိုထားတယ်။ 3D version ရုံမှာ Christmas Eve မှာ သွားကြည့်လိုက်တယ်။ လူတွေကတော့ များပါ့။ မသွားခင် တစ်ရက် လက်မှတ် ကြိုဝယ်ထားလို့ပေါ့။ ၂၃ ရက်နေ့က ညဘက် ပြန်ရောက်တော့ လက်မှတ်ဝယ်ဖို့ ကြည့်လိုက်တော့ ၁ ဝက်လောက်က ပြည့်သွားပြီ။ ရုံးမှာတုန်းက ကြည့်တုန်းက နေရာ ကောင်းတွေ အများကြီးကျန်သေးတယ်။ အိမ်ရောက်မှ ဝယ်မယ်လေ ဆိုပြီး ထားလိုက်တာ။ အိမ်ရောက်တော့ လိုချင်တဲ့ နေရာက မရှိတော့ဘူး။ တော်တော်လေးလည် ပြည့်သွားတာနဲ့ ကို Zack ကို ဖုန်းဆက်ပြီး အမြန်ဝယ်ခိုင်းရတယ်။ နေရာမကောင်းတကောင်း…