Pubic Access Center ဖွင့်လှစ်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ

၁။ လာရောက်အသုံးပြုသူများ၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားအား ကြည့်ရှုစစ်ဆေး၍ အမည် ၊ မှတ်ပုံတင်အမှတ် ၊ (Pasport Number) ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပတ် စသည်တို့ကို မှတ်ပုံတင်ထားရှိရမည်။

၂။ လာရောက်သုံးစွဲသူများ၏ သုံးစွဲမှုမှတ်တမ်း (Date/Time/Screenshot/URLs) အား (၂)ပတ် တစ်ကြိမ် Myanmar-Info-Tech သို့ CD ဖြင့်ရေးသားပေးပို့ရမည်။

၃။ အလားတူ မိမိတို့ထံတွင်လည်း Back-up အားသိမ်းဆည်းထားရှိရမည်။

၄။ Screen Shot များကို (၅)မိနစ် တစ်ကြိမ် ရယူထားရမည်။

၅။ မော်နီတာများအား အများမြင်သာသည့်ဘက်သို့ မျက်နှာမူထားရှိရမည်။

၆။ မြန်မာနိုင်ငံအတွင်း တရားဝင်အသုံးပြလျက်ရှိသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်ပေးထားသော email များနှင့် Mail4U များကိုသာ သုံးစွဲခွင့်ရှိသည်ဟု ဖော်ပြထားရမည်။

၇။ Tunnelling Website/Software များအား သုံးစွဲခွင့်မရှိကြောင်း ဖော်ပြထားရမည်။

၈။ Cyber Cimes (Hacking, Virus Distribution,Port Scanning and etc.) ၊ မြန်မာ့ ယဉ်ကျေးမှုနှင့် မဆီလျော်သော ကိစ္စများဆောင်ရွက်ခြင်းတို့အား တားမြစ်ကြောင်း ရေးသားဖော်ပြထားရမည်။

၉။ နိုင်ငံရေးနှင့် ပတ်သက်သော Website များအားကြည့်ရှုခွင့် မပြုရ။

၁၀။ PAC အတွင်း ( Online/Offline ) လောင်းကစား အမျိုးမျိုးအား ပြုလုပ်ခွင့်မပြုရ။

၁၁။ PAC အတွင်း အရက်သေစာနှင့် မူးယစ်စေသော ဆေးဝါးနှင့် ပစ္စည်းများ သုံးစွဲရောင်းချခွင့်မပြု။

၁၂။ PAC အတွင်း Speaker သုံးစွဲခွင့်မပြု / Headphone များကိုသာ အသုံးပြုရမည်။

၁၃။ PAC အတွင်း Computer များ၏ Floppy Drive, CD Drive, USB Port များအား သုံးစွဲခွင့်မပြုရ။

၁၄။ Internet မှ Download ပြုလုပ်ရရှိလိုပါက ဆိုင်တွင် မှတ်ပုံတင်၍ ရေးကူးပေးရမည်။

၁၅။ PAC အား ည (၁၁) နာရီထက် ကျော်လွန်၍ ဖွင့်လှစ်ခွင့်မပြု။

၁၆။ မီးဘေး ကာကွယ်မှု အတွက် ကြိုတင် စီစဉ်ထားရမည်။

၁၇။ PAC များတွင် ချမှတ်ထားသော စည်းကမ်းများကို ချိုးဖောက်သည့် User များတွေ့ရှိခဲ့လျှင် Myanmar Info-Tech သို့ချက်ခြင်း အကြောင်းကြားရမည်။

၁၈။ ဆက်သွယ်ရေး ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ၁၀-၇-၂၀၀၂ ခုနှစ်ရက်စွဲဖြင့် ထုတ်ပြန်ထားသော Wide Area Network အသုံးပြုကွန်ပျုတာကွန်ရက်ထူထောင်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် သတင်းဆိုင်ရာ နည်းပညာ အသုံးပြုခြင်းတို့နှင့် စပ်လျဉ်းသည့် အမိန့် ကြော်ငြာစာအမှတ် (၃/၂၀၀၃)အား လိုက်နာဆောင်ရွက်ရမည်။

၁၉။ အခါအားလျော်စွာ Myanmar Info-Tech မှထုတ်ပြန်ထားသော အမိန့် နှင့် ညွှန်ကြားချက်ကျများအားလိုက်နာဆောင်ရွက်ရမည်။

မေးမြန်းကြည့်သောအခါ PAC အတွက်ပေးသော ဝန်ဆောင်မှု

၁ လ ကြိမ် မြို့နယ် အသီးသီးနှင့် PAC member များအား PAC register စာရင်းပေးအပ်သည်။ မိမိလမ်းထဲ ရပ်ကွက်ထဲရှိ PAC မဟုတ်သော Cyber Cafe အား PAC member က ရဲသို့တိုင်ကြားက ဆိုင်ကို ဖမ်းဆီးခိုင်းနိုင်သည်။ မြို့နယ်အတွင်းရှိ ရဲကလည်း PAC မဟုတ်သော ဆိုင်အား ဖန်ဆီးခွင့်ရှိသည်။

PAC လုပ်လျှင် ဘာရမလဲ လို့မေးကြည့်သောအခါ

ဆိုင်းဘုတ်တစ်ခုနှင့် register လုပ်ထားသော စာရွက် တစ်ရွက်ရရှိမည်။

နှစ်စဉ်ကြေး ၅ သိန်း
လစဉ်ကြေး ၅သောင်း

၆လစာ ကြိုသွင်းရမည်
စစခြင်း ၈ သိန်းသွင်းရသည်။

3 responses to “This is call PAC”

  1. ဟာ ဘယ်လိုကြီးတုန်းဟ စည်းကမ်းချက်တွေကများလိုက်တာ ဒီလိုစည်းကမ်းချက်မျိုး တခါမှကို မတွေ့ဘူးသေးဘူးရော အသစ်အဆန်းတွေပါဂလား အဲ့လိုဆိုမှတော့ အင်တာနက်သုံးတာ ကွန်ပျူတာသုံးတာ ဘယ်လိုလုံခြုံမှု့ရှိတော့မှာလဲဗျ စိတ်ပျက်စရာကြီးပဲဗျာ သူတို့ဟာကြီးက ပေါ်တင်ဗျောင်ခိုးတဲ့သူခိုးကြီးကျနေတာပဲ လုံချင်လို့ ခြုံထဲဝင်ကာမှ ခြုံနဲ့ညှိပြီး ဖင်ပါပေါ်ရတဲ့အဖြစ်မျိုးဖြစ်နေအုံးမယ် ကန်တော့ပါဗျာ စကားရိုင်းသွားရင်တောင်းပန်ပါတယ်

  2. သေပစရာ………..-ါ်(း

  3. ဒေါင်းလုပ် လုပ်တာတောင်
    “ဒေါင်းလုပ် လုပ်ချင်လို့ ခွင့်ပြုပါ” လို့တောင်းပြီ
    “ဆက်လုပ်” ဆိုမှ လုပ်ရမယ် ထင်တယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading