ဘာသာပြန်တဲ့ အလုပ်ဟာ လွယ်တဲ့ အလုပ်မဟုတ်မှန်း ဒီနေ့ Airmail ကို ဘာသာပြန်မှပဲ ပိုပြီး သဘောပေါက်လာတယ်။ အရင်ကတော့ သူများ ဘာသာပြန်ထားတာတွေကို ကြည့်ပြီး ဖတ်ရတာ ထောက်တယ်။ အဓိပ္ပာယ်လွဲတယ် စသည်ဖြင့် အမျိုးမျိုး ထင်မိပေမယ့် ကိုယ်တိုင် ပြန်တဲ့ အခါမှာ တကယ့်ကို မလွယ်မှန်း သိလာတယ်။ XBMC ကို raspberry pi မှာ ထည့်ပြီး သုံးကြည့်ကတည်းက XBMC ကို သဘောကျမိတယ်။ အဲတုန်းက စဉ်းစားမိတာကတော့ အဖေ့ကို raspberry pi မှာ XBMC တစ်ခု တင်ပြီး ပေးရင် ကောင်းမလား ဆိုပြီး စဉ်းစားမိတယ်။ နောက်တော့ အဖေ computer ကနေ external hard drive ထဲ ကူးတတ်တယ်ထားအုံး ရန်ကုန်မှာ ရုပ်ရှင်ကားတွေ ဘယ်လို download ချမလဲ။ connection ကြောင့် DVD တချပ် ဝယ်ကြည့်တာ ပိုအဆင်ပြေတယ်ဆိုပြီး အဲဒီ အစီအစဉ် မလုပ်ဖြစ်တော့ဘူး။ အဲဒီတုန်းကတော့ အဖေ့ကို ပေးမယ်ဆိုရင် မြန်မာ လို ဘာသာမှ အဆင်ပြေမယ် ဆိုပြီး XBMC ကို မြန်မာစာ request လုပ်ခဲ့တယ်။ XBMC က approve ဖြစ်တော့ ဂျစ်စီ နဲ့ ကျွန်တော် XBMC ကို ဘာသာပြန်ဖို့ ကြိုးစားခဲ့တယ်။ အဓိကတော့ ဂျစ်စီ ပြန်တာ အများကြီးပါ။ အချို့စာသားတွေကတော့ တိုတိုလေးပဲ။ သို့ပေမယ့် ဘာသာပြန်လိုက်ရင် စာတွေက ရှည်သွားပြီး UI မှာ ကောင်းကောင်းမပေါ်မှာလည်း စိုးရိမ်ရတယ်။ UI ကို ဘာသာပြန်ရတာ မလွယ်မှန်း XBMC ကို လုပ်ရင်း သဘောပေါက်လာတယ်။

ပြီးခဲ့တဲ့ ၃ ပတ်လောက်က Airmail က ဘာသာပြန်ဖို့ လူတွေကို ဖိတ်ခေါ်တော့ မြန်မာစာ အတွက် request တောင်းလိုက်တယ်။ အဲဒါ ဒီနေ့ သူတို့က ထည့်ပေးလိုက်တယ်။ ဒါနဲ့ ပြန်ဖို့ ကြိုးစားကြည့်တော့ ထင်တဲ့ အတိုင်းပဲ အချို့ စကားလုံးတွေက ပြန်ဖို့ ခက်တယ်။ Label , Tag စတဲ့ စကားလုံးတွေက English လိုနဲ့ ရင်းနှီးပေးမယ့် မြန်မာလို ပြောင်းလိုက်တဲ့ အခါမှ ရင်းနှီးမှု မရှိဘူး။ အဲလိုပဲ CC , BCC စာသားတွေကို နားလည်အောင် ပြန်လိုက်ရင် အရမ်းရှည်သွားပြီး UI မှာ မဆန့်တော့ဘူး။ အခုတလော ဘာသာပြန်ကြည့်မှ computer မှာ ဘာသာပြန်ရတာ မလွယ်မှန်း သိလာတယ်။ ပေးထားတဲ့ UI အရွယ်အစားနဲ့ ကိုက်ရမယ်။ နောက်ပြီး တိုတိုနဲ့ လိုရင်း ဖြစ်ရမယ်။ မြန်မာစာ ကော အင်္ဂလိပ်စာပါ ကြွယ်ဝဖို့လိုလှပါတယ်။ တိုက်ရိုက်ကြီးလည်း ဘာသာပြန်လို့လည်း မရပါဘူး။ အသုံးပြုမယ့်သူတွေကို နားလည်အောင် ပြန်ရတဲ့အတွက် သုံးတဲ့ UI နဲ့လည်း ရင်းနှီးနေဖို့လိုပါတယ်။ နောက်ပြီး စာတွေပဲ ပါပြီး ဒီစာလုံးက UI ရဲ့ ဘယ်နေရာမှာ ဘယ်လို ပေါ်မလဲ မသိတဲ့အတွက် အတော့်ကို မှန်းရခက်ပါတယ်။ ဆုံးရမယ့်စာလုံးဟာ ဖျက်ရန် ၊ ဖျက်မည် ၊ ဖျက်မလား ၊ ပျက်သွားလိမ့်မယ် စသည်ဖြင့် ဘယ်အခြေအနေကို မေးမှန်း မသိတာကလည်း ပထမဆုံးအကြိမ် ပြန်ဆိုတဲ့ အခါမှ အဆင်မပြေလောက်ပါဘူး။ UI နဲ့ တွဲပြီး ထွက်လာပြီးမှသာ ပြန်ပြင်မှသာ အဆင်ပြေတဲ့ ဘာသာပြန်ကို ရလာမှာပါ။ left ဆိုတာ ဘယ်ဘက်လား ဒါမှမဟုတ် ၅ မိနစ်ပဲ ကျန်တယ် ဆိုပြီး သုံးထားတာလား မသိရတော့ left ကို ဘယ်ဘက် သုံးထားရင် ထွက်လာတော့ ၆ မိနစ် ဘယ်ဘက် ဆိုပြီး ထွက်လာရင် လုံးဝ အဓိပ္ပာယ် မရှိတော့ဘူး။ ဒါကြောင့် ဘာသာပြန်တာ ထွက်ထွက်ခြင်းသုံးကြည့်ရင်တော့ ကိုယ်နဲ့ စိတ်တိုင်းကျမှာ မဟုတ်မှာ သေချာပါတယ်။

ဘာသာပြန်ရင်းနဲ့ အရင်က ဘာသာပြန်ထားတဲ့ စာလုံးအချို့ကို သတိထားမိတယ်။

  • ရုပ်မြင်သံကြား (Television)
  • လက်နှိပ်ဓာတ်မီး (flashlight)
  • လက်နှိပ်စက် (type-writer)

အဲဒါတွေက တိုက်ရိုက် ပြန်ထားတာ မဟုတ်ပဲ လူနားလည်အောင် ပြန်ထားတယ်။ ရုပ်မြင်သံကြား ဆိုရင် ကြားလိုက်တာနဲ့ ဘယ်လို ပုံစံ ဘာတွေပါမလဲ ဆိုတာ ပုံပေါ်သွားတယ်။ လက်နှိပ် ဓာတ်မီး ဆိုလည်း လက်နှိပ်ပြီး သုံးရတာ ဓာတ်မီး ဆိုတာ သိနိုင်တယ်။ လက်နှိပ်စက် ဆိုရင် လက်နှိပ်ပြီး သုံးရတဲ့ စက်ဆိုတဲ့ အဓိပ္ပာယ်ပေါ်တယ်။ သာလွန် ၊ ubuntu ၊ firefox စတာတွေကို ဘာသာပြန်တဲ့သူတွေလည်း အတော်လေးကို ခေါင်းစားမှာ သေချာပါတယ်။

3 responses to “Translation”

  1. ဂါ..မအားသေးလို့၊လိုင်းလည်းကျနေတယ်။ နောက်နေ့တွေဝင်ပြန်ပေးပါ့မယ့် Airmail ကို :(

  2. တစ်ချို့ဟာတွေကို ဘာသာမပြန်သင့်ဘူးတောင် ထင်မိတယ်ဗျာ။ မူရင်း အဓိပ္ပါယ်တွေ ပျောက်ကုန်သလားလို့

  3. ကျွန်တော်ဘာသာပြန်ခဲ့ဘူးတဲ့အတွေ့အကြုံအရပြောမယ်ဆိုရင် ကွန်ပျူတာ Term တွေကို ဘာသာပြန်ရတာ တော်တော်လေးကိုခက်ခဲတယ် နောက်ပြီးမြန်မာလိုလည်းအကုန်လုံးပြန်ဖို့လည်းအဆင်မပြေဘူး သာလွန် OS ကိုပြန်တုန်းကဆို အတူတူအလုပ်လုပ်တဲ့ သူငယ်ချင်းတွေနဲ့ နေ့တိုင်းကိုရန်ဖြစ်နေရတယ် ကွန်ပျူတာစနစ်မှာ မြန်မာလို့အပြည့်အ၀ သုံးမယ်ဆိုရင်တော တေ်ာတော်လေးကို သုံးရခက်တယ် Hybrid စနစ်သွားရင်တော့ သုံးရတာကော ပြန်ရတာကော အဆင်ပြေမယ်လို့ထင်ပါတယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading