ဒီနေ့ Sar ကို update လုပ်ရင်း SG store မှာ ရေးထားတဲ့ comment တစ်ခု သွားတွေ့တယ်။
This is not we wanted, we want to type zawgyi for chatting n want to read mm news.
မဝယ်ခင် description ကို မဖတ်ဝယ်လိုက်တယ်နဲ့ တူတယ်။ Sar က ကျွန်တော့်လို လမ်းသွားလမ်းလာ blog ရေးတတ်တဲ့ သူတွေ နောက်ပြီး စာရေးတာကို အဓိက ထားတဲ့ သူတွေ အတွက် ရေးထားတာပါ။
Gtalk အတွက် ဆိုရင် myanchat ရှိပါတယ်။
သတင်း အတွက် ဆိုရင် mmnews ရှိပါတယ်။
Google Reader အတွက် ဆိုရင် Gardar ရှိပါတယ်။
Web Browser အတွက်ဆိုရင် Mogok ရှိပါတယ်။
အခု အချိန်မှာ iOS တစ်ခုလုံးက မြန်မာစာ ကို support မလုပ်သေးတဲ့အတွက် jailbreak မလုပ်ထားတဲ့ သူတွေကတော့ အထက် ပါ App တွေ ကို အသုံးပြုနိုင်ပါတယ်။ နောက်ပြီး မဝယ်ခင်မှာ Description ကို သေချာဖတ်ချင်ပါတယ်။
တကယ်လို့ မှားဝယ်မိလို့ refund ပြန်လုပ်ချင်တယ်ဆိုရင် ဝယ်ထားတဲ့ Receipt Email ထဲမှာ report problem ဆိုတာ ပါပါတယ်။ ပြန်ပြီး refund လုပ်နိုင်ပါတယ်။ အသေးစိတ်ကို ဒီမှာ ဖတ်နိုင်ပါတယ် ။
Leave a Reply