မနေ့က Lion ထွက်လာပြီ။ Lion ထွက်လာတာ ထက် ပိုပြီး တန်ဖိုးရှိတာတွေ သိလိုက်ရတယ်။ Lion download ချလိုက်ပြီလို့ ကြေငြာလိုက်တာနဲ့ ကျွန်တော် အပါအဝင် အခြား မြန်မာတွေကပါ ဝယ်ဖို့ ဆုံးဖြတ်ထားတာပဲ။ Warez Site တွေမှာ ရနိုင်တယ်။ Free ရနိုင်တယ်ဆိုတာကို သိရဲ့ နဲ့ ပိုက်ဆံပေပြီးတော့ကို သုံးတာ။ Lion ကို US $29.99 ဆိုတာက စလုံး S$ 36 လောက်ပဲ ရှိတယ်။ အရမ်းကို တန်ပါတယ်။ ပိုက်ဆံပေးပြီးတော့ ဝယ်သင့်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ တကယ်လည်း ဝယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာနေပြီး ဒုက္ခခံပြီး download ဆွဲချရတာတောင် ဝယ်ခဲ့ကြတယ်။ ဘာပဲ ပြောပြော ဒါက ကောင်းမွန်တဲ့ လက္ခဏာတွေပဲ။ ခိုးသုံးတာထက် တန်တယ်ထင်တဲ့ အရာကို အစစ် အမှန် ဝယ်သုံးရတာ ပိုတန်ဖိုးရှိပါတယ်။ တန်ဖိုးရှိတယ်ဆိုတာ ပစ္စည်းတန်ဖိုးအပြင် လူ့တန်ဖိုးပါ ပိုရှိပါတယ်။ ကျွန်တော်လည်း မနေ့ညက Lion ဝယ်မလို့ ပြင်ပြီးကာမှ June 6 နောက်ပိုင်း Mac book pro ဝယ်ထားတာကို သတိရတော့ ရက်ကို ကြည့်မိလိုက်တယ်။ June 9 က ဝယ်ထားတော့ Free ရမှာ သေချာတာနဲ့ online မှာ ရှာကြည့်လိုက်တော့ Apple က request program ကနေ Redeem code ယူလို့ရပါတယ်။ ဒါနဲ့ပဲ Lion ကို Free ရသွားတယ်။
လွန်ခဲ့တဲ့ နှစ်တွေက ခိုးကူးတာကို အားပေးလာပေမယ့် အခုနောက်ပိုင်း ကျွန်တော်တို့တွေ ရှက်တတ်လာတယ်။ ရှက်ရမှာကို သိလာတယ်။ ရှက်တတ်လာတယ်။ ရုံးမှာလည်း ဝယ်သုံးတယ်ဆိုတာကို ဂုဏ်ယူပြီး ပြောရဲလာတယ်။ ရုံးမှာ ခိုးသုံးတာကို မကြိုက်ကြသလို ခိုးသုံးတယ်ဆိုတာကိုလည်း ရှက်စရာလို့ မြင်တယ်။ software ခိုးသုံးရင်လည်း မလုံမလဲနဲ့ ငါခိုးသုံးထားတာဆိုပြီး ရှက်ရှက်နဲ့ ပြောကြတယ်။ ကျွန်တော် အပါအဝင်ပေါ့။ TextMate ကို ဒီနေ့ ဝယ်မလို့ ကြည့်လိုက်တော့ S$70 လောက် ဖြစ်နေတာနဲ့ textmate 2 ထွက်လာအောင် စောင့်လိုက်အုံးမယ်လေ။ S$70 ကတော့ များလွန်းတယ်။ OS တစ်ခုလုံးတောင် S$36 လောက်ပဲ ရှိတာဆိုတော့ S$70 တန် software ဝယ်ဖို့က စဉ်းစားရအုံးမယ်။ Adobe software ကတော့ တော်ရုံတန်ရုံ ဘယ်သူမှ ဝယ်မသုံးနိုင်ပါဘူး။ Adobe ကလည်း ဈေးချဖို့ အစီအစဉ်ရှိတဲ့ ပုံမပေါ်ပါဘူးလေ။
Lion ထွက်လာတဲ့ အချိန်မှာ ကျွန်တော်က တစ်ယောက် နှစ်ယောက်လောက်ပဲ ဝယ်မယ်ထင်ခဲ့ပေမယ့် ဝယ်လို့ရတဲ့ လူ တော်တော်များများ ဝယ်သုံးခဲ့တယ်။ App Store ကနေ download ချရတာ ကြာလို့ App Store မှာ ဝယ်ပြီးတော့ Warez Site ကနေ download ဆွဲချတဲ့ သူတွေလည်း ရှိတယ်။ ကျွန်တော်တို့ ခိုးသုံးဖို့ အခွင့်အရေးတွေရှိတာတောင် ကျွန်တော် တို့တွေ ရဲရဲဝံ့ဝံ့ ကြော်ဖြတ်နိုင်ခဲ့ပြီ။ ရုံးမှာလည်း ကျွန်တော် Free ရထားတဲ့ Lion ကို ယူလိုက်ရင် ရပေမယ့် $36 ဆိုတာ တန်ပါတယ်ဆိုပြီး ဝယ်ကြတာပဲ။ အဲ .. ရုံးမှာတော့ မြန်မာတွေ မရှိဘူး။ ဝယ်သုံးတယ်ဆိုတာ ဂုဏ်ယူစရာ ခိုးသုံးတယ်ဆိုတာ ရှက်စရာ ဆိုတာကို ကျွန်တော်တို့တွေ တဖြည်းဖြည်းနဲ့တော့ သိလာပါပြီဗျာ။ သို့ပေမယ့်လည်း Adobe product ဝယ်သုံးဖို့ကတော့ ဟိုးအဝေးကြီးမှာ ရှိနေပါသေးတယ်ဗျာ။
Leave a Reply