Zawgyi iOS 7 FAQ

၁။ ဇော်ဂျီ iOS 7 ကို ဘယ်မှာ download ချရမလဲ။

http://cl.ly/W5IM/Zawgyi-One%202008.mobileconfig ကို Safari iOS mobile က ဖွင့်ပြီး download ချ ။ ပြီးရင် Install သွင်းလိုက်ရရင် ရပါပြီ။

 

၂။ Jailbreak လုပ်ဖို့ လိုသလား ။

မလိုပါဘူး။

 

၃။ ဘာကြောင့် Font ကို သွင်းလို့ရတာလဲ။ သွင်းတဲ့ အတွက် ဘာ အန္တရာယ် ရှိလဲ။

iOS 7 မှာ font သွင်းခွင့်ပေးထားပါတယ်။ iOS 7 Business မှာ ဒီလို ရေးထားပါတယ်။

config file ဖြစ်ပြီး အထဲမှာ font ပဲ ပါတဲ့ အတွက် ဘာ ပြဿနာမှ မရှိပါဘူး။

 

၄။ သွင်းပြီးရင် မကြိုက်ရင် ဘယ်လို ပြန်ဖျက်ရမလဲ။

Setting > General > Profile > ZawgyiOne-Font > Remove လုပ်လိုက်ရင် ရပါပြီ။

 

၅။ Keyboard ကော ဘယ်တော့ ရမလဲ။

Jailbreak မလုပ်ပဲနဲ့တော့ iOS 7 မှာ မရနိုင်ပါဘူး။ Apple က အခု ချိန်ထိ keyboard ထည့်သွင်းခွင့် မပေးပါဘူး။

 

၆။ Safari , Google က ပေးထားတဲ့ Gmail App , Boxer စတာတွေမှာ မြန်မာလို မမြင်ရပါဘူး။

အခု font file က UIWebView တွေမှာ font-family ကို ဇော်ဂျီ မကြေငြာထားရင် မမြင်ရပါဘူး။

 

၇။ Safari မှာ မြင်အောင် လုပ်လို့ရလား။

http://bit.ly/zgforce မှာ Bookmarklet အသုံးပြုရင်ရပါတယ်။ Bookmarklet က လက်ရှိ page ကို zawgyi font-family ပြောင်းပေးလိုက်တာပါ။ ဒါကြောင့် page refresh လုပ်တာ ဖြစ်ဖြစ် နောက်ထပ် page တစ်ခုကို သွားတာ ဖြစ်ဖြစ် မမြင်ရတော့ရင် bookmark ကနေ zawgyi force ပြန်လုပ်ပေးရပါတယ်။

 

၈။ Gmail app မှာ မြင်ရအောင် လုပ်လို့ရလား။

အခုချိန်ထိတော့ ရတဲ့ နည်း ရှာမတွေ့သေးပါဘူး။

၉။ Cocoa error code 516 တက်နေတယ်။

http://d.pr/f/dYDM+ mobile config ကို ပြောင်းပြီး သွင်းကြည့်ပါ။

11 responses to “Zawgyi iOS 7 FAQ”

  1. ဒီ post နဲ့ မဆိုင်ပေမယ့် ကျနော်သိချင်တာ မေးမိတာကို နားလည်ပေးပါ။ firefox က bookmark တွေကို safari ရဲ့ bookmarks ထဲကို ထည့်သွင်းနည်း မေ့သွားလို့ပါ။ အကိုရဲ့ older post တွေကို ပြန်ရှာကြည့်တောလည်း မတွေ့လို့ပါ။ OsX Mavericks သွင်းလိုက်တော့ အရင်က သွင်းထားတဲ့( firefox bookmarks)တွေပျောက်သွားတယ်။Firefox bookmarksတွေကို Safari သို့ copy ကူးလို့ရသေးလားလို့ သိချင်ပါတယ်။ ရတယ်ဆိုရင်လည်း ကျနော်ကို့ bookmarks ကူးပုံကူနည်းလေး လမ်းညွန်ပြပေးစေချင်ပါတယ်။
    with regard
    sai

  2. ကျနော် ညွန်ကြားတဲ့အတိုင်း လုပ်ကြည့်ပြီးပြီ မရဘူးဖြစ်နေတယ်။ တခြားနည်းလမ်းများ ရှိသေလားမသိဘူးခင်ဗျာ။

  3. အကိုရေ book marks import လုပ်လို့ရသွားပြီဗျ…ကျနော်က Export အဆင့်ကိုကျော်သွားတာကိုး..ဒါကြောင့် မရတာ။ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ….နောက်နောင်လည်း ဒီထက်မက နည်းပညာတွေ ပြန်လည်မျှဝေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
    ကျေးဇူးတင်လျက်
    စိုင်းဇော်

  4. Cocoa error code 516 တတ်နေတယ် ဘယ်လိုလုပ်ရမလဲ

  5. iOS 7 မှ iOS 7.0.4 အထိ Jailbreak လုပ်နိင်သော Evasi0n Jailbreak Tool ထွက်ရှိလာတဲ့အတွက်ios7 မြန်မာကီးဘုတ်လေး ကျေးဇူးပြူ၍လုပ်ပေးကြပါ..ကျေးဇူးတင်ပါတယ်
    http://www.myanmarmobileapp.com/?p=44610

  6. I can’t open all the link. Please tell me how to install mm font for version 7.1.1
    Thanks

  7. I’ve installed Tharlon-Regular.ttf font profile by Thant Thet on my iPhone on iOS8.1. I can see most of the websites in unicode, but at some websites e.g google.com.mm I can only see square blocks. Is there any way to force view unicode font on such websites? If so, pls kindly write a tutorial about it. Thanks!

    1. Tharlon is unicode font and you can’t see who write with zawgyi.

  8. I’m using safari browser

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.