MZ will come soon

MZ မကြာခင်ပြန်လာမှာပါ။ အခုအကုန်လုံး ဝိုင်းဝန်းလှုကြလို့ အဆင်ပြေလာပါပြီ။ grid server နဲ့ vbulletin ကို ကိုမင်းကျော်က စိုက်ဝယ်ပေးထားတယ်။ အလှုငွေနဲ့ အကြွေးပြန်ဆပ်မှာပါ။ အခုဖြစ်နေတဲ့ ပြသနာတစ်ခုကတော့

ကျွန်တော်တို့မှာ ဟိုတစ်ခေါက် DDos နဲ့ တိုက်ခံထိတုန်းက server ခဏ ဖွင့်ပေးတယ်ထင်ပြီး ယူထားတဲ့ backup data တွေရှိတယ်။ အဲဒါကို တင်ရမလားလို့ စဉ်းစားနေတုန်း webhostingpad.com ကနေ data တွေပြန်ရနိုင်ချေရှိတယ်။ သူတို့ ပြန်ပေးမယ်လို့ဆိုတော့ ခဏလောက်စောင့်ကြည့်ရင် ကောင်းမယ်ဆိုပြီး စောင့်နေတာပါ။ ၂ ရက်လောက် စောင့်ကြည့်လိုက်တာပေါ့။ မရရင်တော့ အဟောင်းပဲ ပြန်တင်တာပေါ့။ အခုတော့ အကုန်လုံးအဆင်ပြေအောင် ဝိုင်းဝန်းလှုဒါန်းသူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဆက်လက်ရက်တည်သွားမှာပါ။

3 responses to “MZ will come soon”

  1. MZ ပြန်ရတော့မှာ ဝမ်းသာပါတယ်ဗျာ။ ကျွန်တော်တောင် အလှူငွေထည့်မလို့ ကိုစေတန်ဆီ စောစောလေးကတင် မေးလ်ပို့သေးတယ်။ saturngod@mysteryzillion.com ကိုလေ။ ပို့လို့ မရဘူးဖြစ်နေတယ်။ ဖြစ်နိုင်ရင် ကျနော့်ဆီ မေးလ်ပို့ပါလား ကိုစေတန်။

  2. အခု ရက်ပိုင်းအတွင်းရအောင် ကိုမင်းကျော် ကြိုးစားပေးနေတယ်။ :)

  3. ဒီမနက် MZ ဝင်ကြည့်တာ ဝင်လို့ရ လို့ဝမ်းသာသွားတယ်
    အလူငွေ ကို ပို့ထား တာ ရန်ကုန်မရောက်သေး လို့စေတန် တို့ဆီမရောက်နိုင်သေး ဘူး ထင်ပါတယ် ၊ စက်တင်ဘာ ၃ ရက်နေ့လောက်တော့ ရောက်လာမယ်ထင်တယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading