Microsoft Surface

Microsoft Surface ကို ထွက်ထွက်ခြင်း နေ့မှာ ဝယ်ဖို့ ကြိုးစားခဲ့တယ်။ ဝယ်လို့ရခဲ့ပေမယ့် နောက်နေ့ရောက်တော့ Microsoft Store က မှာထားတဲ့ order ကို cancel လုပ်လိုက်တယ်။ သူတို့မှာ stock ကုန်သွားလို့ဆိုပြီး cancel လုပ်လိုက်တယ်။ အဲတုန်းကတော့ တော်တော် ဒေါသ ထွက်မိသွားတယ်။ တကယ်လို့ stock ကုန်တယ်ဆိုရင်လည်း ဘာလို့ လက်ခံနေသေးလဲ။ order approve ဖြစ်ပြီးမှ cancel လုပ်လိုက်တာကတော့ microsoft ဘက်က ညံ့တယ်လို့ ဆိုရမယ်။ နောက် ၂ ပတ်လောက် စောင့်ပြီးမှ pre order ရတယ်။ Pre Order က march လ ၁ ရက်နေ့မှ စပြီး shipping လုပ်မယ်လို့ ဆိုတယ် ။ မထူးပါဘူးလေဆိုပြီး စောင့်လိုက်တယ်။

US မှာ မတ် ၁ ရက်နေ့ ရောက်တော့ စပြီး shipping လုပ်တယ်။ စနေ ၊ တနင်္ဂနွေ ခံသွားတော့ comgateway က US လိပ်စာကို ၆ ရက်နေ့မှ ရောက်လာတယ်။ Comgateway ကို ရောက်ရောက်ခြင်း DHL Express နဲ့ ship လုပ်လိုက်တယ်။ မနေ့က ၁၁ ရက်နေ့ ရောက်တယ်။ တနည်းပြောရင် US က နေ SG ကို ရောက်ဖို့ ၁၁ ရောက်လောက်တော့ စောင့်လိုက်ရတယ်။

ဈေးနှုန်းက

Surface Pro 128 $999
Limited Edition Surface Touch Cover (Flowers) $129.99
Padded Nylon Sleeve for Microsoft Surface (Pink) $39.99
Comgateway + Shipping + Tax $150

စုစုပေါင်း US $1318.98 ။ Singapore ဆိုရင်တော့ S$1650 – S$1700 ဝန်းကျင်လောက်တော့ ကုန်ကျမယ်။

Surface ရဲ့ Parking ဘူးလေး က တော်တော်လေးကို သေသပ်တယ်။ လုံးဝကို ရိုးရှင်းတယ်။

Surface ဘူးထဲမှာတော့ Surface ၊ Adapter ၊ Pen ပါတယ်။ Adapter မှာ USB အပိုပေါက်ပါတယ်။ surface ကို charge လုပ်ရင်း ဖုန်းကိုပါ charge လုပ်လို့ရတယ်။


iPad နဲ့ ယှဉ်ရင် သိပ်အကြီးကြီးတော့ မဟုတ်ဘူး။ iPad အရွယ်ထက် နည်းနည်းလေးပဲ ကြီးတယ်။

Keyboard ကို ဘူးအကြီးကြီးနဲ့ လာမယ်ထင်ထားတာ တကယ်တန်းတော့ keyboard ကို ဘောင်လေးကွပ် ထားတာပဲ ရှိတယ်။ Keyboard က Touch ကို မှာလိုက်တဲ့ အတွက် ရိုက်ရတာ သိပ် အဆင်မပြေလှဘူး ။ ကတ္တီပါ ပိတ်စပေါ်မှာ လက်ချောင်းတင်ပြီး ရိုက်နေရသလိုပဲ။ ရိုက်လိုက်ရင် ရိုက်လိုက်မိမှန်းတော့ မသိဘူး။

surface ထည့်ဖို့ အိပ်လေးကတော့ သေးသေးလေးပဲ။ ဒါပေမယ့် သေသပ်တယ်။

သူ့ရဲ့ Power cable ကတော့ macbook အတိုင်းပါပဲ။

Surface က tablet လို သုံးလို့ရမယ် ထင်ပေမယ့် တကယ်တန်း သုံးလို့ အဆင်မပြေဘူး။ ဘာကြောင့်လဲ ဆိုတော့ တော်တော်လေးကို ပူလို့ပါ။ လက်မှာ မကိုင်နိုင်လောက် အောင် ပူပါတယ်။ ကြမ်းပြင်မှာ ထိုင်ပြီး power charge လုပ်ထားပြီး သုံးရင် တစ်ခါ တစ်ရံ ဓာတ်လိုက် တတ်ပါသေးတယ်။ ဒါကြောင့် ကြမ်းပြင်မှာ ထိုင်မယ်ဆိုရင် power cable ဖြုတ်ထားတာဖြစ်ဖြစ် ဒါမှမဟုတ် အောက်မှာ အဝတ် တစ်ခုခု ခင်းပြီး ထိုင်သုံးမှ အဆင်ပြေတယ်။

Surface ရဲ့ အလေးချိန် က ၂ ပေါင် ရှိတယ်။ iPad ကတော့ ၁.၅ ပေါင် ရှိတယ်။ သိပ်တော့ အကွာကြီးမဟုတ်ပါဘူး။ လက်ထဲမှာ ကြာကြာတော့ မကိုင်နိုင်ဘူး။ တော်တော်လေးကို ပူလို့ပါ။ touch cover နဲ့ ခံပြီး ကိုင်ရင်တော့ အနည်းငယ် အဆင်ပြေပါတယ်။ Microsoft နောက်ထုတ်မယ့် အထဲမှာ heat ကိစ္စကို ထည့်ပြီး စဉ်းစားသင့်တယ်။ လက်မှာ ကြာကြာကိုင်နိုင်အောင် surface ရဲ့ ကျောဘက်က မပူအောင် လုပ်ထားနိုင်ဖို့လိုတယ်။ ပေါင်ပေါ်မှာ laptop လိုမျိုး သုံးဖို့က အဆင်မပြေဘူး။ သူက ထောက်ဖို့ နေရာ ရှိမှ ထောင်ထားလို့ရတာ။

သူနဲ့ အတူတူပါလာတဲ့ stylus ကတော့ တော်တော် အဆင်ပြေတယ်။ touch မလုပ်ပဲ stylus ရွေ့နေတဲ့ ဘက်ကိုလိုက်ပြီး cursor လေးက လိုက်ပြီး ရွေးပေးတယ်။ ဒါကြောင့် stylus ရွေ့လိုက်တာ ဘယ်နားရောက်ပြီလဲ ဆိုတာကို သိနိုင်တဲ့ အတွက် drawing တွေကတော့ အဆင်ပြေတယ်။

128 GB ဆိုပေမယ့် စုစု ပေါင်း 89.4 GB ပဲ free ပါတယ်။

သူနဲ့ ယှဉ်ရင် Dell ကထုတ်တဲ့ XPS 12 Ultrabook လေးက မဆိုးဘူး။ Scree size ကြီးတာ ရယ် နည်းနည်း ပိုလေးတာရယ်ကြောင့် surface လောက် portable မဖြစ်ပေမယ့် surface ထက် ပိုကောင်းတယ်လို့ ဆိုရမယ်။ သို့ပေမယ့် သူ့မှာ stylus မပါတဲ့ အတွက် writing အတွက်တော့ နည်းနည်းတော့ အဆင်မပြေတာကလွဲရင် ပိုကောင်းတယ်လို့ ဆိုနိုင်တယ်။ Surface ရဲ့ Shutdown ကတော့ 2 seconds ပဲ ကြာပြီး boot ကတော့ 5 seconds လောက်ပဲ ကြာပါတယ်။ Portable နဲ့ Size သေးသေးလေးတွေ သဘောကျတဲ့ သူတွေ အတွက် Windows 8 surface Pro 128 GB က ပိုသင့်တော်ပါတယ်။

1 Comment

  1. အား ……….
    လိုတော့ လိုချင်တယ်
    ကျွန်တော့်ကောင်မလေး ကို ဝယ်ပေးချင်နေတာ ကြာပြီ။
    ဒါပေမယ့် နောက်ဘာထွက်လာဦးမလဲ မသိတော့ စောင့်ကြည့်ဦးမယ် ဟီး

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.