iOS Bootcamp , Yangon , Registration completed

သောကြာနေ့က register လုပ်တာကို website မှာ ပိတ်ပြီးတော့ စနေ နေ့မှာ လူ စာရင်းကို အကြမ်းပြုစု ကြည့်ပါတယ်။ Register လုပ်ထားသူပေါင်း ၂၁ ယောက် ရှိပါတယ်။ ၈ ယောက် ကတော့ macbook ရှိပြီးတော့ အဲဒီ ၈ ယောက်မှာ ၁ ယောက်က programming အခြေခံ မရှိပါဘူး။ အဲဒီ ၂၁ ယောက်ထဲမှာ ဒီလို မျိုး လူ ရွေးချယ်ပြီးတော့ email ပို့ထားပါတယ်။

၁။ macbook ရှိပြီးတော့ Programming တတ်သူ
၂။ macbook မရှိသော်လည်း Objective-C တတ်ထားသူ ( ရုံးတွင် လေ့လာသူ ဖြစ်ပါလိမ့်မည် ။ register လုပ်ထားတဲ့ သူ ၂ ယောက် ရှိပါတယ် )
၃။ C , C++ နှင့် Java တတ်ထားပြီး MVC နှင့် OOP ကို နားလည် ထားသူ

စသည်ဖြင့် ကျွန်တော် ရွေးချယ်ပြီး email ပို့ထားပါတယ်။ macbook မရှိတဲ့ သူတွေ အတွက် macbook ငှားပြီး လာဖို့လိုပါတယ်။

approve လုပ်ထားတဲ့ macbook မရှိတဲ့ လူ ၅ ယောက်မှာ ၁ ယောက်ကတော့ ခရီး သွားမှာ ဖြစ်လို့ မလာဖြစ်ကြောင်း email ပြန်ထားတဲ့အတွက် စုစုပေါင်း ၁၁ ယောက်ပဲ ရှိပါလိမ့်မယ်။ အခု အချိန်ထိတော့ confirm လုပ်တာ ၂ ယောက်ပဲ ရှိပါသေးတယ်။

တကယ်လို့ သင် register လုပ်ထားပြီး approve ရတယ်ဆိုရင် confirm လေး reply ပြန်ပေးပါ။ Revo Tech က ကိုမျိုးကျော် ပြင်ဆင် စရာတွေ ရှိတာ ပြင်ဆင်ထားလို့ ရအောင် လူစာရင်း အတိအကျ လိုအပ်လို့ပါ။

နောက်ပြီး ပွဲ အတွက် ကို ဝင်းလှိုင်ထွန်း က လိုအပ်တာတွေကို ကူညီဖို့ နောက်ပြီး question တွေကို ဖြေကြားဖို့ ကူညီပေးမယ်လို့ ဆိုထားသလို မသင်ဇင်နွယ်က instructor အနေဖြင့် ကူညီပေးမယ်လို့ ဆိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading