iOS Bootcamp , Yangon , Registration completed

သောကြာနေ့က register လုပ်တာကို website မှာ ပိတ်ပြီးတော့ စနေ နေ့မှာ လူ စာရင်းကို အကြမ်းပြုစု ကြည့်ပါတယ်။ Register လုပ်ထားသူပေါင်း ၂၁ ယောက် ရှိပါတယ်။ ၈ ယောက် ကတော့ macbook ရှိပြီးတော့ အဲဒီ ၈ ယောက်မှာ ၁ ယောက်က programming အခြေခံ မရှိပါဘူး။ အဲဒီ ၂၁ ယောက်ထဲမှာ ဒီလို မျိုး လူ ရွေးချယ်ပြီးတော့ email ပို့ထားပါတယ်။

၁။ macbook ရှိပြီးတော့ Programming တတ်သူ
၂။ macbook မရှိသော်လည်း Objective-C တတ်ထားသူ ( ရုံးတွင် လေ့လာသူ ဖြစ်ပါလိမ့်မည် ။ register လုပ်ထားတဲ့ သူ ၂ ယောက် ရှိပါတယ် )
၃။ C , C++ နှင့် Java တတ်ထားပြီး MVC နှင့် OOP ကို နားလည် ထားသူ

စသည်ဖြင့် ကျွန်တော် ရွေးချယ်ပြီး email ပို့ထားပါတယ်။ macbook မရှိတဲ့ သူတွေ အတွက် macbook ငှားပြီး လာဖို့လိုပါတယ်။

approve လုပ်ထားတဲ့ macbook မရှိတဲ့ လူ ၅ ယောက်မှာ ၁ ယောက်ကတော့ ခရီး သွားမှာ ဖြစ်လို့ မလာဖြစ်ကြောင်း email ပြန်ထားတဲ့အတွက် စုစုပေါင်း ၁၁ ယောက်ပဲ ရှိပါလိမ့်မယ်။ အခု အချိန်ထိတော့ confirm လုပ်တာ ၂ ယောက်ပဲ ရှိပါသေးတယ်။

တကယ်လို့ သင် register လုပ်ထားပြီး approve ရတယ်ဆိုရင် confirm လေး reply ပြန်ပေးပါ။ Revo Tech က ကိုမျိုးကျော် ပြင်ဆင် စရာတွေ ရှိတာ ပြင်ဆင်ထားလို့ ရအောင် လူစာရင်း အတိအကျ လိုအပ်လို့ပါ။

နောက်ပြီး ပွဲ အတွက် ကို ဝင်းလှိုင်ထွန်း က လိုအပ်တာတွေကို ကူညီဖို့ နောက်ပြီး question တွေကို ဖြေကြားဖို့ ကူညီပေးမယ်လို့ ဆိုထားသလို မသင်ဇင်နွယ်က instructor အနေဖြင့် ကူညီပေးမယ်လို့ ဆိုပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.