iOS Bootcamp

ကျွန်တော်တို့တွေ iOS Bootcamp ကို အခု လာမယ့် မတ် လ ၂၃ နဲ့ ၂၄ ရက်နေ့မှ လုပ်ဖို့ ရှိပါတယ်။ နေရာကတော့ လက်ရှိ Revo Tech မှာပဲ လုပ်ဖို့ စီစဉ်ထားပါတယ်။ လူ ၁၂ ယောက် ပဲ ကျွန်တော်တို့ သင်ပေးမှာပါ။ အဓိက အခက်အခဲတွေကတော့ နေရာ အခက်အခဲ အချို့နဲ့ သင်ကြားပေးမယ့်သူပါပဲ။ လူ ၃ ယောက်ပဲ ရှိတဲ့ အတွက် ရှေ့က သင်နေရင် နောက်က မသိလိုက်တာတွေကို ပြန်ရှင်းဖို့ နောက်ပြီး error တက်နေတာတွေ ပြန်ရှင်းပေးဖို့အတွက် လူ ၂ ယောက်လောက်ပဲ ရှိပါတယ်။ ဒါကြောင့် လူ ၁၂ ယောက် သီးသန့် ပဲ သင်ပါမယ်။

ကျွန်တော်တို့တွေ for loop တို့ if condition တို့ နောက်ပြီး class ဆိုတာဘာလည်း Object ဆိုတာ ဘာလဲ တွေ မသင်ပါဘူး။ Programming အခြေခံ နဲ့ OOP အခြေခံ တို့ကို မသင်တော့ပါဘူး။ ပထမ ၁ ရက်မှာ MVC နဲ့ ဘယ်လို အလုပ်လုပ်တယ်။ Objective-C ဆိုတာ ဘာ ။ Xcode ဆိုတာ ဘာလဲ။ iOS Controls တွေကို ဘယ်လို သုံးရလဲ ဆိုတာကို သင်ပြီးတော့ ဒုတိယ ရက်မှာတော့ app ၂ ခု လောက် အတူတူ ရေးဖို့ စီစဉ်ထားပါတယ်။

တကယ်လို့ iOS Bootcamp ကို စိတ်ဝင်စားပြီး Programming နဲ့ OOP အခြေံ ရှိပြီး ရန်ကုန် မှာနေထိုင် တဲ့ သူတွေ အနေနဲ့ http://www.comquas.com/iosbootcamp/ မှာ သွားရောက်ပြီး Register လုပ်နိုင်ပါတယ်။ ကျွန်တော်တို့တွေ review လုပ်ပြီးသွားရင် တက်ရောက်နိုင်မယ့် သူတွေ ကို အကြောင်း ပြန်ပေးပါမယ်။

Bootcamp မှာ ကျွန်တော်တို့ကို ကူညီချင်တဲ့ ရန်ကုန်က iOS developer တွေကိုလည်း ဖိတ်ခေါ်ပါတယ်။

Update: နေရာ အပြောင်း အလဲ ရှိနိုင်သည်။ Revo Tech သို့မဟုတ် MICT Park တွင် ဖြစ်လိမ့်မည်။

3 Comments

  1. sitt aung says:

    ကိုစေတန် … ရိုးရိုး PC မှာ LION OS တင်ပြီး IOS sdk သွင်းပြီး IOS Application ရေးလို့ရပါသလား … ကျွန်တော်က မရဘူးလို့ထင်တယ် .. Mac Book ရှိမှ ရေးလို့ရတာ မဟုတ်လား ကိုစေတန် .. VM Ware မှာ LION OS တင်ပြီးတော့ ရေးလို့ရတယ်လို့ပြောလို့ပါ … ဟုတ်ပါသလား .. :)
    sorry for Zawgyi font :)

    1. saturngod says:

      yes , you can do with VMWare but very slow. You need to patient a lot. Most of the people recomend , “Hackintosh sandy bridge i7”. You can check http://nofilmschool.com/build-a-hackintosh/ but you need to give your time a lot.

      1. sitt aung says:

        Thank alot ကိုစေတန် :)

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.