2020 ကို ပြန်ကြည့်လိုက်ရင် ဘာမှ​ အားရကျေနပ်စရာမရှိပါဘူး။ အိမ်မှာ နေတာနဲ့ အချိန်ကုန်သွားတယ်။

SE 2020 ပွဲမှာ ကူပေးခဲ့တာတော့ သဘောကျပါတယ်။ ၂၀၂၀ မှာ လုပ်ဖြစ်ခဲ့တာက

  • Database basic စာအုပ်ရေးဖြစ်တယ်။
  • စာအုပ် ၁ အုပ်မှ မဖတ်ဖြစ်ဘူး။ ဒါပေမယ့် ဝယ်ထားသည့် စာအုပ်တွေကတော့ အများကြီးပဲ။
  • Wonder Woman 1984 ရုပ်ရှင်ကားပဲ ကြည့်ဖြစ်လိုက်တယ်။ Work From Home ဖြစ်သွားလို့ ရုပ်ရှင်ကား ကြည့်ဖို့ သပ်သပ် အချိန်မပေးဖြစ်တာနဲ့ မကြည့်ဖြစ်တော့ဘူး။
  • ကလေးတွေနဲ့ အချိန် ပိုကုန်ဖြစ်တယ်။ သူတို့ နဲ့ ရှိသည့် အချိန်ဆိုရင် ဖုန်းကို ပိတ်ထားပြီး ဖုန်းလာရင်လည်း မကိုင်ဖြစ်တော့ဘူး။ တနေကုန်လုံး အိမ်မှာရှိနေပေမယ့် ညဘက် အချိန်လေးပဲ​ကလေးတွေ နဲ့ နေရတယ်။
  • မနက် ၅ ည ၅ အလုပ်ချိန် ပြောင်းတာ မအောင်မြင်ဘူး။
  • Flutter ကို production level ထိ ပြောင်းသုံးဖြစ်တယ်။
  • React JS ကို hook ပြောင်းပြီးနောက်ပိုင်း တော်တော်ကြိုက်သွားတယ်။​ ရိုးရှင်းလွယ်ကူတယ်။ ရေးရတာ အရင်ကလို မဟုတ်တော့ဘူး။ PHP ရေးသလို တသားတည်း ဖြစ်လာတယ်။
  • Swift UI ကို လေ့လာဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။
  • Code ရေးဖို့ အချိန် မရှိသလောက်ပဲ။
  • Youtube channel လုပ်ဖြစ်တယ်။ 2.27 K subscriber ရှိလာတယ်။
  • Tara.ai ကို ပြောင်းသုံးတယ်။
  • ခိုးသုံး software မရှိသလောက်ပဲ။ Design အတွက် Sketch အစား Adobe XD ကို ပြောင်းသုံးဖြစ်တယ်။
  • Work From Home က လုံးဝ အဆင်မပြေဘူး။ Developer အားလုံးဟာ senior တွေပဲ ဖြစ်မှ အဆင်ပြေလိမ့်မယ်။
  • လုပ်သင့်တယ်ထင်တာတွေ လုပ်ခဲ့တာ များတယ်။
  • ယုံကြည်ပြီး စိတ်ရှည်ရှည် နဲ့ စောင့်ခဲ့သည့် client တွေ ကျွန်အတော် လခ တွေ ပေးရတာ အဆင်မပြေမှာ ဆိုးလို့ ဆိုပြီး အလုပ်မပြီး ခင် ကြိုလွှဲခဲ့သည့် client တွေကို ကျေးဇူးတင်ပါတယ်။

၂၀၂၁ မှာတော့ covid ပြီးသွားဖို့ပဲ မျှော်လင့်တယ်။ ၄ နှစ်လောက် လုပ်သင့်တယ် ထင်တာတွေ လုပ်ခဲ့ပြီးပြီ ဆိုတော့ ကိုယ့်ဘာသာကိုယ် ပျော်အောင်နေပြီး လုပ်ချင်တာတွေပဲ​ စလုပ်တော့မယ် လို့ ဆုံးဖြတ်ထားတယ်။

၂၀၂၀ မှာ ချထားသည့် plan တွေ တစ်ခုမှ မအောင်မြင်ခဲ့ဘူး။ ၂၀၂၁ မှာ တော့ ဘာ plan မှ မချတော့ဘူး။ ၁ လ plan တွေပဲ လုပ်ပြီး ဘာတွေ လုပ်မယ် ဆိုတာ ဆုံးဖြတ်တော့မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading