Steve Jobs စာအုပ်ကို Nook STR နဲ့ ဖတ်ဖြစ်တယ်။ Nook STR က စာဖတ်လို့ တော်တော်ကောင်းတာတော့ အမှန်ပဲ။ စာအုပ်တစ်အုပ်လုံး ခြုံကြည့်ရင်တော့ စာအုပ်ကောင်း တစ်အုပ်ပါ။ တစ်ချို့ အချက်လေးတွေ သဘောမကျစရာ ပါတယ်။ နည်းပညာနဲ့ ပတ်သက်ပြီး သေချာမပါဝင်ပေမယ့် Steve Jobs အကြောင်းကိုတော့ ပြည့်ပြည့်စုံစုံ ပါဝင် ပါတယ်။

စာအုပ်ထဲမှာကတော့ Steve Jobs စမွေးတဲ့ အကြောင်းကနေ ကင်ဆာဖြစ်ပြီး အနားယူလိုက်တဲ့ အထိ ပါဝင်ပါတယ်။ ငယ်စဉ် ဘဝအကြောင်းကို ဖတ်မိရင်တော့ Pirate Of the Silicon Vally မှာ Steve Jobs က ဘာကြောင့် ဒီလောက် ဆိုးရသလဲဆိုတာကို နားလည်လို့ နည်းနည်းလေး ရလာတယ်။ Apple မတိုင်ခင်မှာ HP မှာ အလုပ်လုပ်ခဲ့တာတွေ ၊ နောက်ပြီးတော့ အိန္ဒိယ သွားခဲ့တာတွေ အပြင် ဘာကြောင့် ဗုဒ္ဒဘာသာ ပြောင်းသွားတာတွေ အစ ပါဝင်ပါတယ်။

Apple တည်ထောင်ပြီးနောက်ပိုင်းမှာလည်း ဘယ်လို အောင်မြင်မှု ရအောင် လုပ်ခဲ့တယ်။ နောက်ပြီး mouse ကို ဘယ်လို ဖန်တီးခဲ့တယ်ဆိုတာတွေက ဖတ်လို့ ကောင်းပါတယ်။ သူတို့တွေ Xerox PARC က သူတို့ idea ရခဲ့ပေမယ့် Apple က ဘယ်လို ပြန်ပြင်ခဲ့လည်း ဆိုတာတွေက ဗဟုသုတ ရပါတယ်။ စာအုပ်ထဲက အတိုင်းဆိုရင်တော့ Steve Jobs လက်အောက်မှာ အလုပ်လုပ်ရတာ တော်တော်လေးကို ခက်ပါတယ်။ Steve Jobs က ကိုယ်တိုင် မဖန်တီးနိုင်ပေမယ့် ဖန်တီးနိုင်တဲ့သူတွေကို ငှားတတ်ပါတယ်။ Art of Start မှာ ပြောထားသလို ကိုယ့်ထက် တော်တဲ့ သူတွေကိုပဲ ခန့်ထားတယ်ဆိုတာ မှန်ပါလိမ့်မယ်။ A သမားက B သမားကို အလုပ်ခန့်တယ်။ B သမားက C သမားကို ထပ်ခန့်တယ်။ နောက်ဆုံး ကိုယ့် ဆီမှာ Z သမားတွေပဲ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ဝန်ထမ်းခန့်တဲ့ အခါမှာ ကိုယ့်ထက်တော်တဲ့ လူကို ရှာခန့်ပါလို့ Steve Jobs အကြံပေးထားတယ်ဆိုတာကို Art of Start မှာ ပါပါတယ်။

Apple ကနေ ထွက်ပြီး Next စတည်ထောင်တဲ့ အပိုင်းက ပျင်းဖို့ ကောင်းပေမယ့် Pixar ကို ဝယ်ပြီး CEO လုပ်တဲ့ အခန်းတွေကတော့ တော်တော်လေးကို သဘောကျတယ်။ နောက်ပြီး Disney ကို ရောင်းပြီး Pixar ကနေ Toy Story ထွက်လာအောင် Bug Life ကာတွန်းကားတွေ ထွက်လာအောင် ဖန်တီး အကြံဉာဏ်ပေးတဲ့ အပိုင်းတွေလည်း ပါဝင်တယ်။ နောက်ပြီး လူပြော သိပ်မများတဲ့ သူ့သမီး Lisa အကြောင်း သူ့ မိန်းမ အကြောင်း စတာတွေလည်း ပါဝင်ပါတယ်။

iPhone မတိုင်ခင် Tablet စလုပ်ခဲ့တဲ့ အကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။ နောက်ပြီး Tablet မတိုင်ခင်မှာ Netbook ကို လုပ်ဖို့ ကြိုးစားတယ်ဆိုတဲ့ အကြောင်းလည်း ပါပါတယ်။ တနည်းပြောရင် rumors တွေ တော်တော်များများက မှန်တယ် ဆိုတာကို တွေ့ရတယ်။ iPad မထွက်ခင်မှာ netbook ထွက်မယ်ဆိုပြီး သတင်းထွက်တာကိုတောင် ပြန်ပြီး သတိရမိတယ်။ စာအုပ်ကတော့ တော်တော်လေးကို ဖတ်လို့ ကောင်းပါတယ်။ အချိန်ပေးပြီးတော့ အေးဆေး ထိုင်ဖတ်လို့ တော်တော်ကောင်းတဲ့ စာအုပ်ပါ။

ကိုယ်မကြားဘူးတဲ့ သူအကြောင်းတွေ အနည်းအများ ပါဝင်တတ်ပြီး အဲဒီ အချိန်မှာ ဖတ်ရတာ နည်းနည်း ပျင်းဖို့ ကောင်းတယ်။ တကယ်လို့ နည်းပညာ သမားတစ်ယောက် Apple ကို ရူးသွပ်တဲ့ သူတစ်ယောက်ဆိုရင်တော့ ကျွန်တော် မပြောခင် ကတည်း ဖတ်ပြီးသွားလောက်ပြီလို့ ထင်ပါတယ်။

5 responses to “Steve Jobs”

  1. Share that book with us, bro! ;-)

  2. Hello! Bro, Don’t misunderstand me! I think that your wp site comments process doesn’t work properly. It can make history for comments of the content!. Share for your success!

  3. @Aung Kyaw MIn (fb comment)

    It have over 600 pages. I can’t now :(

    @friday

    You can find a book easily at http://www.filestube.com/.

  4. အရမ်းကြိုက်တဲ့ စာအုပ်ပဲ။ print ကို ဝယ်သိမ်းထားလိုက်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.