The Pragmatic Programmer

The Pragmatic Programmer ဆိုတဲ့ စာအုပ်ကို ပြီးခဲ့တဲ့ အပတ် က မှ ဖတ်လို့ ပြီးသွားတယ်။ စာအုပ်ဖတ်နေရင်းနဲ့ ဒီစာအုပ်ကို အလုပ်စလုပ်တဲ့ အချိန်လောက်က ဖတ်ထားမိခဲ့ရင် ကောင်းမှာပဲ ဆိုပြီး တွေးမိတယ်။ စာအုပ်ထဲက အချက် တော်တော်များများကတော့ အလုပ်လုပ်တာ ၈ နှစ် ဝန်းကျင်လောက် ရှိလာတဲ့ အခါ စာအုပ်ထဲက အချက်အလက် တော်တော်များများက အလုပ်ကနေ တဆင့် သင်ပြီးလို့ လက်တွေ့ လုပ်ခဲ့တာတွေ များတယ်။ သို့ပေမယ့် လိုအပ်လို့တာ လုပ်ခဲ့ပေမယ့် ဘယ်လောက် အရေးပါတယ်။ ဘာကြောင့် လုပ်သင့်သလဲ ဆိုတာ ကောင်းကောင်းမသိဘူး။ ဒီစာအုပ်ဖတ်ရင်းနဲ့ မှ အသုံးဝင်ပုံတွေကို သဘောပေါက်လာတယ်။

cover

တစ်အုပ်လုံးကတော့ ဖတ်ရတာ မဆိုးဘူး။ အထူးသဖြင့် ကျွန်တော်နဲ့ မရင်းနှီးလှတဲ့ testing အပိုင်းတွေက ကျွန်တော့် အတွက် အတော့်ကို အကျိုးရှိတယ်။ တကယ်လို့ Programming နဲ့ အလုပ်လုပ်နေတယ်။ ဒါမှမဟုတ် အခုတလောမှ ကျောင်းပြီးထားတယ်ဆိုရင်တော့ မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ် တစ်အုပ်ပါ။

အထဲမှာ ပါတဲ့ စာ အချို့ကို ကောက်နှုတ်ပြရရင်တော့

Avoid global data. Every time your code references global data, it ties itself into the other components that share that data.

Be careful with singletons—they can also lead to unnecessary linkage.

As developers, we also work in minefields. There are hundreds of traps just waiting to catch us each day. Remembering the soldier’s tale, we should be wary of drawing false conclusions.

At the very beginning of a project, you’ll need to determine the requirements. Simply listening to users is not enough

Quality is a team issue. The most diligent developer placed on a team that just doesn’t care will find it difficult to maintain the enthusiasm needed to fix niggling problems.

ကျွန်တော့် အကြိုက်ဆုံး စာပိုဒ်ကတော့

Most developers hate testing. They tend to test gently, subconsciously knowing where the code will break and avoiding the weak spots. Pragmatic Programmers are different. We are driven to find our bugs now, so we don’t have to endure the shame of others finding our bugs later.

ကျောင်းသားပဲ ဖြစ်ဖြစ် အခုမှ လုပ်ငန်းဝင်တဲ့ သူပဲ ဖြစ်ဖြစ် ဖတ်ထားတဲ့ အခါ တကယ့် လုပ်ငန်းခွင်ထဲမှာ အသုံးဝင်တာတွေ အများကြီးပါတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ လုပ်သက်ရှိတဲ့ သူတွေ အနေနဲ့လည်း အဲဒီတုန်းက လုပ်ခဲ့တာ မှန်းလား မှားလား စသည် ဖြင့် ချိန်ဆ နိုင်အောင် ရေးထားတဲ့ စာအုပ်ကောင်းတစ်ခုပါ။

5 responses to “The Pragmatic Programmer”

  1. အင်း… လွန်ခဲ့သော ၈ နှစ်က ဖတ်ခဲ့မိရင် ကောင်းတယ်လို့လည်း ပြောရခက်ပါတယ် အဲအချိန်ကဖတ်ခဲ့ရင် တကယ်တမ်း နားလည်မှာမဟုတ်ဘူး တက္ကသိုလ်မှာ SE သင်သလိုပဲ နားလည်သယောင်ယောင် စိတ်ကူးတွေယဉ်ပြီး အလုပ်ထဲမှာ ပေါက်ကရတွေလုပ်လို့ အားရတဲ့အချိန်မှ ပြန်ဖတ်မှပဲ ကိုယ်နားလည်တယ် ထင်ခဲ့တာတွေက သောက်တလွဲဖြစ်နေမှန်း နားလည်တာမျိုးတွေ ?

    1. ဟုတ်ပါ့ဗျာ။ လွန်ခဲ့တဲ့ ၈ နှစ်ကဆိုရင်တော့ နားလည်ဖို့ ခက်မှာတော့ အမှန်ပဲဗျ။

  2. ကို Saturngod နဲ့ ကို Calm Hill တို့က ကွျှန်တော့်ရဲ့ သင်ဆရာ၊မြင်ဆရာတွေပါခင်ဗျာ။ကို Saturngod က ကွျှန်တော်အရမ်းအားကျတဲ့ IT သမားတစ်ယောက်ပါ။အကို့ကြောင့်ဘဲ ကွျှန်တော် IT ပိုင်းကိုလုပ်ဖြစ်တာပါ။MZ ရဲ့ founder အနေနဲ့ကော..ဘာမဆိုသိနေတဲ့အတွက်ကောအရမ်းအားကျနေခဲ့တာပါ။အကို့ရဲ့ Ornagai ကလဲအရမ်းအဆင်ပြေပါတယ်ခင်ဗျာ။စကာင်္ပူမှာ အလုပ်လုပ်နေတာဆိုတော့အားလပ်ချိန်နည်းနေမှာသိပေမယ့် အချိန်ရခဲ့ရင် ကွျှန်တော်တို့လို beginner တွေအတွက် web နဲ့ဆိုင်တဲ့ tutorials လေးတွေလုပ်ပေးစေချင်ပါတယ်ခင်ဗျာ။

  3. Aye Chan Maung @ Ko Chan Avatar
    Aye Chan Maung @ Ko Chan

    sir book link please

    1. try to search in google like The Pragmatic Programmer ebook-dl

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.